@u.myaing1996: သီပေါမင်း နတ်ရွာစံတော့ စုဖုရားလတ်ဟာ ရန်ကုန်ကို ပြန်လာခဲ့ပြီး ကိုယ့်မင်းကိုယ်ချင်းလမ်း အမှတ် ၂၄ နေအိမ်မှာ နေထိုင်ခဲ့ပါတယ်။ မိဖုရားကြီးနေထိုင်ရာအိမ်ကို ၁၉၂၄ ခုနှစ်မှာ ဗန္ဓုလသတင်းစာ သတင်းထောက်တစ်ဦးမှ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ သတင်းထောက် – အရှင်မိဖုရားကြီး အသက်ဘယ်လောက်ရှိပါပြီလဲ။ စုဖုရားလတ် – ၆၅နှစ် ရှိပါပြီ ။ မေးချင်တာရှိရင် မေးပါ။ သတင်းထောက် – ရတနာဂီရိမှာ စံနေတော်မူတုန်းက လစာရိက္ခာတော် ဘယ်လောက်ဆက်သပါသလဲ။ စုဖုရားလတ် – ပထမ တစ်သောင်းဆက်တယ် ။ နောက် ခြောက်ထောင်ပဲ ဆက်တော့တယ်။ သတင်းထောက် – ရိက္ခာအပြင် အပိုဆက်တာ ရှိပါသလား။ စုဖုရားလတ် – လစာအပြင် နှစ်စဉ်နှစ်တိုင်း တန်ခူးလမှာ ငါးထောင် ၊ သီတင်းကျွတ်လမှာ တစ်ထောင့်ငါးရာ ၊ မောင်တော်နဲ့ စုဖုရားမွေးနေ့တွေအတွက် သုံးထောင်ဆက်ပါတယ်။ သတင်းထောက် – အခုမြန်မာပြည်ပြန်ရောက်ပြီးတော့ရော ရိက္ခာတော် ဘယ်လောက်ဆက်သလဲ။ စုဖုရားလတ် – နှစ်ထောင့်ငါးရာ ဆက်ပါတယ်။ – မြတောင်ဘုန်းကြီးပျံအတွက် ငွေတစ်ထောင်လှူတုန်းက တရုတ်ဇနီးသည် တစ်ယောက်ဆီက ချေးငှားခဲ့ရတယ်။ အခုထိဆပ်လို့ မပြေသေးပါဘူး။ သတင်းထောက်က နေထိုင်ရာ အိမ်နဲ့ ပါတ်သတ်ပြီး ဆက်လက်အင်တာဗျူးပါတယ်။ သတင်းထောက် – ဒီအိမ်ဟာ အစိုးရအိမ်တော်ဖြစ်ပါသလား။ စုဖုရားလတ် – အစိုးရပေးတဲ့အိမ်ပါပဲ ။ ဒါပေမယ့် အိမ်တော်၀န်းက မြေကွက်လပ်လေးပေါ်မှာ ပန်းဥယျာဉ် လုပ်လို့ အခွန်တောင်းသေးတယ်။ ခုခံပြောလို့ မပေးရတော့တာ။ ထိုစဉ် စကားဝိုင်းသို့ သမီးတော် မဒရပ် စုဖုရား ၀င်ပါလာပါတယ်။ ဒါပေမယ့် သမီးတော်ဟာ မြန်မာစကားကို ပီသအောင်မပြောနိုင်ပါဘူး။ မိဖုရားကြီးကတော့ မြန်မာစကား ၊ ဟင်ဒူစတန်နီ ၊ အင်္ဂလိပ်စကား ၊ မာရဝီ နဲ့ ဂိုပါ စကားတွေကို တတ်ကျွမ်းတယ်လို့ သိရပါတယ်။ သတင်းထောက်က သတင်းသမားပီပီ သတင်းကိစ္စ နဲ့ ပတ်သတ်ပြီး ဆက်မေးပါတယ်။ သတင်းထောက် – ရတနာဂီရိမှာ စံတော်မူတုန်းက မြန်မာပြည်က သတင်းစာတွေကို ကြည့်ရှုတော်မူပါသလား။ စုဖုရားလတ် – ဟံသာ၀တီသတင်းစာနဲ့ မြန်မာ့အလင်းသတင်းစာတွေကို အမြဲဖတ်ရှု့ခဲ့ပါတယ်။ အဲဒီနောက် ရတနာဂီရိက စံအိမ်တော်အကြောင်း ဆက်လက်မေးမြန်းပြီး မိဖုရားကြီး အတွင်းတော်၀င်သွားတဲ့အတွက် အင်တာဗျူးအဆုံးသတ်သွားပါတော့တယ်။ ။ ကိုးကား : သမိုင်းထဲက အင်တာဗျူး အင်တာဗျူးထဲက သမိုင်း 🇲🇲 ရှေးခေတ်မြန်မာပုံရိပ်များ
U.Myaing-พระอาจารย์
Region: MM
Friday 30 October 2026 02:52:36 GMT
Music
Download
Comments
paukgyikse(အကျိုးဆောင်လုပ်ငန်း :
🥰🥰🥰
2026-10-30 06:19:34
1
❤️🧡💛 Bhone Myat 💚💙💜 :
😞😞😞
2026-10-30 05:24:48
0
To see more videos from user @u.myaing1996, please go to the Tikwm
homepage.