@myanmar_now: တိုက်ခိုက်ရေးဒရုန်းတွေ မြောက်ကိုရီးယား စမ်းသပ်၊ ဒရုန်းနည်းပညာမှာ အသာစီးရဖို့ ကင်ဂျုံအွန် ညွှန်ကြား ခေတ်သစ်စစ်ပွဲတွေမှာ ဒရုန်းနည်းပညာနဲ့ ပတ်သက်ပြီး အကြွင်းမဲ့ အသာစီးရရှိဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ညွှန်ကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြောက်ကိုရီးယားဟာ အသေခံတိုက်ခိုက်ရေး ဒရုန်းတွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ ဒုံးပစ်လောင်ချာစနစ်တွေကို စမ်းသပ်ပြသခဲ့ပါတယ်။ အောက်တိုဘာ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ စစ်လက်နက်နည်းပညာပြပွဲနဲ့ လက်နက်စမ်းသပ်မှုတွေကို ကင်ဂျုံအွန်ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က အောက်တိုဘာ ၃၀ ရက်နေ့မှာ ဖော်ပြပါတယ်။ စမ်းသပ်မှုတွေအတွင်း ပစ်မှတ်ကို တိုက်ရိုက်ဝင်တိုက်ပြီး ပေါက်ကွဲစေတဲ့ အသေခံ တိုက်ခိုက်ရေးဒရုန်းတွေ၊မြေပြင်ပစ်မှတ်တွေကို ဒုံးကျည်နဲ့ တိုက်ခိုက်နိုင်တဲ့ ဘက်စုံသုံး ဒရုန်းတွေနဲ့ ခရုဇ်ဒုံးကျည်တွေ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ၆၀၀ မီလီမီတာ ဒုံးပစ်လောင်ချာစနစ်တွေကိုလည်း စမ်းသပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရရဲ့ ထုတ်ပြန်ချက်အရ စမ်းသပ်ခဲ့တဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေဟာ ကျွန်းတကျွန်းပေါ်မှာသတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို တိကျစွာ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စမ်းသပ်မှုရလဒ်တွေကို လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေက အတည်မပြုနိုင်သေးပါဘူး။ ကင်ဂျုံအွန်ကတော့ ခေတ်သစ်စစ်ပွဲတွေရဲ့ ပုံစံတွေ အဆက်မပြတ် ပြောင်းလဲနေတဲ့အတွက် ဒရုန်းနည်းပညာမှာ အကြွင်းမဲ့ အသာစီးရရှိဖို့ဟာ မဖြစ်မနေ ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဉာဏ်ရည်တုနည်းပညာလို့ခေါ်တဲ့ AI ကို မောင်းသူမဲ့လက်နက်စနစ်တွေမှာ ပိုအသုံးပြုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ဒီစမ်းသပ်မှုတွေနဲ့ တချိန်တည်းမှာပဲ အရှေ့ဘက်ပင်လယ်ပြင်ဆီ တာတိုပစ်ပဲ့ထိန်းဒုံးကျည် ၁၀ စင်းခန့် ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ထားပါတယ်။ အဲဒီဒုံးကျည်တွေဟာ ကီလိုမီတာ ၂၅၀ လောက် ဝေးတဲ့အထိ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ ဒရုန်းနည်းပညာ တိုးမြှင့်ဖို့ ကြိုးပမ်းမှုဟာ ရုရှား–ယူကရိန်းစစ်ပွဲနဲ့လည်း ဆက်စပ်နေပါတယ်။ မြောက်ကိုရီးယားဟာ ရုရှားကို စစ်ကူတပ်ဖွဲ့တွေ စေလွှတ်ထားပြီး တောင်ကိုရီးယား ထောက်လှမ်းရေးအချက်အလက်တွေအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလကစပြီး မြောက်ကိုရီးယားစစ်သည် ၁၆,၀၀၀ ကျော် ရုရှားဘက်ကနေ စစ်ကူတိုက်ခိုက်ဖို့ စေလွှတ်ခံခဲ့ရပါတယ်။ အဲဒီစစ်သည်တွေဟာ ယူကရိန်းစစ်မြေပြင်မှာ ဒရုန်းစစ်ဆင်ရေးနဲ့ အီလက်ထရွန်နစ်စစ်ဆင်ရေးဆိုင်ရာအတွေ့အကြုံတွေ ရရှိခဲ့တယ်လို့ တောင်ကိုရီးယားဘက်က သုံးသပ်ထားပါတယ်။ ဒီအတွေ့အကြုံတွေကို မြောက်ကိုရီးယားရဲ့ ကိုယ်ပိုင်လက်နက်နည်းပညာ ဖွံ့ဖြိုးရေးမှာ ပြန်အသုံးချနိုင်တာကြောင့် တောင်ကိုရီးယားနဲ့ အမေရိကန်အတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကတော့ စစ်ရေးအင်အား တောင့်တင်းခြင်းဟာ ငြိမ်းချမ်းရေးကိုအာမခံနိုင်တဲ့ နည်းလမ်းဖြစ်တယ်လို့ ပြောကြားခဲ့ပြီး နိုင်ငံရဲ့ စစ်လက်နက်နည်းပညာတွေကို ဆက်လက် အဆင့်မြှင့်တင်သွားမယ်လို့ အလေးပေး ပြောဆိုခဲ့ပါတယ်။ #MyanmarNow #NorthKorea #KimJongUn #MilitaryDrones #Drone

Myanmar Now
Myanmar Now
Open In TikTok:
Region: TH
Friday 30 October 2026 12:30:00 GMT
363082
17082
142
304

Music

Download

Comments

user942238504
hh :
လုပ်တာတော့လုပ်နေတာပဲ တကယ်တိုက်ရင်တော့ ဘယ်လိုလာမလဲမသိဘူး ရုရှားတောင် ယူကရိန်းနဲ့ဒစ်လည်နေတယ်😁
2026-10-30 15:03:57
27
levi644224
LEVI :
တရုတ်နဲ့မြောက်ကိုရီးယားကအမေရိကန်ကိုပါးစပ်ကသာမုန်းတာဟသူတို့စစ်နက်လက်တွေကြည့်လိုက်အကုန်လုံးငပွဆီကနေကူးချတာ
2026-10-30 13:39:47
52
lu.o033
LU O :
အဲ့နိုင်ငံကို တစ်ကမ္ဘာလုံးကခေတ်နောက်ကျတဲ့နည်းပညာနဲ့ ချောင်ပိက်ခံထားရသလိုလို ပုံဖော်ပြီးဘာမျှနည်းပညာမရှိဘူးထင်အောင် ဝါဒဖြန့်ခံနေရတာကို ဘယ်လိုဖြစ်ပြီးသူတို့က ဒီဂျတယ်နည်းပညာတွေ လက်နက်နည်းပညာတွေမှာ ရှေ့ကပေါ်ပေါ်လာပါလိမ့်၊ ဟိုက်ပါဆိုနစ်ဆိုလဲ ထုက်ပြလိုက်တာပဲ ဟက်ကာပညာကွန်ပျူတာဆိုလဲ ရှေ့ကထွက်လာတာပါပဲ၊အခုဒရုန်းဆိုလဲ လုပ်ပြလိုက်တာပဲ၊ သူတို့ကိုဘယ်သူတွေကနည်းပညာမျှဝေထားပါလိမ့်နော်....🤔🤔🤔
2026-10-30 17:04:17
10
bhomemunnta
🇲🇲🇱🇹🇲🇰 🇲🇲 :
စစ်အင်အားတောင့်တင်းခြင်းဟာ နိုင်ငံ ငြိမ်းချမ်းရေကိုအာမခံနိုင်တဲ့နည်းလမ်းသိပ့်မှန်လိုက်တဲ့စကားပဲနိုင်ငံကိုအုပ်ချုပ်နေတဲ့ခေါင်းဆောင်ဟာနိုင်ငံ ကာကွယ်ဖို့
2026-10-31 05:11:58
7
uwinshein7
uwinshein7 :
ဒို့နိုင်ငံကြီးကိုလည်းစစ်အင်အားတောင့်တင်းတဲ့နိုင်ငံဖြစ်ချင်တယ်၊စစ်အင်အါးမတောင့်လို့စစ်တိုင်းကြီးနှစ်တိုင်း ကျသွားတာ
2026-10-30 16:40:52
5
iize7788
iize :
မောင်ကင်ရဲ့သမီးကိုပဲသနားတယ် အပြစ်ကင်တဲ့မျက်နှာလေးနဲ့ဘာမှမသိရှာဘူး
2026-10-31 03:07:59
0
cobra350.com
J⚽🅿 :
သေပီဆို
2026-10-31 03:46:12
2
win.oo472
Win Oo :
လှပနေတဲ့ကမ္ဘာကြီးကိုဖျက်ဆီးနေတာလူသားတွေဘဲ
2026-10-31 03:45:28
0
user381954337883
Godfather :
တတိယကမ္ဘာစစ်ကအနှေးနဲ့အမြန်ဖြစ်ကိုဖြစ်တော့မှာ
2026-10-30 15:51:35
0
yujiq93
Folk🗿 Memory🗿 :
သူများနိုင်ငံကာကွယ်ရေးတွေလုပ်နေချိန် ကိုယ်ဒေနိုင်င်ကတော့😓😓
2026-10-30 15:22:26
1
win.maw9979
Ko Win Maw :
မှန်တယ်သူနိုင်ငံသူကာကွယ်ရေးလုပ်တာ
2026-10-30 14:25:40
6
kaungkaung1146
kaungkaung1146 :
တစ်ကမ္ဘာလုံးက မေတ္တာလက်နှက်တစ်ခုတည်းသာတည်ဆောက်ထားရှိကြမယ်ဆိုရင် ကုန်ကျစရိတ်မရှိပဲအေးချမ်းသာယာစေမှာအမှန်ပါပဲ🥺🥺🥺🥰🥰🥰
2026-10-31 02:14:46
3
wine.chit480
Wine Chit :
ကြမ်းပီဟဘက်စုံကိုပဲ
2026-10-31 03:23:11
2
thihakokopyone
Thiha Ko Ko Pyone :
အာဏာရှင်လုပ်ချင်ရင်လဲ ခေတ်နဲ့အညီ စစ်လက်နက်တွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့နည်းပညာရှိရမယ် ဘာပညာမှမရှိဘဲ လက်နက်ကိုင်လဲ မုဆိုးအဆင့်ဘဲ ဖြစ်မယ်
2026-10-31 01:22:15
1
phyomgmg660
𝓟𝓱𝔂𝓸 𝓜𝓪𝓾𝓷𝓰 𝓜𝓪𝓾𝓷𝓰 :
အဲ့လိုတွေပြနေချိန် တောင်ကိုရီးယားက မှန်ပြောင်းတွေနဲ့ ကြည့်ပြီးတော့ မလှောင်နေဘူးလား
2026-10-30 21:59:37
0
user3538212815014
Ko Kyaw :
အဲ့လို ခေါင်း ဆောင်မျိုးမကြိုတ်တာ ပြတ်သားတယ် ကိုယ့်နိုင်ငံအတွက်ဆို ဘယ် ကောင်ဂရုမစိုက်ဘူး
2026-10-31 14:05:18
0
user459588705
တိုနေဇာ :
မယူဘူ
2026-10-30 13:45:32
1
baaye155
BaAye :
2026-10-30 13:22:34
0
aungkyawkyawoo71
aungkyawkyawoo :
မြောက်ကိုရီးယားရဲ့ ဒရု့းလက်နက်စင်ကတော့ အစီးတစ်ထောင်မကပဲ
2026-10-31 09:08:39
0
ba.maung808
Ba Maung :
👍👍👍
2026-10-31 08:02:28
0
nga.htun190
Nga Htun :
15စင်းပါ 10စင်းမဟုတ်ပါဘူး
2026-10-31 09:09:45
0
chit.thit.lwin
Chit Thit Lwin :
မြန်မာကအတုယူရမှာ အခုတော့တပ်မတော်ကနောက်ကျကျန်ခဲ့ပြီ
2026-10-31 12:00:42
0
u.tint118
U Tinn :
မြန်မာပြည်က လေဂွ ကိုမမှီပါဘူကွာ
2026-10-31 11:22:42
0
user2801234251713
ပဥ္စရူပ :
အခုပုံမြင်ရတော့ငါဖတ်ခဲ့တဲ့အိမ်ရှေ့စံကိုတော်ကြီးအမှတ်ရလိုက်တာအောင်ပင်လဟ်ထွက်တာ
2026-10-31 10:15:22
0
usoe5755
USoe :
နိုပါ အားမပေးပါ 12v သုံရငိတောင် 500w 10a လောက်စားတယ် ဘထ္ထရီသက်တန်ဆယတိုနိုင်
2026-10-30 13:33:06
0
To see more videos from user @myanmar_now, please go to the Tikwm homepage.

Other Videos


About