@manouchka.ra: Collier homme et femme qui ajoute un charme à ton outfit #jeveuxpasserdanstespourtoi🤲 #collierrose#perles m’chka

Mchka229
Mchka229
Open In TikTok:
Region: BJ
Friday 30 October 2026 08:54:33 GMT
606
52
3
5

Music

Download

Comments

alexandre_gomez1
Alexandre 💙📊 :
Très belle réalisation ✨️Je suis intéressé😌
2026-10-30 13:50:52
1
kdbshop
BIG KODAK BARBER 💈 :
🔥🔥🔥
2026-10-30 10:44:43
1
sin_twentytwo
sin_twentytwo :
👌🏾👌🏾👌🏾
2026-10-30 17:34:34
0
To see more videos from user @manouchka.ra, please go to the Tikwm homepage.

Other Videos

လွန် ခဲ့ တဲ့ 2024 လောက် တုန်း က‌ ပေါ့။ အလုပ်စဝင်ပြီး  1လ‌ကျော် ဝန်းကျင်လောက်တော့ ဖြစ်မယ်ထင်တယ်။ ကိုယ့်ဘက်ကအရင် မထင်မှတ်ပဲ သူ့ကိုသဘောကျခဲ့မိတယ်။ အဲ့ခါတုန်းက မေအလုပ်လုပ်တဲ့ ဆိုင်နားလေးမှာ စားသောက်ဆိုင်လေးရှိတယ်။ သူက အမြဲတမ်း အဲ့ဆိုင်လေးကို လာတယ်။ ဘာရယ်တော့ မဟုတ်ဘူး ဒီတိုင်းပဲ ဆိုင်ထဲကြည့် မိတာ။ တည်တည် ငြိမ်ငြိမ်လေးနဲ့ ဘယ်ချိန်ပဲ ကြည့်ကြည့် ဘယ်သူနဲ့ မှ စကားမ‌ပြောပဲ ဖုန်းပဲကြည့်နေတက်တဲ့ သူ့ကို မေ သတိထားမိ လာတယ်။ တစ်ခါခါကျရင် လမ်းဖြတ်ရင်း ခိုးကြည့်မိတယ်။ အဲ့ဆိုင်လေးကို သူလာတိုင်း သူ့နမည်ခေါ် ပီး ဘာစားမှာလဲ မေးသံကြားတိုင်း သူ့နမည်လေးကိုတောင် ရင်းနှီးနေပြီ။ နမည် အပြည့်စုံကို သေချာ မသိပေမယ့် ကြားမိတဲ့ နမည်လေးကိုတော့ တဂယ် သဘောကျတယ်။
လွန် ခဲ့ တဲ့ 2024 လောက် တုန်း က‌ ပေါ့။ အလုပ်စဝင်ပြီး 1လ‌ကျော် ဝန်းကျင်လောက်တော့ ဖြစ်မယ်ထင်တယ်။ ကိုယ့်ဘက်ကအရင် မထင်မှတ်ပဲ သူ့ကိုသဘောကျခဲ့မိတယ်။ အဲ့ခါတုန်းက မေအလုပ်လုပ်တဲ့ ဆိုင်နားလေးမှာ စားသောက်ဆိုင်လေးရှိတယ်။ သူက အမြဲတမ်း အဲ့ဆိုင်လေးကို လာတယ်။ ဘာရယ်တော့ မဟုတ်ဘူး ဒီတိုင်းပဲ ဆိုင်ထဲကြည့် မိတာ။ တည်တည် ငြိမ်ငြိမ်လေးနဲ့ ဘယ်ချိန်ပဲ ကြည့်ကြည့် ဘယ်သူနဲ့ မှ စကားမ‌ပြောပဲ ဖုန်းပဲကြည့်နေတက်တဲ့ သူ့ကို မေ သတိထားမိ လာတယ်။ တစ်ခါခါကျရင် လမ်းဖြတ်ရင်း ခိုးကြည့်မိတယ်။ အဲ့ဆိုင်လေးကို သူလာတိုင်း သူ့နမည်ခေါ် ပီး ဘာစားမှာလဲ မေးသံကြားတိုင်း သူ့နမည်လေးကိုတောင် ရင်းနှီးနေပြီ။ နမည် အပြည့်စုံကို သေချာ မသိပေမယ့် ကြားမိတဲ့ နမည်လေးကိုတော့ တဂယ် သဘောကျတယ်။ "ထက်သူရ" တဲ့။ တစ်ရက်ကျတော့ အတွေးတစ်ခု မေ့ရဲ့ခေါင်းထဲ ရောက်လာခဲ့တယ်။ အဲ့တာကဘာလဲဆိုတော့ မေနဲ့သူနဲ့က မဖြစ်နိုင်ဘူး‌ဆိုပီးတော့ပေါ့လေ။ အဲ့လိုတွေးမိပြီး နောက်ပိုင်း မေ သူ့ကို သတိမထားမိအောင်နေတယ်။ မေ သူ့ကိုသဘောကျနေမိတယ်ဆိုတာတော့ သူမသိခဲ့ဘူး။ ရေစက်ကြောင့်လားတော့မသိဘူး။ မေ အလုပ်ဝင်ပြီး 3လကျော်တဲ့ တ‌စ်နေ့မှာ မေတို့ဆိုင်သိမ်းနေချိန် သူအဲ့စားသောက်ဆိုင်လေးမှာ ထိုင်ခုံနဲ့မထိုင်နေပဲ လှေကားနားမှာ သူထီးလေးကိုင်ပြီးထိုင်နေခဲ့တယ်။ သူထိုင်နေတာ အမှတ်မထင် မေတွေ့မိတော့ အတွေးထဲမှာ "အော်...သူဒီတိုင်းပဲလာထိုင်တာနေမှာပါ" ဆိုပြီးပဲ တွေးမိခဲ့တယ်။ မေ ဆိုင်သိမ်းပြီး စားပွဲခုံ သွားရွေ့တဲ့ချိန် သူကထလာတယ်။ "သူပြန်တော့မှာပေါ့" လို့ စိတ်ထဲမှာထင်လိုက်တယ်။ ဒါမယ့် သူလမ်းလျှောက်လာရင်း မေ့အနားရောက်တော့ သူရပ်လိုက်တယ်။ "ညီမ ဖုန်းနံပါတ်ပေးလို့ရလားတဲ့" အဲ့စကားကိုကြားမိတော့ မေရင်တွေအရမ်းခုန်တယ်။ ‌မေ သဘောကျနေတဲ့သူက ဖုန်းနံပါတ်လာတောင်းတယ်ဆိုတော့ မေ ဘယ်လောက်တောင်ပျော်လိုက်မလဲ စဉ်းစားသာကြည့်တော့။ မေလည်းဟန်ဆောင်မနေတော့ဘူး။ ခနနော်ဆိုပီး စောင့်ခိုင်းခဲ့တယ်။ မေ ဆိုင်တံခါးတွေ ပိတ်ပြီးတာနဲ့ မေပြန်တဲ့လမ်းလေးထဲ သူလိုက်လာခဲ့တယ်။ အဲ့လမ်းလေးမှာပဲ မေ သူ့ဖုန်းလေးထဲ မေ့ရဲ့ ဖုန်းနံပါတ်လေးကိုရိုက်ပေးပီး မေ အိမ်ပြန်ခဲ့တယ်။ "ညကျရင်ဖုန်းဆက်ခဲ့မယ်နော်"တဲ့။ မေလေ သူ့ဖုန်းလေးအဝင်လေး‌ကိုစောင့်နေခဲ့မိတယ်။ ညရောက်တော့ ဖုန်းစိမ်းလေး တစ်ခုဝင်လာခဲ့တယ်။ သူဖုန်းခေါ်လာပြီဆိုပြီး မေအရမ်းပျော်‌တယ်။ ဖုန်း‌ကိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် နမည်တွေမိတ်ဆက်ရင်း စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်။ သူ့နမည်အပြည့်စုံ‌လေးက "‌ထက်သူရကျော်"တဲ့။ ဖုန်းပြောပြီး 4ရက်မြှောက်တဲ့နေ့မှာ သူမေ့ကို ဖွင့်ပြောခဲ့တယ်။ မေကလည်းသဘောကျနေတာဆိုတော့ တခြားသူတွေလို အချိန်ဆွဲပြီး မူမနေနိုင်ဘူးလေ။ တစ်ခါထဲပဲ အဖြေတန်းပေးလိုက်တာ။ မေက အိမ်မပိုင်တော့ နှစ်ယောက်ထဲတွေ့ဖို့ကျ အဆင်မပြေခဲ့ကြဘူး။ ဒါမယ့်‌ မေကြိုးစားကြည့်ခဲ့တယ်။ သူနဲ့မေ တွဲပြီး 10ရက်‌‌ပြည့်တဲ့နေ့ကျ မေတို့ တွေ့ဖို့ချိန်းခဲ့ကြတယ်။ အဲ့နေ့မိုးကလည်း အရမ်းရွာနေခဲ့တယ်။သူကမေနဲ့တွေ့ဖို့ ချိန်းထားတဲ့ကန်ဘောင်လေးထဲ အရင်ရောက်နေခဲ့တယ်။ မိုးကအရမ်းသည်းတော့ မေလာတာနောက်ကျနေခဲ့တယ်။ မေရောက်သွားတော့ သူမိုးတွေအရမ်းစိုနေပြီ။ မှတ်မိပါသေးတယ် အဲ့နေ့က သူ အင်္ကျီအနီရောင်လေးဝတ်ထားတာကအစ။ပထမဆုံးတွေ့တာဆိုတော့ မေ သူ့အရမ်းမကပ်ရဲဘူး မေ ရှက်လို့‌လေ။ သူ မေ့အနားလေးကပ်လာခဲ့တယ်။ သူရဲ့ထီးလေးနဲ့ပဲ နှစ်ယောက်တူတူဆောင်းရင်း မိုးရေတွေထဲ တွေ့ခဲ့ကြတယ်။ နှစ်ယောက်တူတူ အလုပ်သွားဖို့အပြန်လမ်းလေး မိုးရွာထဲမှာ သူမေ့ပါးလေးကို အနမ်းလေးပေးခဲ့တယ်။ "ကြည်နူးဖို့ကောင်းလိုက်တာ" ။ မကြာမကြာ မေတို့တွေ့ဖြစ်ကြတယ်။ အချိန်တွေလည်းတစ်ပြီးတစ်နှစ်ကြာလာတယ်။ အဆင်ပြေတာယောမပြေတာယောရင်ဆိုင်ခဲ့ကြရတယ်။ ကျေးဇူးပါတယ်နော်ကိုကို အမြဲနားလည်ပေးပြီး ဂရုစိုက်ပေးတဲ့အတွက်ယော ဆိုးတူကောင်းဖက် အနားမှာရှိနေပေးခဲ့တာယော လိုအပ်လာရင်ဘယ်ချိန်ပဲဖြစ်ဖြစ် အမြဲအသင့်ရှိနေပေးခဲ့တာတွေတွက်ယော။ ကိုကိုမရှိလို့မဖြစ်ဘူး ကိုကိုအနားမှာရှိနေရင်ပိုပျော်ရတယ်။ ကိုကိုအနားမှာရှိပေးနေရင်လုံခြုံသလိုခံစားရတယ်။ လူတွေအများကြီးရှိတဲ့ထဲက ကိုကိုနဲ့ဆုံတွေ့ခွင့်ရတာ တဂယ်ကိုကံကောင်းတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ရိုးအီမသွားပဲ တစ်ရက်ထက်တစ်ရက်ပိုပိုချစ်ရပါတယ်ကိုကို။ အတူတူရှိတဲ့ချိန်တွေဆို ဟာသလေးတွေပြောပြီး ပျော်အောင်ထားပေးလို့လဲ အများကြီး ပိုချစ်ရပါတယ်။ ကျန်‌‌တဲ့သက်တမ်း တစ်လျှောက်မှာ ကိုကိုနဲ့ပဲ လက်တွဲသွားချင်တယ်။ ကိုကိုအနားမှာပဲ ရှိနေသွားချင်တယ်။ ကိုကို့ကို အများကြီးချစ်တယ်နော်။#foryou #foryoupage #fpyシ

About