@kaung_satt_san: ဘုရင်ကိုတောင် စာအုပ်ငှားမပေးခဲ့တဲ့ Oxford စာကြည့်တိုက်ကြီးရဲ့ လူသိနည်းတဲ့ လျှို့ဝှက်ချက် (၇) ချက် အင်္ဂလန်နိုင်ငံ Oxford မြို့လယ်မှာ နှစ်ပေါင်းရာချီ သမိုင်းကြောင်းတွေကို ထိန်းသိမ်းထားတဲ့ Bodleian လို့ခေါ်တဲ့ စာကြည့်တိုက်ကြီးရှိပါတယ် လှပတဲ့ ရှေးဟောင်းအဆောက်အအုံတွေနဲ့ စာအုပ်သန်းပေါင်းများစွာကြောင့် ကျော်ကြားပေမဲ့ ဒီစာကြည့်တိုက်ရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားစရာ ဖြစ်ရပ်မှန်တွေ ရှိပါတယ်။ နံပါတ် ၁ ကတော့ ဘုရင်တစ်ပါးရဲ့ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့တာပါ 1645 ခုနှစ်၊ အင်္ဂလန်ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ကာလမှာ ဘုရင် Charles I ဟာ Oxford မှာ ရှိနေခဲ့ပါတယ်။ တစ်နေ့မှာ ဘုရင်က Bodleian Library ထဲက စာအုပ်တစ်အုပ်ကို ငှားယူဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ Librarian ဖြစ်သူ John Rous က ငြင်းပယ်ခဲ့ပါတယ်။ အကြောင်းရင်းက စာကြည့်တိုက်ရဲ့ စည်းမျဉ်းအရ စာအုပ်တွေကို အပြင်ငှားခွင့် မရှိလို့ပါ။ ဒါဟာဘုရင်ဖြစ်နေပေမဲ့ စည်းမျဉ်းကို ခြွင်းချက်မပေးခဲ့တာ ဖြစ်ပါတယ်။ နံပါတ် ၂ အနေနဲ့ တစ်ချိန်က စာအုပ်တွေကို သံကြိုးနဲ့ ခတ်ထားခဲ့ပါတယ် ယနေ့ခေတ်မှာ စာအုပ်တစ်အုပ်ကို သံကြိုးနဲ့ ခတ်ထားတယ်ဆိုရင် ထူးဆန်းနေပါလိမ့်မယ်။ဒါပေမဲ့ Bodleian ရဲ့ Duke Humfrey’s Library မှာ ရှေးယခင်က စာအုပ်တွေကို စာအုပ်စင်တွေနဲ့ သံကြိုးချည်ထားခဲ့ပါတယ်။ အဲဒီခေတ်မှာ စာအုပ်တွေဟာ လက်နဲ့ကူးရေးရတာများပြီး အလွန်တန်ဖိုးကြီးခဲ့ပါတယ်။ ဒါကြောင့် ပျောက်ဆုံးခြင်းနဲ့ ခိုးယူခံရခြင်းတွေကို ကာကွယ်ဖို့ သံကြိုးတွေ အသုံးပြုခဲ့ကြတာပါ။ နံပါတ် ၃ ကတော့ စာကြည့်တိုက်ထဲ ဝင်ဖို့ ကျမ်းကျိန် ကတိသစ္စာပြုရတာပါ။ Bodleian Library မှာ Reader’s Oath ဆိုတဲ့ ရှေးဟောင်းအစဉ်အလာ ရှိပါတယ်။ စာဖတ်သူတွေဟာ စာအုပ်တွေကို မဖျက်ဆီးဖို့၊ ခွင့်ပြုချက်မရှိဘဲ အပြင်မယူဖို့နဲ့ စာကြည့်တိုက်ထဲ မီးမသုံးဖို့ ကတိပြုရပါတယ်။ ဒီအစဉ်အလာဟာ 1602 ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ယနေ့အထိ ဆက်လက်ထိန်းသိမ်းထားပါတယ်။ ကျမ်းကျိန်ဖို့အတွက်လည်း ဘာသာပေါင်း ၁၀၀ ကျော်အထိ ဘာသာပြန်ထားပေးပါသေးတယ်။ နံပါတ် ၄ ကတော့ စာကြည့်တိုက်ကြီးတစ်ခုလုံးက စာအုပ်တွေ ဆုံးရှုံးခဲ့ဖူးပါတယ် Bodleian ရဲ့ ရှေးအကျဆုံးအပိုင်းဖြစ်တဲ့ Duke Humfrey’s Library ကို 1488 ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ 1550 ခုနှစ်မှာ ဘာသာရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ဆက်စပ်ပြီး စာအုပ်တွေကို ဖယ်ရှားခဲ့ကြပါတယ်။ အချို့ကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စာကြည့်တိုက်ဟာ ဆယ်စုနှစ်များစွာ အသုံးမပြုနိုင်တော့ပါဘူး။ နောက်ပိုင်း Sir Thomas Bodley က ပြန်လည်တည်ဆောက်ပေးခဲ့ပြီး 1602 ခုနှစ်မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ နံပါတ် ၅ ကတော့ အေးစက်မှောင်မိုက်တဲ့ စာကြည့်တိုက်ထဲမှာ စာဖတ်ခဲ့ကြရတာပါ။ ယနေ့လို မီးအလင်းရောင်နဲ့ Heating System တွေ ရှိမနေခဲ့ပါဘူး။ Heating System ကို 1845 ခုနှစ်မှ စတင်အသုံးပြုခဲ့ပြီး Artificial Lighting ကိုတော့ 1929 ခုနှစ်မှ ရရှိခဲ့ပါတယ်။ 1831 ခုနှစ်မှာ တစ်နေ့ ပျမ်းမျှ စာဖတ်သူ ၃ ဦးမှ ၄ ဦးခန့်သာ ရှိခဲ့ပါတယ်။ ဒီနေ့ လူစည်ကားနေတဲ့ စာကြည့်တိုက်ကြီးဟာ တစ်ချိန်က အလွန်တိတ်ဆိတ်ခဲ့တာပါ။ နံပါတ် ၆ ကတော့ Oxford ရဲ့ မြေအောက်မှာရှိတဲ့ လျှို့ဝှက်စာကြည့်တိုက်ပါ Gladstone Link လို့ခေါ်တဲ့ ဒီနေရာဟာ Old Bodleian Library နဲ့ Radcliffe Camera ကို ဆက်သွယ်ထားပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း William Gladstone ကို ဂုဏ်ပြုမှည့်ခေါ်ထားတာဖြစ်ပြီး 2011 ခုနှစ်မှာ ပြန်လည်ပြုပြင်ဖွင့်လှစ်ခဲ့ပါတယ်။ ယနေ့မှာတော့ မြေအောက်နှစ်ထပ်ပါဝင်တဲ့ စာဖတ်ခန်းအဖြစ် အသုံးပြုနေဆဲ ဖြစ်ပါတယ်။ နံပါတ် ၇ အနေနဲ့ကတော့ စာအုပ်တွေတင်မက Digital History ကိုပါ ထိန်းသိမ်းထားတာပါ။ 1610 ခုနှစ်မှာ Bodleian ဟာ အင်္ဂလန်မှာ ထုတ်ဝေတဲ့ စာအုပ်တွေကို လက်ခံရယူနိုင်ဖို့ သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။ ယနေ့မှာတော့ Legal Deposit Library တစ်ခုဖြစ်ပြီး စာအုပ်တွေအပြင် သတ်မှတ်ချက်ပြည့်မီတဲ့ Digital Publications နဲ့ Websites တွေကိုပါ ထိန်းသိမ်းနိုင်ပါတယ်။ Bodleian Libraries တစ်ခုလုံးမှာ Printed Items ၁၃ သန်းကျော် ရှိပါတယ်။ နောက်ဆုံးအနေနဲ့ အံ့ဩဖို့ကောင်းတဲ့ အချက်နှစ်ခုကိုလည်း ပြောပြချင်ပါတယ်။ Oxford University Press က တစ်ကမ္ဘာလုံးမှာ အကြီးဆုံး university press ဖြစ်ပါတယ်။ အရမ်းကို စာဖတ်အားကောင်းပြီး စာဖတ်ပါတယ်ဆိုရင်တောင် Bodleian libraries မှာရှိတဲ့ စာအုပ်တွေကုန်အောင်ဖတ်ဖို့ဆိုရင် ဘဝပေါင်း ၆၀၀ လောက် လိုပါတယ်။ နှစ် ၆၀၀ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီစာကြည့်တိုက်မှာ ‘20 slides’ လို့ နာမည်ပေးထားတဲ့ ချိစ်ပြားအချပ် ၂၀ နဲ့ ပြုလုပ်ထားတဲ့ စာအုပ်လည်း ရှိသလို Bodleian Libraries မှာ ရှိတဲ့ စာအုပ်တွေအားလုံးထဲမှာ ‘German ABC’ လို့နာမည်ပေးထားတဲ့ စာအုပ်ကအသေးဆုံးပါ။ 3*2.5 မီလီမီတာပဲရှိပါတယ်။ တစ်ချိန်က ကမ္ဘာအသေးဆုံးစာအုပ်လည်းဖြစ်ခဲ့ဖူးပါတယ်။ အားလုံး နောက်ထပ်ရော ဘာတွေသိချင်ကြသေးလဲ? #OxfordUniversity #BodleianLibrary #UniversityFacts #StudyInUK #MyanmarStudents
Kaung Satt San
Region: GB
Friday 30 October 2026 15:00:50 GMT
Music
Download
Comments
Myint Myat Aung :
time machine သာတကယ်လုပ်နိုင်ရင်စာအုပ် စစ်ပွဲရော သမိုင်း စာမေးပွဲပါမရှိကအောင် ေတွကိုပါအကုန်ပြင်လိုက်ချင်တယ်နောက်ပြီးအတိတ်ကမိန်းကလေးကိုလက်ရှိအချိန်ခေါလာလို့မရရင်တစ်ယောက်ပြီးတစ်ယောက်ယူခဲ့လိုက်မယ်သမိုင်းတွေမာလဲနာမည်လူပုံပါသမိုင်းတွင်အောင်လုပ်ခဲ့လိုက်ချင်တယ်
2026-10-30 20:28:30
101
FL ౨𝓃ৎ♾️ :
သီချင်းကြားဝာာနဲ့ Harry Potter သိတရ🙂↕️
2026-10-31 02:34:49
145
W♍ :
ဆရာမနုနုရည်အင်းဝလည်းရေးထားသေးတယ် သူကျမ်းကျိန်ရတဲ့အကြောင်းလေ
2026-10-31 03:04:43
17
♈ Phyo Thant Kyaw Zin ♈ :
King Charles I
နဲ့ Oliver Cromwell ဖြစ်စဉ်က နာမည်ကြီးပဲဗျ။
2026-10-30 17:38:38
3
Thuya Kyaw👻🎙️ :
Oxford
2026-10-31 00:16:04
2
𝕹𝖚𝖗 𝕾𝖆𝖉𝖊𝖐𝖆✍🇲🇾💞 :
အားကျရတဲ့တက္ကသိုလ်[Heartwarming]
2026-11-01 05:35:31
3
ßæ2 Çh93☠️ :
ဘုရင်းကိုငြင်းတာ မြန်မာဘုရင်တေမဟုလို့ပေါ့😂😂
2026-11-19 00:19:36
0
အချစ်မငတ်ဘူးးးထမင်းငတ်တယ်😪 :
မိုက်တာကွားးး
2026-11-11 03:44:42
1
"拡張" Terron :
waley walker chocolate ကားထဲက နေရာရီဟ
2026-11-15 02:52:53
0
Luciuss Dream :
Alexander စာကြည့်တိုက်မီးလောင်တာကိုဘယ်လိုထင်လဲ
တန်ဖိုးဖြတ်မရတဲ့
2026-10-31 03:32:25
4
KALYAR*** :
ဝင်ပီးဖတ်ပြလိုမြရဘူးလား
2026-11-07 04:38:54
0
zai :
ဘာလို့မငှားတာ
2026-10-30 17:46:10
1
TOP ONE Gaming :
မြန်မာမှာဆိုရင်အဲ့ဒီစာကြည့်တိုက်မှုးအစအနတောင်ရှာလို့ရတော့မှာမဟုတ်ဘူးသေချာတယ်😂😂
2026-11-01 17:14:45
1
Chit Oo :
😳😳😳
2026-10-30 16:13:59
1
zAy.vEo..🀄 :
😂😂😂
2026-10-30 16:30:42
2
To see more videos from user @kaung_satt_san, please go to the Tikwm
homepage.