@lwin.aung538: ဘဝခရီးလမ်း ဖြောင့်စေချင် ********************* ဖတ်ကြည့်နော်… #ကိုယ်ကိုယ်တိုင် လျှောက်မယ့်လမ်းကို ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်ရပါလိမ့်မယ်။ နိဗ္ဗာန်ကို မရသေးသမျှ ကာလပတ်လုံး ဘဝခရီးလမ်းတွေ တစ်ခုပြီးတစ်ခု သွားနေရဦးမှာပါ။ အဲဒီလို သွားနေရမယ့်အချိန်အခါမှာ ကိုယ့်ရဲ့ခရီးလမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူး ဖြစ်စေချင်သလား-? ကွေ့တိကွေ့ကောက် ဖြစ်စေချင်သလား-? ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ အဖြေကတော့… ဖြောင့်ဖြောင့်ဖြူးဖြူး ဖြစ်စေချင်ပါတယ်လို့ အဖြေထွက်လာပါလိမ့်မယ်။ ဒါဆိုရင် ကိုယ့်ရဲ့ဘဝခရီးလမ်းကို ဖြောင့်ဖြူးအောင် ဘယ်သူက လုပ်မှာလဲ-? ဘယ်သူ့မှာ တာဝန်ရှိသလဲ-?လို့ ထပ်မေးရင် ကိုယ့်မှာပဲ တာဝန်ရှိပါတယ်နော်… ကိုယ့်ရဲ့ဘဝခရီးလမ်းမှာ… ၁။အသက်ရှည်ရှည် ရောဂါကင်းကင်း နေနိုင်ဖို့အတွက်… ကိုယ်ကလည်း သတ္တဝါမှန်သမျှကို ရောဂါရအောင် မလုပ်ဖို့ အသက်တိုအောင် မလုပ်ဖို့ လိုအပ်လှပါတယ်။ ၂။ချမ်းချမ်းသာသာ အဆင်ပြေပြေ နေနိုင်ဖို့အတွက်ကတော့… သူတစ်ပါးပစ္စည်းဥစ္စာကို ပျက်စီးအောင် မလုပ်မိဖို့ သူတစ်ပါးစီးပွားရေး ထိခိုက်အောင် မလုပ်ဖို့ လိုအပ်လှပါတယ်။ ၃။ကိုယ့်ရဲ့မိသားစုတွေ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် နေကြဖို့အတွက်… ကိုယ်ကလည်း သူတစ်ပါးရဲ့မိသားစု အသိုက်အမြုံလေးကို မဖျက်စီးမိဖို့ လိုအပ်လှပါတယ်။ ၄။ဖြစ်လေရာ ဘဝတိုင်းမှာ ကိုယ့်ရဲ့စကားတွေ သြဇာညောင်းစေဖို့အတွက်ကတော့… ကိုယ်ပြောလိုက်တဲ့ စကားတွေက အမှန်တွေချည်း ဖြစ်ဖို့ လိုအပ်လှပါတယ်။ ၅။ဖြစ်လေရာ ဘဝတိုင်းမှာ ထက်ထက်မြက်မြက် သွက်သွက်လက်လက် ဖြစ်စေဖို့အတွက်… ကိုယ်ဟာ မူးယစ်ဆေးဝါး အရက်သေစာတွေ မသောက်စားမိဖို့ လိုအပ်လှပါတယ်။ ဒီအကြောင်းအင်္ဂါငါးချက်နဲ့ ပြည့်စုံပြီဆိုရင်တော့ ကိုယ်ဟာ ဖြစ်လေရာရာ ဘဝတိုင်းမှာ… အသက်ရှည်ရှည်လည်း နေရမယ်။ ဥစ္စာပေါပေါလည်း နေရမယ်။ မိသားစု စည်းစည်းလုံးလုံးနဲ့လည်း နေရမယ်။ ကိုယ့်စကားဟာ သြဇာညောင်းမယ်။ ကိုယ့်စကားကို လေးစား လိုက်နာကြမယ်။ ကိုယ်ဟာ သွက်သွက်လက်လက် ထက်ထက်မြက်မြက် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်မယ်။ ဒါဆိုရင် ကိုယ့်ရဲ့ဘဝခရီးလမ်းဟာ ဖြောင့်ဖြူးနေတာပဲ မဟုတ်လား-? ဒီလိုဖြောင့်ဖြူးစေဖို့အတွက် သူတစ်ပါးက လုပ်ပေးလို့ မရပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ လုပ်လို့ရတာ ဖြစ်ပါတယ်။ နောက်တစ်ခါ အချိုပေါ် သကာဆင့် ဆိုသလို အဆင်ပြေပြေဖြစ်နေတဲ့ ကိုယ့်ရဲ့ဘဝခရီးလေး အဆင်ပြေသထက် ပြေစေဖို့အတွက် ကိုယ်စွမ်းနိုင်တဲ့ ဒါန သီလ သမထ ဝိပဿနာ တရားတွေနဲ့ပါ ခြံရံလိုက်မယ်ဆိုရင် ကိုယ့်ရဲ့ဘဝခရီးလမ်းဟာ ဖြောင့်တန်းသထက် ဖြောင့်တန်းနေမှာပဲ ဖြစ်ပါတယ်။ #ဒါကြောင့်… အားလုံးသော ဓမ္မမိတ်ဆွေ သူတော်ကောင်းများ… ကိုယ့်ရဲ့ဘဝခရီးလမ်း ဖြောင့်တန်းသထက် ဖြောင့်တန်းအောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါရစေ… မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း ) မဟာအောင်မြေကျောင်းတိုက် နေပြည်တော် တပ်ကုန်းမြို့
အရှင်ပုည( ဝကုန်း )မဟာအောင်မြေ
Region: MM
Friday 30 October 2026 09:25:36 GMT
Music
Download
Comments
ko htwe khin :
မှန်လှပါ
သာဓု သာဓု သာဓုပါဘုရား🙏🙏🙏
2026-10-31 06:55:25
1
Yin Win :
မှန်လှပါအရှင်ဘုရား🥰🥰🥰
2026-10-31 05:03:58
1
Thar Thar :
🙏🙏🙏🙏🙏
2026-10-30 10:56:39
1
Thi La Wa :
မှ န်ပါဘုရား
2026-10-30 10:54:24
1
Daw wine Sein :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-10-30 10:30:57
1
wai💕 :
မှန်ပါတယ်ဘုရား🙏🙏🙏
2026-10-30 09:48:02
1
May May :
🙏🙏🙏🙏🙏🙏🙏
2026-10-30 12:07:49
1
U Phoe Chaw :
သာဓုသာဓုပါဘုန်းဘုန်းဘုရား🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-10-30 14:15:55
1
ချမ်းချမ်း :
မှန်လုပါဘုရား🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-10-30 09:33:18
0
A win :
🙏🙏🙏🙏🙏
2026-10-31 04:12:20
0
New Ni wun :
🙏🙏🙏🙏
2026-10-30 16:03:53
0
@winmawlwin :
🙏🙏🙏🙏🙏🙏🙏
2026-10-30 12:27:11
0
May Tinmar :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-10-30 12:53:42
0
Lay Lay :
👍👍👍
2026-10-30 22:26:13
1
moemoe :
🥰🥰🥰
2026-10-30 16:09:11
1
Venus. :
🙏🙏🙏
2026-10-30 18:07:01
1
Daw Thet Mar Win :
🙏🙏🙏
2026-10-30 14:41:39
1
U Myint Lwin :
[Red heart][Red heart][Red heart]
2026-10-30 09:40:05
1
🍂ႁူဝ်ၸ်ႂမၢတ်ႇမီးႁွႆး🍂 :
[Pray][Pray][Pray]
2026-10-30 09:49:11
1
♥️ Pae Sein Lay♥️ :
[Pray][Pray][Pray]
2026-10-30 10:10:44
1
Daw San Tint :
🙏🙏🙏
2026-10-31 01:57:35
1
May Shwe Shwe :
🙏🙏🙏🙏🙏
2026-10-31 13:10:57
0
ဒေါ်ခင် နွဲ့ :
🙏🙏🙏
2026-11-02 10:57:48
0
Khin OO Kyi :
🙏🙏🙏
2026-11-01 12:38:08
0
DAWhtwenge :
🙏🙏🙏
2026-10-30 13:00:04
0
To see more videos from user @lwin.aung538, please go to the Tikwm
homepage.