@user27302685343857: #အမျိုးသမီးတစ်ယောက်ရဲ့ အလှဆိုတာ အသက်ငယ်နေရုံနဲ့ လှတာမဟုတ်ပါဘူး… အသက်အရွယ်နဲ့အမျှ ကိုယ့်ကိုယ်ကို နားလည်လာပြီး ကိုယ့်အသက်နဲ့လိုက်ဖက်အောင် ဝတ်တတ်လာခြင်းကလည်းအလှတစ်မျိုးပါပဲ… အသက် ၂၀ ကျော်အရွယ်မှာတော့ လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်တွေ အရောင်စုံတဲ့ အဝတ်အစားတွေ ခေတ်မီတဲ့ ဒီဇိုင်းတွေကို စမ်းသပ်ဝတ်ဆင်လို့ ကောင်းပါတယ်… ကိုယ့်စတိုင်ကို ရှာဖွေတဲ့အရွယ်မို့ အသစ်အဆန်းတွေကို စမ်းကြည့်ဖို့ မကြောက်ပါနဲ့… အသက် ၃၀ ကျော်လာတဲ့အခါ ကိုယ့်ကိုယ်ကို ပိုသိလာတဲ့အရွယ်ဖြစ်လာပါပြီ… အဝတ်အစားကို ခေတ်မီရုံထက် ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်မှု သန့်ရှင်းသပ်ရပ်မှု အရောင်အဆင်ပြေမှုတွေကို ပိုဂရုစိုက်သင့်ပါတယ်… ရိုးရှင်းပေမယ့် အရည်အသွေးကောင်းတဲ့ ဝတ်စုံတွေက ပိုပြီး တည်ငြိမ်တဲ့အလှကို ပေးနိုင်ပါတယ်… အသက် ၄၀ ကျော်လာတဲ့အခါ “ငယ်ချင်လို့ ဝတ်တာ”ထက် “ကိုယ့်ကိုယ်ကို တန်ဖိုးထားလို့ ဝတ်တာ” ဖြစ်လာ သင့်ပါတယ်… အရောင်တွေကို မကြောက်ပါနဲ့…  အရောင်တောက်တောက်တွေ မဝတ်ရဘူးဆိုတဲ့ စည်းမျဉ်းလည်း မရှိပါဘူး… ကိုယ့်အသားအရေ၊ ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့အရောင်ကို ရွေးပြီး သပ်ရပ်လှပအောင် ဝတ်ဆင်နိုင်ပါတယ်… အသက် ၅၀ ကျော်လာတဲ့အခါ အလှဆိုတာ ခေတ်နောက်မကျဖို့ထက် ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ ကိုယ့်ရဲ့အဆင့်အတန်းကို ပေါ်လွင်စေဖို့ ပိုအရေးကြီးပါတယ်…  ရိုးရှင်းတဲ့အဝတ်အစား၊ သင့်တော်တဲ့အရောင် သပ်ရပ်တဲ့ဆံပင်နဲ့ လိုက်ဖက်တဲ့အသုံးအဆောင် လေးတွေက အသက်ရင့်လာလေလေ ပိုလှလာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အလှကို ဖော်ပြပေးနိုင် ပါတယ်… တကယ်တော့… အသက်ကြီးလာလို့ လှဖို့မလိုတော့တာ မဟုတ်ပါဘူး… အသက်ကြီးလာလေလေ ကိုယ့်ကိုယ်ကို ပိုတန်ဖိုးထားပြီး ကိုယ့်အသက်နဲ့ ကိုယ့်ဘဝအဆင့်အတန်းကို လိုက်ဖက်အောင် ဝတ်တတ်ဖို့ပဲ လိုတာပါ… အဝတ်အစားက ကိုယ့်အသက်ကို ဖုံးကွယ်ဖို့ မဟုတ်ပါဘူး… ကိုယ့်အသက်အရွယ်ရဲ့ အလှကို ပိုပေါ်လွင်စေဖို့ပါ… အမျိုးသမီးတစ်ယောက်အတွက် အလှဆုံးဝတ်စုံကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ ဝတ်ဆင်ထားတဲ့ ဝတ်စုံပါပဲ… လှပ ကျော့ရှင်းနေတဲ့ အမျိုးသမီးများ ဖြစ်ကြပါစေ…#မူရင်းရေးသားသူအားလေးစားလျက် #creatorsearchinsights #အမျိုးသမီးတစ်ယောက်ရဲ့

Chaw Su197
Chaw Su197
Open In TikTok:
Region: MM
Thursday 29 October 2026 15:54:07 GMT
4565
323
6
1

Music

Download

Comments

tinzar0634
🇲🇲🌻Tînzãr🌻🇲🇲 :
[Heartwarming][Heartwarming][Heartwarming]
2026-10-30 00:27:45
1
user1944926797082
អារៀត ទិញអេតចាយ :
❤️❤️❤️❤️
2026-11-02 09:54:35
1
user9167479751881
🥰ွထွေးလေး🥰 :
🥰
2026-10-31 07:23:41
1
To see more videos from user @user27302685343857, please go to the Tikwm homepage.

Other Videos


About