@amazingjlc2019: 🇯🇵 ဒီနေ့အထိ ကြိုးစားလေ့လာခဲ့သမျှကို အောင်မြင်မှုအဖြစ် ပြောင်းလဲနိုင်ဖို့ အချိန်သိပ်မလိုတော့ဘူးနော်။ 💪🏻✨ တစ်ရက်ပြီးတစ်ရက် ကြိုးစားလာခဲ့ရင်း ပင်ပန်းခဲ့ရတဲ့ နေ့ရက်တွေလည်း ရှိခဲ့မှာပါ။ တစ်ခါတစ်လေ စိတ်ဓာတ်ကျတာ၊ အားလျော့သွားတာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်လျှောက်နေတဲ့ လမ်းကြောင်းနဲ့ ရောက်ချင်တဲ့ ပန်းတိုင်ကို မမေ့လိုက်ပါနဲ့နော်။ 🌱 ပင်ပန်းလာရင် ခဏလောက် အနားယူပြီး အခက်အခဲတွေကြားကနေ ကြိုးစားလာခဲ့တဲ့ ကိုယ့်ရဲ့အားထုတ်မှုတွေကို ယုံကြည်ပြီး ရှေ့ဆက်လိုက်ပါ။ 💡 JLPT Exam မှာ ကိုယ်သင်ယူလေ့လာထားသမျှကို အကောင်းဆုံး အသုံးချနိုင်ဖို့ ယုံကြည်မှုရှိရှိနဲ့ အဆင်သင့် ပြင်ဆင်ထားပါ။ ✨ မိနစံတို့ရဲ့ ကြိုးစားအားထုတ်မှုတိုင်း အရာထင်ပြီး မျှော်မှန်းထားတဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ 🌷 これまでの努力を信じて、最後まで頑張りましょう。 💪🏻✨ #AmazingJLC #JapaneseLanguageCenter #JLPT #JLPTMotivation #JLPTExam #NeverGiveUp #BelieveInYourself #KeepGoing
AmazingJapaneseLanguageCenter
Region: US
Monday 02 November 2026 01:30:00 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @amazingjlc2019, please go to the Tikwm
homepage.