@dr.phyo6: ကိုယ်ဝန်ရှိတဲ့အခါ ဘယ်လိုလက္ခဏာတွေပြတတ်လဲ 👩‍⚕ 1 ရာသီထိန်သွားတာ 📌 ရာသီလာရမယ့်ရက်မှာလည်းမလာ၊ တစ်ပတ်ကျော်လည်းမလာ ဖြစ်နေရင်တော့ ဆီးစစ်တံနဲ့ ကိုယ်ဝန်ရှိမရှိ စစ်ကြည့်သင့်ပါပြီ။ 2 ရင်သားမှာပြောင်းလဲလာတာ📌 ရင်သားတွေက ပုံမှန်ထက်ကြီးလာပြီး နာလာတာမျိုးရှိလာရင်၊ နို့သီးခေါင်းမှာ နဂိုထက် သိသိသာသာအရောင်ရင့်လာတာမျိုးရှိလာရင် ကိုယ်ဝန်စရှိပြီလားဆိုတာ သတိထားသင့်ပါတယ်။ 3 နုံးပြီး အားမရှိဖြစ်နေတာ 📌 ကိုယ်ဝန်အစောပိုင်းတွေမှာ ဟော်မုန်းအပြောင်းအလဲတွေ၊ သွေးအားနည်းတာတွေကြောင့် နုံးပြီး အားမရှိသလိုဖြစ်တတ်ကြပါတယ်။ ကိုယ်ဝန်အစောပိုင်း ၁၂ ပတ်အတွင်းမှာ အဖြစ်များတတ်ပါတယ်။ ဒါကြောင့် ဖောလစ်အက်ဆစ်၊ သံဓာတ်အားဖြည့်ဆေးတွေ မှန်မှန်သောက်ပေးနော် 4 ဖျားတာ၊ ပျို့အန်တာ 📌 ကိုယ်ဝန်အစောပိုင်း ၄ ပတ်ကနေ ၆ ပတ်ကြားမှာ ဖျားတာ၊ ပျို့အန်တာမျိုးတွေရှိတတ်ကြပါတယ်။ ပျို့အန်တာက တောက်လျှောက် ခဏခဏဖြစ်နေရင်တော့ ဆရာ၀န်နဲ့သေချာပြသသင့်ပါတယ်။ 5 ဆီး၊ဝမ်းအပြောင်းအလဲရှိလာတာ📌 အရင်ကထက် ဆီးသွားတာပိုများလာတာ၊ ဝမ်းချုပ်လာတာ စတာတွေဟာ ကိုယ်ဝန်ရှိလာရင် ဖြစ်တတ်တဲ့အပြောင်းအလဲတွေထဲမှာ ပါတတ်ပါတယ်။ 6 အဖြူဆင်းများလာတာ 📌 မိန်းမကိုယ်ကနေ အဖြူဆင်းတာများလာတဲ့အခါ ရောဂါကြောင့်ဆင်းတာများလားထင်တတ်ကြပါတယ်။ ဒါမျိုးက ကိုယ်ဝန်ရှိရင်လည်း ဆင်းတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရှိလို့အဖြူဆင်းတာကတော့ ယားတာ၊ နံတာမရှိတတ်ပါဘူး။ 7 ချဉ်ခြင်းတက်လာတာ 📌 ကိုယ်၀န်ရှိလာတဲ့အခါ အရင်က ကိုယ်ကြိုက်ခဲ့တဲ့အစားအစာတွေကို သိပ်မစားချင်တော့ပဲ ထူးထူးဆန်းဆန်းအစားအစာတွေကို စားချင်တဲ့ ချဉ်ခြင်းတက်လာတာမျိုးတွေရှိတတ်ပါတယ်။ #ကိုယ်ဝန်စရှိခြင်း #တွေးပြီးမှတင်ပါ #ကျန်းမာရေးဗဟုသုတ #ကိုယ်ဝန်မလိုချင်သူများအားထားရာ #fyp

ဒေါက်တာဖြိုး🩺ကို်ဝန်ဖြေရှင်ရာ
ဒေါက်တာဖြိုး🩺ကို်ဝန်ဖြေရှင်ရာ
Open In TikTok:
Region: MM
Friday 30 October 2026 06:48:11 GMT
40937
650
8
84

Music

Download

Comments

yan.danar3
🎀yan danar🎀 :
အဲ့လိုလက်ခနာမျိုးတော့ ဖြစ်နေပါပီးရှင့်
2026-11-04 03:07:23
2
hninsipan2
😘😘😘😘 :
hi
2026-11-03 07:49:24
1
user246676171928
မ၀င်း :
ကျေးဇူးပါရှင့်
2026-11-03 14:39:31
1
user514801819233
ကိုကိုရဲရုပ်ဆီုးမလေး :
ဟုဆရာမ
2026-11-02 14:29:05
1
ko.khant4159
💞မဟေသီ💞 :
1လရှိpမလာလို့စစ်လိုက်တာတကယ်ကကိုယ်ဝန်ရှိမနေဘူး ဘယ်လိုဖစ်တာလဲသိချင်ပါတယ်
2026-11-02 09:23:48
0
ma.soe.soe350
Ma Soe Soe :
🥰🥰🥰
2026-10-31 01:03:58
0
may.zin.oo4659
May Zin Oo :
🥰🥰🥰🥰🥰🥰🥰
2026-10-31 10:25:52
0
To see more videos from user @dr.phyo6, please go to the Tikwm homepage.

Other Videos


About