@yelwinoo8: အနုပညာသမားအချင်းချင်း ဝင်ထွက်သွားလာပြီး ရင်းရင်းနှီးနှီး နေထိုင်စားသောက် ပြောဆိုဆွေးနွေးဖြစ်တဲ့သူတွေ ရှိသလို စိတ်ထဲက တကယ့်ကို ညီရင်းအစ်ကိုလို အပြန်အလှန် လေးစားချစ်ခင်ပြီး အပြင်ဘက်မှာတော့ ကြာကြာမှ တခါလောက် တွေ့ကြပြီး စကားများများ မပြောနိုင်တဲ့ နေရာ၊ မပြောနိုင်တဲ့ အခြေအနေမှာ တွေ့ကြတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်တော်နဲ့ ကိုခင်မောင်တိုးကတော့ ဒုတိယအမျိုးအစားထဲမှာ ပါမှာပေါ့။ (၁၉၇၆) ခုနှစ် ပတ်ဝန်းကျင်လောက်မှာပါ။ ကျွန်တော် အလုပ်သင်ဆရာဝန် လုပ်စဝင်ကာစ အချိန်မှာပေါ့။ အလုပ်သင်ဆရာဝန်တွေကို မန္တလေးပြည်သူ့ဆေးရုံကြီး အနောက်မြောက်ထောင့်မှာရှိတဲ့ နှစ်ထပ်သစ်သားဆောင်ကြီးမှာ နေရာပေးထားပါတယ်။ ကျွန်တော့်အခန်းက အပေါ်ထပ်အခန်း (၁၁) မှာပါ။ အောက်ထပ်မှာ လက်ထောက်ဆရာဝန်​တို့၊ အတိုင်ပင်ခံဆရာဝန်တို့ နေကြပါတယ်။ မှတ်မှတ်ရရ ကျွန်တော်တို့ (The Wind Ones Band) ရဲ့တတိယစီးရီးဖြစ်တဲ့ "ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ" ထုတ်ဝေပြီးကာစ အချိန်မှာပါ။ အဲ့ဒီစီးရီးထဲက "မန္တလေးရောက် ရှမ်းတယောက်" သီချင်းဟာ မျှော်လင့်မထားတဲ့ အတိုင်းအတာတခုထိတိုင်အောင် လူကြိုက်များပြီး တွေ့တဲ့လူတိုင်းက ကျွန်တော့်ကို ထပ်ကာထပ်ကာ ချီးကျုးနေကြတဲ့ အချိန်ကာလပေါ့။ ရန်ကုန်က ရောက်လာတဲ့ တေးရေးကိုသစ်မင်းဆိုလည်း ကျွန်တော့်ကို သီချင်းတွေဆိုပြခိုင်းပြီး (Congratulation) လုပ်နေတဲ့ အခိုက်အခါပေါ့။ အဲ့ဒီမှာ ကိုရဲလွင်၊ ကိုနေဝင်းတို့နဲ့အတူ ကိုခင်မောင်တိုး လည်း ပါလာပါတယ်။ ပထမ စတွေ့ကတည်းက ကိုခင်မောင်တိုးဟာ စကားများများ မပြောတတ်ဘဲ အေးအေးနဲ့ နည်းနည်းပဲပြောပြီး လူကြီးလူကောင်းပုံစံ နေထိုင်ကျင့်ကြံသူပါ။ လူအများကြီး ကျယ်လောင်နေတဲ့ အဆောင်စကားဝိုင်းထဲမှာလည်း သူက သီးခြားဖြစ်နေပါတယ်။ ဒါပေမယ့် ပြောစရာရှိတာကိုတော့ လိုရင်းတိုရှင်းနဲ့ သဘောပေါက်အောင် ပြောတတ်တယ်။ သီချင်းတောင်းရင်လည်း ဘယ်တော့မှ နောက်မတွန့်ဘဲ ဆိုပြတတ်ပါတယ်။ ကိုခင်မောင်တိုးဆိုခဲ့တဲ့ သီချင်းတွေထဲမှာ ကြိုက်တာတွေက အများကြီးပါ။ အစောပိုင်းက ဆိုခဲ့တဲ့ ကိုတင်မောင်လှိုင်ရဲ့ "မျက်သွယ်" လို "ဖြူဖြူစင်စင် ပုလဲလေးတွေကိုမှ ချစ်တယ်လို့ သူက ဆိုလာစဉ် ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ့ မျက်ရည်ပဲခင် ဒါကြောင့်သာပင် လည်မှာ မဆွဲစမ်းပါနဲ့ခင်... ချိုချိုရွှင်ရွှင် စကားအလှတွေ ပျက်သုဥ်း ခုများမှာ မုန်းမေ့နိုင်သူခင် မောင့်မျက်ရည်တွေပင် ခင်ဆင်မြန်းလိုတဲ့ ပုလဲရွှေစင် ဖြစ်စမ်းစေချင် လည်မှာ ဆွဲလှည့်ပါလားခင်..." ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ့မျက်ရည်ပဲမို့ လည်မှာ မဆွဲစမ်းပါနဲ့ခင်ရယ်။ မုန်းမေ့နိုင်သူ ခင့်အတွက် မောင့်မျက်ရည်တွေဟာ ခင်ဆင်မြန်းလိုတဲ့ ပုလဲရွှေစင် ဖြစ်စမ်းစေချင်တယ်။ ဒါမှ လည်မှာ ဆွဲလှည့်ပါလားခင် ဆိုပြီး ရေးထားတော့ ရိုးရိုးလေးနဲ့ နှလုံးသားကို ထိမိစေပါတယ်၊ ခိုက်စေပါတယ်၊ မိုက်လည်း မိုက်ပါတယ်။ နောက်တပုဒ်က နာမည်အကြီးဆုံးလို့ ဆိုရလောက်တဲ့ "မဟာဆန်သူ" ပါ။ ကိုနေဝင်း၊ ကိုမောင်မောင်၊ ကိုရဲလွင်တို့ ရေးတာ။ (Chorus) အပိုဒ် "အကျိုးနဲ့အကြောင်း မလွန်ခင် ရှင်းထားခဲ့ပြီးမှ ဦးလှည့်လို့ ဘယ်ကိုနှင်မှာလဲ ဆုံးဖြတ်တဲ့အတိုင်း မင်းရဲ့ကံပေါ့" ဆိုတာလေးကို ကြားရမှ ပိုမိုပြီး သဘောပေါက်လာရတဲ့ တပုဒ်ပါ။ မြှောက်ပင့်တဲ့ကြားက ခွဲခွာသွားရင်း ဘယ်သူမပြု မိမိမှု ဆိုတဲ့အတိုင်း မင်းထိုက်နဲ့ မင်းကံပဲပေါ့။ အနားတိုး လှမ်းလာသူ ရပ်တန့်သွားအောင် အနောက်ဘက်မျက်နှာ ကျားကွက်ရွှေ့လိုက်တယ်ပေါ့။ နေပါစေလေ မဟာဆန်သူရေ မလှမ်းနဲ့တော့ ဆိုတဲ့ အပိုဒ်တွေဟာ ကဗျာဆန်ဆန် လှပချက်က အလွန်ပါပဲ။ "မလာမယ့်လမ်း" ကတော့ နောက်ထပ် ကျွန်တော်ကြိုက်တဲ့ တပုဒ်ပါပဲ။ ကိုနေဝင်းနဲ့ ကိုရဲလွင် ရေးတာပါ။ မျှော်နေတုန်းမှာ မျှော်ရတာများလို့ ဆက်ဖို့ ခက်ခဲလို့ အမုန်းတရားတောင် ပြောင်းသွားကုန်ပြီ။ နေနှင့်ဦးကို ပြောလိုက်မိတာ လက်စားချေချင်တဲ့သဘောနဲ့မို့ ထင်တယ်။ အဲ့ဒါဆိုရင်လည်း ရှုံးပြီဆိုတဲ့သဘောလား မသိ။ လွတ်လပ်ခြင်းဘဝမှာ ငြိမ်းချမ်းတဲ့အချစ်ဟာ မင်းတို့ရဲ့ ဆုံးဖြတ်တဲ့ ကြင်နာမှုတွေကြောင့် ဝေးသွားပြီလေ။ အကြိုက်ဆုံးကတော့ ဆုံးဖြတ်တဲ့ ကြင်နာမှု ဆိုတာပါပဲ။ ကြင်နာမှုဆိုတိုင်း ကြင်နာတယ် မထင်ပါနဲ့ပေါ့လေ။ ကျွန်တော်တို့ခေတ်တုန်းက တွံတေးသိန်းတန်ရဲ့ ထွေးညို၊ စန္ဒရားလှထွဋ်ရဲ့ သံသရာတကွေ့ဝယ်နဲ့ စတီရီယိုခေတ်ဦးက ထွက်ခဲ့တဲ့ အကော်ဒီယံအုန်းကျော်၊ တက္ကသိုလ်ထွန်းနောင်တို့ရဲ့ သီချင်းတွေကိုလည်း စွဲလမ်းခဲ့ရတာပါပဲ။ နောက်ပိုင်း ကိုနေဝင်း၊ ကိုမောင်မောင်၊ ကိုရဲလွင်တို့၊ ကိုခင်မောင်တိုးတို့ရဲ့သီချင်းတွေကိုလည်း လက်ဖျားခါရပြန်တယ်။ ဒီလိုပါပဲ ငယ်တယ်ကြီးတယ်ဆိုတာ မရှိပါဘူး။ ပတ်ချာရိုက်ပြီး ကြိုက်ကြတာပဲလေ။ အဲ့ဒီတော့ ကိုမောင်မောင်၊ ထူးအိမ်သင်၊ စိုင်းထီးဆိုင်၊ ကိုသစ်မင်း၊ ကေအေတီ၊ ကိုခင်မောင်တိုးတို့ကတော့ တာဝန်ကျေစွာနဲ ထွက်ခွာသွားခဲ့ကြပါပြီ။ ကျန်ခဲ့တဲ့ ကျွန်တော်တို့ကတော့ တတ်သလောက် မှတ်သလောက်နဲ့ ဆက်လက်ကြိုးစားရပါဦးမယ်။ အားလုံးကို လေးစားလျက် စိုင်းခမ်းလိတ် (၂၉.၃.၂၀၁၃) #ခင်မောင်တိုးအမှတ်တရစာစုများ #စိုင်းခမ်းလိတ် #မျက်သွယ်_တင်မောင်လှိုင် #ခင်မောင်တိုး

Ye' Lwin Oo
Ye' Lwin Oo
Open In TikTok:
Region: TH
Friday 30 October 2026 10:02:28 GMT
5837
434
20
10

Music

Download

Comments

aat3367
AAT :
ကြိုက်နှစ်သက်ရသောတေးရေး၊တေးဆိုတွေပါ
2026-10-30 13:09:05
1
khinelinn213
Khine Linn :
ဆရာကြီးရဲ့နှိမ့်ချတတ်ပုံနဲ့ခေတ်ပြိုင်တွေအပေါ်လေးစားတတ်တဲ့စိတ်တွေကိုအတုယူစရာပါဗျာ။
2026-10-30 10:15:14
4
mardaygar7
MarDayGar :
ဆရာ့သီချင်းတွေကိုငယ်ငယ်ကတည်းကကြိုက်ကိုယ်နဲ့မဆိုင်တဲ့သခင်ဆီအပြေးပြန်လာမည် လိုချင်တာမိဘုရားညားတော့ဘုရင်မ မိုးလင်းမိုး အညာကိုပြန်ချင်တယ် နမ်းခမ်းနွဲ့အတွက်သီချင်းတပုဒ် အိမ်ထောင်မရှိသားသမီးမရှိဘဲကြိုက်ခဲ့တာကြောင့်လားမသိဘူး ခုချိန်ထိလူပျိုကြီးဖြစ်နေတယ် ခုအကြိုက်ကတော့နှလုံးလမ်းကြောင်းမှာကျွန်းခံနေတယ် ပေါ့ဗျာ
2026-10-30 13:48:29
1
user3439248301926
eimon :
စိတ်အေးချမ်းတယ်ခံစားမှု့ကောင်းတယ်ကလေးဘဝကတည်းကဖေဖေကအမြဲဖွင့်လို့နားထောင်ရတယ်သီချင်းတွေကိုကြိုက်တယ်လေးစားရတဲ့အဆိုတော်ကြီးတွေပေါ့
2026-10-30 13:26:48
1
myoe.thu.ya6
MYOE :
ဆရာစိုင်းခမ်းလိတ် လေးစားပါတယ်🥰
2026-10-30 13:35:31
1
ko_ko_zaw007
KoKoZaw :
ကျနော်တို့ခေတ်ကအဆိုရှင်တွေရောတေးရေးဆရာတွေရောအပြစ်ပြောစရာမရှိအောင်ကိုတော်ခဲ့ကြတယ်ဗျ ခုခေတ်မှာလည်းကျနော်ကြိုက်တဲ့အဆိုရှင်တေးရေးဆရာများလည်းရှိပါတယ်🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-10-30 10:33:11
2
ko.nyein.nway
Nyein Nway Lin :
တကယ်ကြိုက်နှစ်သက်တဲ့ တေးရေးဆရာနဲ့ အဆိုတော်ပါဗျာ။
2026-10-30 10:18:32
2
aung.aung.zaw130
Aung Aung Zaw :
ဘဝထဲတိုးပြီးဝင်လာတဲ့အသ်54ဆရာတို့သချင်းတွေရဲ့နက်ရိူင်းမူကိုသိလာရတယ်
2026-10-30 14:05:57
0
user7113400726136
ဘဘချစ်တဲ့သားသား :
🥰
2026-10-30 12:01:02
1
user2093294636554
freeman :
🥰🥰ဆရာလိတ်ကိုယ်စိတ်နှစ်ပါးအေးချမ်းပါစေ🥰
2026-10-30 13:34:53
1
paw.oo11
paw oo :
🥰🥰🥰🥰🥰🥰🙏🏻
2026-10-30 12:11:57
1
u.tun7346
u tun :
🥰🥰🥰
2026-10-30 11:04:42
1
khinzaw391
အညာသားလေကျန်တော် :
❤️❤️❤️❤️❤️
2026-10-30 11:56:16
0
soenaingoo689
Soe Naing Oo :
❤️❤️❤️
2026-10-30 11:28:46
0
To see more videos from user @yelwinoo8, please go to the Tikwm homepage.

Other Videos


About