@myanmar_now: စပိန်မှာ မြန်နှုန်းမြင့်ရထားနှစ်စီး တိုက်မိပြီး လူ ၆၈ ဦးထက်မနည်း သေဆုံး ဥရောပနိုင်ငံတခုဖြစ်တဲ့ စပိန်မှာ မြန်နှုန်းမြင့်ရထားနှစ်စီး တိုက်မိခဲ့တာကြောင့် လူ ၆၈ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီရထားတိုက်မှုဟာ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက စပိန်နိုင်ငံအလယ်ပိုင်း တိုလီဒို ပြည်နယ်၊ အာဒါမြို့အနီးမှာ ဖြစ်ပွားခဲ့တာပါ။ မြို့တော်မက်ဒရစ်ကနေ စပိန်နိုင်ငံတောင်ပိုင်း ဆီဗီးလ်မြို့ကို သွားတဲ့ ရထားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရထားနှစ်စီးပေါ်မှာ ခရီးသည်နဲ့ ဝန်ထမ်း စုစုပေါင်း ၅၄၄ ဦး လိုက်ပါလာခဲ့ပါတယ်။ မတော်တဆမှုဖြစ်ပွားချိန်မှာ ပုဂ္ဂလိက Iryo ကုမ္ပဏီပိုင် မြန်နှုန်းမြင့် ရထားတစီးဟာ ရထားလမ်းပေါ်မှာ ရပ်နေခဲ့ပါတယ်။ အဲဒီနောက် နောက်ကလိုက်လာတဲ့ အစိုးရပိုင် Renfe ကုမ္ပဏီရဲ့ မြန်နှုန်းမြင့်ရထားက ရပ်နေတဲ့ ရထားရဲ့ နောက်ပိုင်းကို အရှိန်နဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်မိတဲ့အားကြောင့် ရထားတွဲအချို့ လမ်းချော်သွားခဲ့ပြီး ရထားတွဲအစိတ်အပိုင်းတွေဟာ ရထားလမ်းဘေးမှာ ပြန့်ကျဲသွားခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက ပျက်စီးနေတဲ့ ရထားတွဲတွေအတွင်း ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ခဲ့ကြပြီး ဒဏ်ရာရသူတွေကို ဆေးရုံတွေဆီ ပို့ဆောင်ခဲ့ကြပါတယ်။ ဒီမတော်တဆမှုမှာ လူ ၆၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြား ရှိခဲ့ပါတယ်။ ရထားတိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပေမဲ့ ကနဦးတွေ့ရှိချက်တွေအရ ရထားအချက်ပြနဲ့လုံခြုံရေးစနစ် ချို့ယွင်းမှုတခု ဖြစ်ပွားခဲ့တယ်လို့ စပိန်အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီစနစ်ချို့ယွင်းမှုကြောင့် ရထားအချို့ ရပ်တန့်ခဲ့ရပေမဲ့ မက်ဒရစ်မြို့က ရထားထိန်းချုပ်ရေးဌာနက ရထားတစီးကို ခရီးဆက်ဖို့ ညွှန်ကြားခဲ့ရာကနေ အခုလို တိုက်မိခဲ့တာလို့ ပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် (Pedro Sánchez) က ဒီဖြစ်ရပ်အတွက် နိုင်ငံတဝန်း သုံးရက်ကြာဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။ စပိန်နိုင်ငံမှာ ဒီနှစ်အတွင်း လူသေဆုံးမှုများပြားတဲ့ မြန်နှုန်းမြင့်ရထားတိုက်မှု ဖြစ်ပွားတာ ဒုတိယအကြိမ် ရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စပိန်နိုင်ငံတောင်ပိုင်းမှာ မြန်နှုန်းမြင့်ရထားနှစ်စီး တိုက်မိခဲ့ပြီး လူ ၄၆ ဦးသေဆုံးခဲ့ပါတယ်။ အခုလို ကိုးလအတွင်း ရထားတိုက်မှုကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့တာကြောင့် ဥရောပမှာအကြီးဆုံး မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်ရှိတဲ့ စပိန်နိုင်ငံရဲ့ ရထားပို့ဆောင်ရေးလုံခြုံမှုအပေါ် စိုးရိမ်မှုတွေမြင့်တက်လာနေပါတယ်။ #MyanmarNow #Spain #TrainCrash #InternationalNews
Myanmar Now
Region: TH
Thursday 29 October 2026 10:20:09 GMT
Music
Download
Comments
Wang Yi Chang :
ဒါကြောင့်မြန်မာမာ မြန်မာမာ မြန်နှုန်းမြင့်ရထား။မထားတာ
2026-10-29 11:02:42
411
Kokung Min :
မြန်မာရထားနှေးတယ်ပြောတဲ့သူတွေကြည့်ကြ
2026-10-29 11:33:50
93
Kaung Xtet :
သတင်းမြင်မြင်ချင်း ရထားစီးရင်ရှေ့ဆုံးအတွဲတွေမှာမစီးပဲ နောက်ဆုံးအတွဲမှာစီးမယ် လို့တွေးလိုက်တာ အခုတော့နောက်ကနေတိုက်တာတဲ့😑
2026-10-29 12:14:38
61
thansoe9799 :
No auto will be so in the world..and must be careful.
2026-10-29 12:22:39
0
winthwe94 :
ခေတ် ကြီးက တအား တိုးတတ်တာလဲမကောင်းဘူး ပျက်စီးမှုက တိုးတတ်လာတာနဲ့အမျှ ပြန်ဖြစ်ကြတာပဲ
2026-10-29 11:47:42
14
T🦋 M🦋 T🦋 :
ဘယ်လိုတွေတောင်မောင်းကြတာလဲ
2026-10-29 12:00:17
2
kyaw myint :
ယာဥ်မြန်ရင် အရောက်မြန်ရေးထက် ဘဝကူးပိုမြန်တယ်။
2026-10-29 12:23:16
3
koko zin :
မြန်မာရထား အန္တရာယ်ကင်းတယ်
ဖြေးဖြေးမှန်မှန်ဖဲ ကောင်းတယ်
2026-10-29 12:28:12
1
Hnin :
ခုရက်ပိုင်းကြားသမျှက စိတ်မကောင်းစရာတွေပဲ
2026-10-29 11:37:56
13
MgAyeChan :
အဲကြောင့်မြန်မာက မဝယ်တာနေမယ်
2026-10-29 12:18:45
1
BANG BANG :
စပိန်က ခနခနရထားမှောက်လိုက် တိုက်လိုက်နဲ့
2026-10-29 11:59:26
1
KhunSa Nay :
ဆုပ်ကပ်ကာလရောက်နေပြီထင်ပါတယ်
2026-10-29 12:23:18
0
Ko Ko :
ဒုတ်ခပါဘဲလာဗျာ
2026-10-29 11:47:16
1
Recap Star :
အမြန်ရထားဆိုတော့ တိုက်မိတဲ့အရှိန်က မတွေးရဲစရာ
2026-10-29 12:53:33
1
soe kyaw :
တိုက်မယ်သိသိနဲ့ကယ်တင်ရှင်တွေကမကယ်ကြဘူးလား
2026-10-29 12:13:15
2
user1395408009690 :
မြန်မာနိုင်ငံက ရထားတွေ ဖြေးဖြေးမှန်မှန်မောင်းတော့ အန္တရာယ်ကင်းပါတယ်/သူများနိုင်ငံတွေကို အထင်ကြီးနေတဲ့သူတွေ သိဘို့ပါ
2026-10-29 11:52:42
2
KyawZaww👷🏻♂️ :
Wow ဒီနိုင်ငံတွေကလည်း ဖြစ်တေးတာပဲ😳
2026-10-29 11:53:31
0
ZaiZailaawng :
😳😳။😭😭
2026-10-29 11:03:18
0
H♍ :
ငါသိချင်တာကကွာ သူ့ဟာသူ သူ့ပြေးလမ်းအတိုင်းပြေးနေတဲ့ရထားနှစ်စင်းက တိုက်မယ့်တိုက်ဝော့ာလဲတကယ်ကြီးကို တိုက်သွားဝာပါလား မျက်နာချင်းဆိုင် နေရင်ဝောာင် အဝေးကြီးကို🥺
2026-10-29 11:44:30
7
𝓚𝓪𝓾𝓷𝓰 & 𝓝𝓰𝓮 :
ကျေးဇူးတင်ဘာ တယ် မမ ကို
2026-10-29 12:51:56
0
Zawminmin :
😳
2026-10-29 12:57:07
0
Bawm Chang :
လမ်းကြောင်းရှင်း လူကြီးတွေမှားတာပါ
2026-10-29 13:01:49
0
W :
ဟုတ်တယ်အဲလမ်းက လူစားတယ် နတ်ကြီးတယ်
2026-10-29 13:02:54
0
💜 May Myo Thu 💜 :
အမလေး ဘုရားဘုရား
ခုရက်ပိုင်း သတင်းတွေကြားရတာ
စိတ်မကောင်းစရာတွေကြည့်ပါပဲလား🥺
2026-10-29 13:00:59
0
Daw Khaing :
မဂ်လာပါအာလုံးဘေကင်ကြပါစေ
2026-10-29 12:56:53
0
To see more videos from user @myanmar_now, please go to the Tikwm
homepage.