@thantzinko453: #ငါးဂျီးသားပေါက်မွေးမြူရေးနည်းလမ်း ၁။ ကန်ပြင်ဆင်ခြင်း ကန်အကျယ်အဝန်း- မွေးမြူမည့် ပမာဏပေါ်မူတည်၍ အကျယ်အဝန်းကို စဉ်းစားပြီး ကန်ရေအနက်ကို ၃ ပေမှ ၄ ပေ အတွင်း ထားရှိပေးရမည်။ ကန်ခြေ/ကန်ဘောင်- ငါးဂျီးသည် ကန်ပေါ်သို့ လျှောက်သွားနိုင်သည့် သဘာဝရှိသောကြောင့် ကန်ဘောင်ပတ်လည်တွင် ပိုက်ကွန် (သို့) ဇကာကို အနည်းဆုံး ၂ ပေခန့် အမြင့်ကာရံပေးရမည်။ ကန်ရှင်းလင်းခြင်း- ကန်ဟောင်းဖြစ်ပါက ရေကုန်စုတ်ထုတ်ပြီး ထုံး (တစ်ကေလျင် ပိဿာ ၅၀-၁၀၀) ထည့်ပေးခြင်းဖြင့် ရောဂါပိုးများကို ရှင်းလင်းရမည်။ ရေမဖြည့်မီ နေ ၃ ရက်မှ ၅ ရက်ခန့် လှန်းပေးရန် လိုအပ်ပါသည်။ ၂။ ငါးသားပေါက် စိုက်ထည့်ခြင်း ငါးအရွယ်အစား- မွေးမြူရန်အတွက် ၂ လက်မမှ ၃ လက်မ အရွယ်ရှိ သန့်မာသော ငါးသားပေါက် စိုက်ထည့်နှုန်း- တစ်ကေလျင် ငါးကောင်ရေ ၅၀,၀၀၀ မှ ၇၀,၀၀၀ အထိ မွေးမြူနိုင်ပါသည်။ ကန်အတွင်းလွှတ်ခြင်း- ငါးသားပေါက်များကို ကန်အတွင်းမလွှတ်မီ ရေအပူချိန်ညှိရန် ငါးအိတ်ကို ကန်ရေပြင်ပေါ်တွင် ၁၅ မိနစ်ခန့် စိမ်ထားပြီးမှ ဖြေးဖြေးချင်း လွှတ်ပေးရမည်။ ၃။ အစာကျွေးမွေးခြင်း ငါးဂျီးသည် အစာစား အကောင်မျိုးဖြစ်သဖြင့် အစာဖိုး သက်သာအောင် စီစဉ်ပေးနိုင်ပါသည်။ သဘာဝအစာ/ အိမ်သုံးအစာ- ဖွဲနု၊ ပဲဖတ်၊ ငါးခြောက်မှုန့်၊ ခရု၊ တီကောင် နှင့် ဘဲဥ/ကြက်ဥ ဘေးထွက်ပစ္စည်းများကို တွဲဖက်ကျွေးနိုင်ပါသည်။ အစာစပ်နည်း- ဖွဲနံ့ (၆၀%) + ပဲဖတ် (၂၀%) + ငါးခြောက်မှုန့်/ငါးမှုန့် (၂၀%) နှံ့စပ်၍ အလုံးပြုလုပ်ပြီး ကျွေးနိုင်ပါသည်။ ၄။ ရေအရည်အသွေးနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း ငါးဂျီးသည် လေထဲမှ အောက်ဆီဂျင်ကို တိုက်ရိုက်ရှူရှိုက်နိုင်သော အင်္ဂါရှိသဖြင့် အခြားငါးများထက် ခံနိုင်ရည်ရှိသော်လည်း ရေထူစပ်ပါက ရောဂါကျရောက်လွယ်ပါသည်။ ကန်ရေ အရောင်အသွေးနောက်ကျလာပါက သို့မဟုတ် အနံ့ဆိုးထွက်လာပါက ရေ ၂၀% မှ ၃၀% ခန့်ကို ပုံမှန် လဲလှယ်ပေးရမည်။ ကန်အတွင်း ရေမှော်ပင် သို့မဟုတ် ဗေဒါ အနည်းငယ် ထည့်ပေးထားပါက ငါးများ အရိပ်ခိုရန်နှင့် ပုန်းအောင်းရန်အတွက် အထောက်အကူပြုပါသည်။ ၅။ ဖမ်းဆီးရောင်းချခြင်း စနစ်တကျ မွေးမြူပါက ၆ လမှ ၈ လ အကြားတွင် ရောင်းတန်းဝင် အရွယ်အစား (တစ်ပိဿာလျှင် ၁၀ ကောင်မှ ၁၅ ကောင်ခန့်) သို့ ရောက်ရှိပါသည်။ ငါးဂျီးသည် အရှင်ဈေးကွက်တွင် အပိုင်းအစ ပုံစံရှိသဖြင့် ရောင်းချသည့်အခါ အရှင်အတိုင်း ဈေးကွက်သို့ တင်ပို့နိုင်ပါက အမြတ်အစွန်း ပိုရှိနိုင်ပါသည်။ အရောင်းတာဝန်ခံ -ကိုသန့်ဇင်ငါးသားပေါက်ရောင်းဝယ်ရေးဇုံ လိပ်စာ🏡-ရန်ကုန်တိုင်းဒေသကြီး(ခရမ်းမြို့နယ်) ဆက်သွယ်ဝယ်ယူရန် ဖုန်း/Viberနံပတ်များ👇👇 ☎ဖုန်း-09666909057 (Viber) ☎ဖုန်း-09682942702 (Viber)
Ko Thant Zinငါးသားပေါက်မျိုစုံ
Region: MM
Thursday 29 October 2026 15:04:30 GMT
Music
Download
Comments
醋意Super_Yuno. :
နှစ်ကောင်လောက်အတီးခံလိုက်ရရင်တော့ နေမကောင်းဖြစ်ရော"ငါတော့ပြီးတယ် ငါးကြီး🗿
2026-10-30 03:41:41
18
Aung Thi Ha :
ခြေထောက်နဲ့နင်းမိလိုက်လို့ကတော့ကွာ🤣
2026-10-30 06:41:36
1
Zwê :
ငယ်ငယ်က ငါးဂျီးဆူးရင် ဆူးတဲ့နေရာသေးနဲ့ပန်းတာ 😂
2026-10-30 15:16:08
0
d1PPERz :
ဘာငါးမို့လို့လဲ လက်နဲ့မဖမ်းရတာ ပြောပြကြပါလား တကယ်မသိလို့ပါ😁🥲
2026-10-30 07:08:38
1
Htet Myat Thu :
ကြောက်တာပေါ့လို့ ဒါမဲ့ ဆားနဲ့နယ်ပီး ပလပ်စတစ်နဲ့လေလုံအောင်ပတ်ထားရင် တစ်နာရီမကြာဘူးပျောက်
2026-10-30 14:08:54
0
မောင်လေး :
လက်နဲ့သာအားရပါးရဖမ်းလိုက်ရင်တော့ လက်နှစ်ဖက်လုံးကို ရောင်ကားနေမှာနေမှာဘဲ😂😂
2026-10-30 15:30:24
0
Chit min paing :
တို့ဘက်မှာ ငါးဂျဲလို့ခေါ်တယ် ငါးခူမျိုးကွဲ အသေးစားပေါ့ သူ့ရဲ့အဆူက ချိတ်မိတဲ့အဆိပ်က အရမ်းခံစားရခက်တာ ဥပမာ =လက်သည်အခွံထဲကို အပ်နဲ့ အခါခါထိုးထည့်သလို တစ်ဆစ်ဆစ်နဲ့နာတာ
2026-10-30 11:49:51
1
⚡🕸❄မောင်လူအေး🕸❄⚡ :
အစူနဲတတ်ချက်လောက်အတီချင် ကြည်ပါလာ🤣
2026-10-30 14:40:38
0
Around not fond :
မကြောက်ရင်အောင့်မာလေ🤣
2026-10-30 15:17:54
0
💯✅{" မောင်မောစ့်" }✅💯 :
ဘာတွေကြောက်နေတာလည်း အဲ့ထဲ ဖိနပ်မပါပဲဆင်းလေ😂
2026-10-30 12:40:38
0
Min Khant Kyaw💥 :
အသည်းယားစရာတွေကွာ တစ်ချက်တုပ်လို့ကတော့ နားရွက်ပြုတ်သွားမယ်🤣
2026-10-30 15:01:08
0
KYAW GYI MAN U FAN ⚽⚽⚽ :
ငါးကြီးစူးရင်ထိုင်သာငိုနေတော
2026-10-30 13:41:07
0
Kelvin Ko Phyo :
တခါလောက်ထိမိရင် ထုံသွားရော မကြောက်တော့ဘူး ငယ်ငယ်က 15ကောင်လောက်ရှိတဲ့ကျွင်းကို လက်နဲ့ဖက်ဖူးတယ်😁
2026-10-30 14:23:24
0
စံပြ (နွား) :
ငါတုန်းကရေငုတ်ဖမ်းတာတစ်ချက်ဘဲလက်ကြီးကခြေထောက်လောက်ကြီးသွားတယ်
2026-10-30 13:50:39
0
Ko Kyaw... :
တာလည်းမွေးတာပဲလား😂
2026-10-30 12:36:06
0
★彡 𝑴𝑮ရေခဲ🧊 彡★ :
ငါးဂျဲတေ😁
2026-10-30 12:35:42
0
🌜 :
လက်နဲ့ဖမ်းလေကွာ ဘာကိုကြောက်နေတာလဲ😂
2026-10-30 04:06:00
0
“BG” :
အဲ့တာကတော့ကြောက်တယ်ကွာ😁😁😁
2026-10-30 11:53:24
0
Aung Zin Phyo :
ဘာကိုကြောက်နေတာလဲ ရဲရဲဝံ့ဝံ့ လက်နဲ့ဆုပ်ကိုင်လိုက်ပါ
2026-10-30 11:57:41
0
Pyae Phyo Aung :
ဘုရားဘုရား
2026-10-30 12:15:36
0
⫷♔ツ⫸🥔မောင်အာလူး🥔𝓜𝓚✦ :
တစ်ချက်ထိုးမိရင်တစ်ရေအိပ်ရလိမ်မယ်😂🤭
2026-10-30 12:28:56
0
𝙔𝙖𝙣𝙜 :
လက်နဲ့ဖမ်းပါဟ 🗿
2026-10-30 12:13:57
0
kãûńĝ £âý🤠🤫 :
အကွက်မှားနင်းရင်တော့ ပြန်သာအိပ်နေတော့ အော်ရင်းညီးရင်ပေါ့😅😅😅
2026-10-30 12:02:57
0
@Nyi.Lay😜😜😍😍 :
ဘာကိုကြောက်နေတာလဲ ရဲရဲကြီးလုပ်လိုက်ပါ😅😅😅😅
2026-10-30 04:15:43
0
To see more videos from user @thantzinko453, please go to the Tikwm
homepage.