@uawbasa6: အမိကောင်းမှ အဖ ခင်မည် ********************* ဖတ်ကြည့်နော် #လောကကြီးတွင် ပျော်ရွှင် ငြိမ်းချမ်းသော မိသားစုဘဝကို ပိုင်ဆိုင်ဖို့ရာ မိခင်များအပေါ်တွင် များစွာ မူတည်နေသည်ကို လူသားတိုင်း သိရှိ နားလည် သဘောပေါက်ကြပါလိမ့် မည်။ ဒါပေမဲ့လည်း တချို့သော မိသားစုများတွင် နေ့စဉ်နှင့်အမျှ မပျော်ရွှင်ခြင်း မငြိမ်းချမ်းခြင်းများကို လူသားတိုင်း တွေ့မြင်နေကြရပေသည်။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ ဆိုလျှင် သား သမီး တစ်ယောက် ကျောင်းသွားခါနီးတိုင်း ပိုက်ဆံအိတ်ထဲမှ မုန့်ဖိုးထုတ်ပေးသော အမေကို သား သမီးတွေ ချစ်ကြသည်။ သား သမီး တစ်ယောက် အဝေးတစ်နေရာမှ ပြန်လာပြီဆို ရေ အေးအေးလေး တစ်ခွက်တိုက်သော အမေကို သား သမီးတွေ ချစ်ကြသည်။ သား သမီး တစ်ယောက် မိုးရွာထဲ သွားမယ်ဆို ထီးတစ်လက်ပေးသော အမေကို သား သမီးတွေ ချစ်ကြသည်။ သား သမီး တစ်ယောက် အလုပ်တစ်ခု (သို့မဟုတ်) ကုမ္ပဏီတစ်ခုမှ ပြန်လာပြီဆို သရက်သီး ချိုချိုလေးတွေ ခွဲကျွေးနေတဲ့ အမေကို သား သမီးတွေ ချစ်ကြသည်။ တစ်ခါတလေ မိခင်တွေဟာ ဖခင်တွေ ကောင်းကြောင်း ဖခင်တွေရဲ့ ကျေးဇူးတရားကြီးမားပုံတွေကိုလည်း သား သမီးတွေကို ပြောပြသင့်ပါတယ်။ #သရက်သီး ခွဲကျွေးတဲ့ အမေတွေကို ချစ်တယ်ဆိုလျှင် သား သမီးတွေကို ဒီလို သရက်သီးချိုချိုလေးတွေ ကျွေးနိုင်အောင် သရက်ပင်စိုက်ပျိုးခဲ့တာ ဖခင်တွေပါ။ #ထီးတစ်လက် ဆောင်းပေးတဲ့ အမေတွေကို ချစ်တယ်ဆိုလျှင် သား သမီးတွေကို ဒီလို မိုး လုံလုံံ နေ လုံလုံ နဲ့ လေလုံလုံ နေနိုင်အောင် အိမ်ဆောက်ပေးခဲ့တာ ဖခင်တွေပါ။ #ရေတစ်ခွက်တိုက်တဲ့ အမေတွေကို ချစ်တယ်ဆိုလျှင် သား သမီးတွေကို ဒီလိုသောက်နိုင်အောင် ချိုးနိုင်အောင် ရေတွင်းတူးပေးခဲ့တာ ဖခင်တွေပါ။ #ကျောင်းသွားခါနီးတိုင်း ပိုက်ဆံအိတ်ထဲက မုန့်ဖိုးထုတ်ပေးတဲ့ အမေတွေကို ချစ်တယ်ဆိုလျှင် သား သမီးတွေကို ဒီလိုမုန့်ဖိုးတွေ ပေးနိုင်အောင် မိုးရွာ မရှောင် နေပူ မရှောင်နဲ့ သား သမီးတွေရဲ့ ရှေ့ရေး နောင်ရေးတွေကို အစဉ်တွေးလို့ လူအများရဲ့ အဆူခံ အပူခံ အဆဲဆို ခံပြီး လုပ်ကိုင်ကျွေးမွေး စောင့်ရှောက်ခဲ့တာ ဖခင်တွေပါ။ တချို့သောဖခင်တွေဟာ ဒီလို အလုပ်ကြမ်းတွေကို ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ကြရပြီး ပင်ပန်းလာတဲ့အခါ အရက်လေး တစ်ပတ် နှစ်ပတ်လောက် သောက်ပြီး အပန်းဖြေတတ်ပါတယ်။ အဲဒီလို ဖခင်တွေကို မိခင်များက သား သမီးတွေရဲ့ ရှေ့မှာ နင်တို့ အဖေက အရက်သမားကြီးပါလို့ မပြောမိအောင် အတတ်နိုင်ဆုံး သတိထားပါ။ မိခင်ကိုယ်တိုင်က... ကိုယ့်လင်သားကို မရိုသေ မလေးစားလျှင် သား သမီးတွေက ဒီဖခင်ကို ဘယ်လိုလုပ်ပြီး လေးစားတော့မည်လဲ။ မိခင်မှာ နို့ဖိုး ကျေးဇူးတရားတွေ ရှိသလို ဖခင်တွေမှာလည်း ချွေးဖိုးဆိုတဲ့ ကျေးဇူးတရားတွေ ရှိတယ်ဆိုတာ သိစေချင်လိုသော ဆန္ဒဖြင့် အမိကောင်း၍ အဖကို ခင်တွယ်သော သားကောင်း ရတနာ သမီးကောင်း ရတနာများ ဖြစ်နိုင်ကြပါစေ

သဘာဝအလှတရားများ
သဘာဝအလှတရားများ
Open In TikTok:
Region: MM
Friday 30 October 2026 01:33:03 GMT
117023
6686
89
731

Music

Download

Comments

user4867554159523
မတ္တာရှင် :
မှန်လိုက်သည့်စာသားလေးအလုပ်မရရင်အလုပ်ရအောင်ဒူးလေးထောက်ပြီးအလုပ်ရအောင်ပြောခဲ့ရတဲ့အဖေတို့ရဲ့ဘဝ
2026-10-30 15:52:29
1
user708620654
Zaw Lin :
မှန်ပါတယ်တစ်ကယ်ကို
2026-10-30 10:32:27
2
phoe.toke88
phoe toke :
❤️❤️❤️
2026-10-30 14:05:18
1
user2971261835235
နေ လ :
ပြန်တင်ခွင့်ပြုပါ 🥰
2026-10-30 10:23:31
2
ukowin053
Ukowin :
ဟုပ်ပဗျာ
2026-10-30 09:04:24
2
nyo.than.12
nyo than :
🙏🙏🙏🙏🙏👍👍👍👍👍
2026-10-30 10:35:29
2
user5506726971508
ကိုသန်းကြည် :
👍
2026-10-30 13:23:24
1
uzawminoo856
uzawminoo856 :
got
2026-10-30 10:13:59
2
kowinzawhein18
KO HEIN :
🥰🥰🥰🥰🥰🥰🥰မှန်တာပေါ့
2026-10-30 14:02:14
1
nko.mg.zaw
UTinShane :
@ကျေးဇူးပါ
2026-10-30 12:33:46
1
zawmyo0270
ko zaw :
တင်ခွင့်ပြုပါ
2026-10-30 13:35:50
1
user8425538502573
maung :
မဂ်လာပါဗျာ😳😂🥰
2026-10-30 13:02:00
1
aung8546hzs
U kyaw :
အဖေနဲ့အမေကိုလွမ်းလိုက်တာ
2026-10-30 12:07:57
1
ko.oo8975
Ko Oo :
မှန်လိုက်ဒါ
2026-10-30 11:32:15
2
user3690422530188
user3690422530188 :
မွန္ပါတယ္🥰🥰🥰
2026-10-30 04:30:38
1
momi5678n
ko aung :
ဟုတ်ပါတယ်ဗျ
2026-10-30 05:26:08
1
u.thein.win11
U Thein Win :
ဟုတ်တယ်မမှားတင်ဘူး
2026-10-30 04:14:14
1
user9617284621542
Naing Naing :
2026-10-30 05:16:45
1
aungthite4
aungthite4 :
hi
2026-10-30 14:13:10
1
uhtethtetaung32
U Htet Htet Aung :
🥰🥰🥰🥰🥰
2026-10-30 14:27:22
1
san.oo6811
San Oo :
👍
2026-10-30 16:20:58
0
moehtet3977
moehtet3977 :
@အမှန်တွေပြောနေပြန်ပြီ
2026-10-30 14:38:23
1
tint.ko67
Tint ko🤷🙎 :
@okpikp
2026-10-30 14:42:54
1
tun86654
Tun :
မှန်လိုက်တာဗျာ
2026-10-30 14:55:33
1
user1932099416382
Ko Moe :
မွန္လိုက္တာ🥰🥰🥰🥰🥰
2026-10-30 12:13:33
0
To see more videos from user @uawbasa6, please go to the Tikwm homepage.

Other Videos


About