@min.khant.thu117: 🗣️ ❝ မက်ဇ် ဒေါင်းမန်းကို ဖြတ်ထုတ်ခဲ့တဲ့ပုံစံက သန့်ရှင်းမျှတပါတယ် ❞ ဖလိဝုဒ်ဂိုးသမား ဂျေး လင့်ခ်ျက မက်‌ဇ် ဒေါင်းမန်း အနီကဒ်ထိခဲ့တဲ့ ဖြစ်ရပ်မှာ သူ့အသင်းဖော် ဖြတ်ထုတ်ခဲ့တဲ့ပုံစံက သန့်ရှင်းမျှတတယ်လို့ ကာကွယ်ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ ဖလိဝုဒ်ကွင်းလယ်လူ ဟာရစ်ဆင် နီးလ်က ဟေးအန့် အကယ်ဒမီထွက် ကြယ်ပွင့်လေးကို ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက်ဖြုတ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အခန့်မသင့် ဖြစ်သွားခဲ့ရင် ကစားသမားဘဝ ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်လောက်တဲ့ ဒဏ်ရာမျိုး ရသွားနိုင်တဲ့ ဖြတ်ထုတ်မှုမျိုးပါ။ ဒါကြောင့်လည်း ဒေါင်းမန်းက လူငယ်ပီပီ စိတ်မထိန်းနိုင်တော့ဘဲ ဥပ‌ဒေပြင်ပ တုံ့ပြန်မိခဲ့တာဖြစ်ပြီး အနီကဒ် ထိသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဖလိဝုဒ်ဂိုးသမား လင့်ခ်ျကတော့ " မက်ဇ် ဒေါင်းမန်းကို ဖြတ်ထုတ်ခဲ့တာ၊ သူ အနီကဒ် ထိခဲ့တာတွေကို ခင်ဗျားတို့လည်း တွေ့ရမှာပါပဲ။ " " ဒါက ကျွန်တော်တို့ရဲ့ပုံစံ၊ လိဂ်တူးရဲ့ပုံစံပဲ ဖြစ်ပါတယ်။ တဦးချင်းတိုက်ပွဲတိုင်းကို ကျွန်တော်တို့ အနိုင်ယူကြတာပါ။ " " ဒါပေမဲ့ မျှမျှတတပြောရရင် ကျွန်တော့်အသင်းဖော်ရဲ့ ဖြတ်ထုတ်မှုက သန့်ရှင်းမျှတပါတယ်။ " " အဲဒီမိနစ်ပိုင်းမှာ ရာသီဥတုက မုန်တိုင်းထန်နေတယ်။ ပွဲမတိုင်မီတုန်းကတော့ နေသာနေတော့ ရာသီဥတုက ကျွန်တော်တို့ ကစားမဲ့ပွဲနဲ့ မလိုက်ဖက်ဘူးလို့တောင် တွေးနေခဲ့တာပါ။ " " ကျွန်တော်တို့က ရာသီဥတုကို ဆိုးနိုင်သမျှ ဆိုးစေချင်တယ်။ အဲဒီနောက်တော့ လေတွေတိုက်လာတယ်။ ကျွန်တော်တို့ကလည်း အခုမှ ပွဲစပြီလေဆိုပြီး ကြုံးကြတော့တာပါပဲ။ " လို့ ပြောသွားပါတယ်။

𓃰𝐌𝕚𝕟 𝐊𝕙𝒂𝗻𝕥 𝐓𝕙𝙪 𓃰
𓃰𝐌𝕚𝕟 𝐊𝕙𝒂𝗻𝕥 𝐓𝕙𝙪 𓃰
Open In TikTok:
Region: MM
Thursday 29 October 2026 12:05:07 GMT
4937
147
4
0

Music

Download

Comments

u.thi.hla5
MG ZAW :
လိဒ်တူးကစိတ်ထားကအဲလိုလား တိုးတက်အုံးမဲ့အသင်းပဲ
2026-10-29 14:55:42
0
htike5308
မောင်ခရမ်း :
အခိုက်မသင်ရဲ့ကျိုးသွားနိုင်တယ်
2026-10-29 14:08:43
0
htike5308
မောင်ခရမ်း :
အလိုက်မသင်ရင်ကျိုးသွားနိုင်တယ်
2026-10-29 14:09:54
0
aung48595
Can I be him😳😳🥺 :
🥱🥱😏😏😏
2026-10-29 13:01:01
0
To see more videos from user @min.khant.thu117, please go to the Tikwm homepage.

Other Videos


About