@kaidameurmokhtari: #نشاطات_للاطفال #انشطة_اطفال #اطفال_التيك_توك #اشغال_يدوية💗 #تعليم_الأطفال

🌟عالم طفلي 🤱 مع ماما
🌟عالم طفلي 🤱 مع ماما
Open In TikTok:
Region: DZ
Friday 30 October 2026 15:05:04 GMT
36448
764
6
345

Music

Download

Comments

rojava..afrin.366
Sîsin N Hacî :
🤣صعبه
2026-11-04 07:11:51
0
user9800747122707
معلمة🌺 :
2026-11-02 22:36:35
0
user9798818209887
صدقه جاريه على روح محمود كريم :
😂
2026-10-31 10:26:18
0
hazz.arr
Hazz💖 arr :
👍👍👍🥰
2026-10-30 21:10:14
0
hazz.arr
Hazz💖 arr :
😂😂😂
2026-10-30 21:10:02
0
ismailjalal.shasw
ismailjalalshaswa :
😁😁😁
2026-11-01 10:53:24
0
To see more videos from user @kaidameurmokhtari, please go to the Tikwm homepage.

Other Videos

ကင်ဆာ” ဆိုတဲ့ စကားလုံးကို ကြားလိုက်ရုံနဲ့ မျှော်လင့်ချက်ကို လက်လွှတ်လိုက်စရာ မလိုပါဘူး။ အရေးကြီးတာက ကင်ဆာအဆင့်နဲ့ သင့်တော်တဲ့ ကုသမှုကို အချိန်မီရရှိဖို့ပါ။ အစာအိမ်ကင်ဆာလို့ အတည်ပြုလိုက်ရတဲ့အခါ လူနာနဲ့ မိသားစုဝင်တွေ အရင်ဆုံးသိချင်ကြတာက “ကုသလို့ရပါသလား” ဆိုတဲ့ မေးခွန်းပါပဲ။ အဖြေကတော့ အစာအိမ်ကင်ဆာဟာ ကုသနိုင်တဲ့အခြေအနေတွေ ရှိပါတယ်။ ဒါပေမဲ့ ရောဂါအဆင့်၊ ကင်ဆာအမျိုးအစားနဲ့ လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပါတယ်။ ✅ ၁။ အစာအိမ်ကင်ဆာကို ဘယ်လိုကုသသလဲ။ (က) ခွဲစိတ်ကုသခြင်း (Surgery) ကင်ဆာဟာ အစာအိမ်အတွင်းပိုင်းမှာပဲ ရှိနေပြီး သင့်တော်တဲ့အခြေအနေဖြစ်ရင် ခွဲစိတ်ကုသခြင်းက အရေးကြီးတဲ့ ကုသမှုတစ်ခု ဖြစ်ပါတယ်။ ကင်ဆာရဲ့ တည်နေရာနဲ့ ပျံ့နှံ့မှုအပေါ်မူတည်ပြီး အစာအိမ်ရဲ့ အစိတ်အပိုင်းတစ်ခု သို့မဟုတ် အစာအိမ်တစ်ခုလုံးကို ဖယ်ရှားရနိုင်ပါတယ်။ လိုအပ်ပါက အနီးအနားရှိ ပြန်ရည်ကျိတ်တွေကိုလည်း ဖယ်ရှားစစ်ဆေးနိုင်ပါတယ်။ အချို့သော အစောပိုင်းကင်ဆာတွေမှာ အစာအိမ်အပြင်ဘက်ကနေ ခွဲစိတ်စရာမလိုဘဲ Endoscopy နဲ့ ကင်ဆာတစ်ရှူးကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ (ခ) ဆေးသွင်းကုသခြင်း (Chemotherapy) ကင်ဆာဆဲလ်တွေကို ဖျက်ဆီးရန် သို့မဟုတ် ပွားများမှုကို တားဆီးရန် ဆေးဝါးတွေကို အသုံးပြုတာဖြစ်ပါတယ်။ ရောဂါအဆင့်နဲ့ ကုသမှုအစီအစဉ်အပေါ် မူတည်ပြီး ခွဲစိတ်မှုမတိုင်မီ၊ ခွဲစိတ်ပြီးနောက် သို့မဟုတ် ကင်ဆာပျံ့နှံ့နေတဲ့အခြေအနေတွေမှာ အသုံးပြုနိုင်ပါတယ်။ (ဂ) ဓာတ်ရောင်ခြည်ကုသခြင်း (Radiotherapy) အခြေအနေတချို့မှာ ကင်ဆာဆဲလ်တွေကို ထိန်းချုပ်ဖို့ ဓာတ်ရောင်ခြည်ကုသမှုကို အသုံးပြုနိုင်ပါတယ်။ လူနာတိုင်းမှာ မဖြစ်မနေ လိုအပ်တာတော့ မဟုတ်ပါဘူး။ (ဃ) ပစ်မှတ်ထားကုသခြင်းနဲ့ ကိုယ်ခံအားကုသခြင်း ကင်ဆာဆဲလ်တွေရဲ့ သီးခြားလက္ခဏာတွေ၊ ဓာတ်ခွဲစစ်ဆေးမှုရလဒ်တွေနဲ့ ရောဂါအဆင့်ပေါ် မူတည်ပြီး Targeted therapy သို့မဟုတ် Immunotherapy ကို အသုံးပြုနိုင်ပါတယ်။ လူနာတစ်ဦးနဲ့တစ်ဦး ကုသမှုတုံ့ပြန်ပုံ မတူညီနိုင်တာကြောင့် ကင်ဆာအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ရပါတယ်။ ✅ ၂။ အစာအိမ်ကင်ဆာကို ဘယ်လိုကာကွယ်ကြမလဲ။ ကင်ဆာအားလုံးကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်တဲ့နည်းလမ်း မရှိပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေကို လျှော့ချဖို့ လုပ်ဆောင်နိုင်တဲ့ အချက်တွေ ရှိပါတယ်။ (က) H. pylori ပိုးကို လိုအပ်သလို စစ်ဆေးကုသပါ။ H. pylori ပိုးဟာ အစာအိမ်ကင်ဆာဖြစ်နိုင်ခြေနဲ့ ဆက်နွယ်မှုရှိတဲ့ အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုပါ။ သို့သော် လူတိုင်းကို ပိုးစစ်ဖို့၊ ပိုးသတ်ဆေးသောက်ဖို့ တစ်ပုံစံတည်း မညွှန်ကြားသင့်ပါဘူး။ သင့်တော်တဲ့သူတွေမှာ စစ်ဆေးပြီး ပိုးတွေ့ရှိပါက ဆရာဝန်ညွှန်ကြားတဲ့ ပိုးသတ်ဆေးအစီအစဉ်အတိုင်း ကုသသင့်ပါတယ်။ ကုသပြီးနောက် ပိုးပျောက်ကင်းကြောင်း ပြန်လည်အတည်ပြုစစ်ဆေးဖို့လည်း လိုအပ်နိုင်ပါတယ်။ (ခ) ဆားများတဲ့အစားအစာတွေကို လျှော့စားပါ။ ဆားနယ်ထားတဲ့အသားငါး၊ ဆားအလွန်များတဲ့အစားအစာတွေနဲ့ မီးခိုးတိုက်ထားတဲ့အစားအစာတွေကို မကြာခဏ အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ အာဟာရမျှတတဲ့ အစားအစာတွေကို ပိုမိုရွေးချယ်စားသုံးပါ။ (ဂ) ဆေးလိပ်ကို ရှောင်ကြဉ်ပါ။ ဆေးလိပ်သောက်ခြင်းဟာ အစာအိမ်ကင်ဆာအပါအဝင် ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဆေးလိပ်မသောက်ခြင်းနဲ့ ဆေးလိပ်ဖြတ်ခြင်းဟာ ရေရှည်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ (ဃ) မိသားစုရာဇဝင်ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ မိသားစုထဲမှာ အစာအိမ်ကင်ဆာဖြစ်ဖူးသူများရှိခြင်း၊ မျိုးရိုးလိုက်ကင်ဆာရောဂါတချို့ရှိခြင်းတို့ကြောင့် ဖြစ်နိုင်ခြေမြင့်တက်နိုင်ပါတယ်။ ဘယ်အသက်အရွယ်မှာ ဘယ်လိုစစ်ဆေးသင့်သလဲဆိုတာကို တစ်ဦးချင်းအလိုက် သတ်မှတ်သင့်ပါတယ်။ နိုင်ငံတိုင်း၊ လူတိုင်းအတွက် တူညီတဲ့ စစ်ဆေးမှုအစီအစဉ် မရှိပါဘူး။ ✅ ၃။ လူတိုင်း အစာအိမ်ကင်ဆာ စစ်ဆေးသင့်သလား။ လူတိုင်းကို အစာအိမ်ကင်ဆာရှိ၊ မရှိ ရှာဖွေဖို့ Endoscopy လုပ်သင့်တယ်လို့ တစ်ပုံစံတည်း မသတ်မှတ်နိုင်ပါဘူး။ ကင်ဆာဖြစ်ပွားမှုများတဲ့ဒေသမှာ နေထိုင်သူတွေ၊ အန္တရာယ်မြင့်မားသူတွေ၊ မိသားစုရာဇဝင်ရှိသူတွေနဲ့ သံသယဖြစ်စရာ လက္ခဏာရှိသူတွေမှာ စစ်ဆေးမှုလိုအပ်ချက် မတူညီနိုင်ပါတယ်။ ကိုယ်နေထိုင်တဲ့ဒေသရဲ့ လမ်းညွှန်ချက်နဲ့ ကိုယ်ပိုင်အန္တရာယ်အချက်တွေအပေါ် မူတည်ပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ✅ နိဂုံးချုပ် 🟥 ကင်ဆာဆိုတာ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်နိုင်ပေမဲ့ လူနာတိုင်းရဲ့ အခြေအနေက မတူညီပါဘူး။ အစောပိုင်းမှာ တွေ့ရှိပြီး သင့်တော်တဲ့ကုသမှုရရှိရင် အောင်မြင်စွာ ကုသနိုင်တဲ့အခြေအနေတွေလည်း ရှိပါတယ်။ 🟥 လူနာတစ်ယောက်အတွက် မျှော်လင့်ချက်ဆိုတာ အာမခံချက်ပေးတဲ့စကားလုံး မဟုတ်ပါဘူး။ မှန်ကန်တဲ့သတင်းအချက်အလက်၊ အချိန်မီစစ်ဆေးမှုနဲ့ သင့်တော်တဲ့ကုသမှုတို့ကနေ တည်ဆောက်ရတဲ့ အခွင့်အရေးတစ်ခုပါ။ 🟥 ဒီအကြောင်းအရာကို မိသားစုဝင်တွေ၊ မိတ်ဆွေတွေအတွက် အသိပညာမျှဝေချင်ရင် ပြန်လည်မျှဝေပေးနိုင်ပါတယ် မေတ္တာဖြင့် ဒေါက်တာအောင်မင်းသူ  ၁၅၊၁၀၊၂၀၂၆ #for #myanmartiktok🇲🇲🇲🇲 #crd #for

About