@boberr2014: #balkancore #balkantiktok #fypシ゚viral #vatrice🔥 #foryou

卄卂几ᗪ乙|匚11
卄卂几ᗪ乙|匚11
Open In TikTok:
Region: BA
Friday 30 October 2026 17:20:31 GMT
5149
74
2
18

Music

Download

Comments

lepotanskomesto
ilija FN :
😁😁😁
2026-10-30 18:34:43
0
To see more videos from user @boberr2014, please go to the Tikwm homepage.

Other Videos

ကျွန်တော်လိုချင်တာက စကားများတိုင်း အနိုင်ရသွားတဲ့ မိန်းကလေးမဟုတ်ဘူး။ ကျွန်တော်နဲ့ အငြင်းပွားရင် “ဘယ်သူမှန်လဲ” ဆိုတာထက် “ငါတို့နှစ်ယောက် ဘယ်လိုပြန်အဆင်ပြေမလဲ” လို့ စဉ်းစားပေးတတ်တဲ့သူမျိုး။ ကျွန်တော်မှားရင်လည်း အရှက်ခွဲပြီး အနိုင်ယူမယ့်သူမဟုတ်ဘဲ တိတ်တိတ်လေး ပြောပြပေးနိုင်တဲ့သူ။ သူမှားတဲ့အခါလည်း ကျွန်တော်က အနိုင်ရသွားပြီဆိုပြီး မာနမတက်ချင်ဘူး။ သူ့ကို အနိုင်ယူဖို့ထက် သူ့ကို မနာကျင်စေဖို့ကိုပဲ စဉ်းစားချင်တယ်။ ဘာလို့လဲဆိုတော့… အချစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူဖို့ မဟုတ်ဘူး။ နှစ်ယောက်လုံး အနိုင်ရအောင် တစ်ယောက်ကိုတစ်ယောက် ကူညီပေးဖို့ပါ။ စကားများတိုင်း တစ်ယောက်က နိုင်ပြီး တစ်ယောက်က ငိုရမယ့် ဆက်ဆံရေးမျိုးကို ကျွန်တော် မလိုချင်ဘူး။ “ငါမှန်တယ်” ဆိုတဲ့ စကားကြောင့် “ငါတို့” ဆိုတဲ့အရာ မပျက်စီးစေချင်ဘူး။ တစ်နေ့နေ့မှာ ကျွန်တော်တို့နှစ်ယောက်လုံး အသက်ကြီးလာတဲ့အခါ “အဲ့တုန်းက ဘယ်သူနိုင်ခဲ့လဲ” ဆိုတာထက် “အဲ့တုန်းက ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မလွှတ်ခဲ့ကြဘူး” လို့ ပြန်ပြောနိုင်တဲ့ အချစ်မျိုးပဲ လိုချင်တယ်။ အနိုင်ရတာတွေ အများကြီးရှိခဲ့ပေမယ့် နောက်ဆုံးမှာ ကိုယ်ချစ်တဲ့လူကို ဆုံးရှုံးခဲ့ရရင်… အဲ့ဒီအနိုင်က ကိုယ့်ဘဝရဲ့ အရှုံးကြီးတစ်ခုပါပဲ။ ဘဝအတွက် လက်တွဲဖော်ကို ရွေးချယ်တဲ့အခါ... ကျွန်တော့်ကို အမြဲတမ်း အနိုင်ယူဖို့ပဲ ကြိုးစားနေ တတ်တဲ့ မိန်းကလေးမျိုးကို ကျွန်တော် ဘယ်တော့ မှ မရွေးချယ်ပါဘူး။ ဒီလိုပြောလို့ ကိုယ်ချစ်တဲ့သူ အပေါ် ကျွန်တော်ကပဲ အမြဲတမ်း အနိုင်ယူချင်နေ တယ်လို့ မဆိုလိုပါဘူး။  ကျွန်တော် တစ်ကယ်ချစ် ပြီဆိုရင် အလိုလိုနေရင်း အမြဲအရှုံးပေးဖို့ အဆင် သင့်ရှိနေတတ်သူပါ။  သူ့အလိုကို လိုက်မယ်၊ အမြဲ တမ်း နားလည်ပေးမယ်၊ ဘာမဟုတ်တဲ့ ကိစ္စလေး တွေကအစ သည်းခံခွင့်လွှတ်ပေးမယ်။ ဒါဟာ ကျွန် တော့်ဘက်က ပေးဆပ်တဲ့ အချစ်ရဲ့ သင်္ကေတတစ် ခုပေါ့။  ဒါပေမဲ့ ကျွန်တော့်ရဲ့ အဲဒီအရှုံးပေးမှုနဲ့ သည်း ခံမှုတွေကို အခွင့်ကောင်းယူပြီး ကိုယ့်အပေါ် အမြဲ တမ်း အနိုင်ယူဖို့ပဲ ချောင်းနေမယ့်သူ၊ အထက်စီး ဆန်ဆန် ဆက်ဆံမယ့်သူ၊ ဗိုလ်ကျစိုးမိုးချင်တဲ့သူ မျိုးကိုတော့ ကျွန်တော် တကယ် သဘောမကျဘူး။ လူကြားသူကြားထဲမှာတောင် ကိုယ့်ကို အလေးအ နက်မထားဘဲ အသံကျယ်ကျယ်နဲ့ အော်ဟစ်ပြော ဆိုပြီး အမြဲတမ်း အနိုင်ရမှ ကျေနပ်တတ်တဲ့ အပြု အမူမျိုးတွေကို ကျွန်တော် ရင်မဆိုင်ချင်ဘူး။ ကျွန်တော်က အမြဲအရှုံးပေးပြီး နားလည်ပေးနေလို့ ကျွန်တော့်အပေါ်မှာ ကလေးတစ်ယောက်လို ဗိုလ်ကျတာ၊  ကလေးတစ်ယောက်လို ဆိုးနွဲ့ပူဆာတာမျိုးကိုတော့  ကျွန်တော် သဘောကျကျေနပ်စွာနဲ့ လက်ခံပေးနိုင် ပါတယ်။  ဒါပေမဲ့...  အရှုံးပေးခြင်းရဲ့ နောက်ကွယ် က စာနာမှုကို အခွင့်ကောင်းယူကာ
ကျွန်တော်လိုချင်တာက စကားများတိုင်း အနိုင်ရသွားတဲ့ မိန်းကလေးမဟုတ်ဘူး။ ကျွန်တော်နဲ့ အငြင်းပွားရင် “ဘယ်သူမှန်လဲ” ဆိုတာထက် “ငါတို့နှစ်ယောက် ဘယ်လိုပြန်အဆင်ပြေမလဲ” လို့ စဉ်းစားပေးတတ်တဲ့သူမျိုး။ ကျွန်တော်မှားရင်လည်း အရှက်ခွဲပြီး အနိုင်ယူမယ့်သူမဟုတ်ဘဲ တိတ်တိတ်လေး ပြောပြပေးနိုင်တဲ့သူ။ သူမှားတဲ့အခါလည်း ကျွန်တော်က အနိုင်ရသွားပြီဆိုပြီး မာနမတက်ချင်ဘူး။ သူ့ကို အနိုင်ယူဖို့ထက် သူ့ကို မနာကျင်စေဖို့ကိုပဲ စဉ်းစားချင်တယ်။ ဘာလို့လဲဆိုတော့… အချစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူဖို့ မဟုတ်ဘူး။ နှစ်ယောက်လုံး အနိုင်ရအောင် တစ်ယောက်ကိုတစ်ယောက် ကူညီပေးဖို့ပါ။ စကားများတိုင်း တစ်ယောက်က နိုင်ပြီး တစ်ယောက်က ငိုရမယ့် ဆက်ဆံရေးမျိုးကို ကျွန်တော် မလိုချင်ဘူး။ “ငါမှန်တယ်” ဆိုတဲ့ စကားကြောင့် “ငါတို့” ဆိုတဲ့အရာ မပျက်စီးစေချင်ဘူး။ တစ်နေ့နေ့မှာ ကျွန်တော်တို့နှစ်ယောက်လုံး အသက်ကြီးလာတဲ့အခါ “အဲ့တုန်းက ဘယ်သူနိုင်ခဲ့လဲ” ဆိုတာထက် “အဲ့တုန်းက ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မလွှတ်ခဲ့ကြဘူး” လို့ ပြန်ပြောနိုင်တဲ့ အချစ်မျိုးပဲ လိုချင်တယ်။ အနိုင်ရတာတွေ အများကြီးရှိခဲ့ပေမယ့် နောက်ဆုံးမှာ ကိုယ်ချစ်တဲ့လူကို ဆုံးရှုံးခဲ့ရရင်… အဲ့ဒီအနိုင်က ကိုယ့်ဘဝရဲ့ အရှုံးကြီးတစ်ခုပါပဲ။ ဘဝအတွက် လက်တွဲဖော်ကို ရွေးချယ်တဲ့အခါ... ကျွန်တော့်ကို အမြဲတမ်း အနိုင်ယူဖို့ပဲ ကြိုးစားနေ တတ်တဲ့ မိန်းကလေးမျိုးကို ကျွန်တော် ဘယ်တော့ မှ မရွေးချယ်ပါဘူး။ ဒီလိုပြောလို့ ကိုယ်ချစ်တဲ့သူ အပေါ် ကျွန်တော်ကပဲ အမြဲတမ်း အနိုင်ယူချင်နေ တယ်လို့ မဆိုလိုပါဘူး။ ကျွန်တော် တစ်ကယ်ချစ် ပြီဆိုရင် အလိုလိုနေရင်း အမြဲအရှုံးပေးဖို့ အဆင် သင့်ရှိနေတတ်သူပါ။ သူ့အလိုကို လိုက်မယ်၊ အမြဲ တမ်း နားလည်ပေးမယ်၊ ဘာမဟုတ်တဲ့ ကိစ္စလေး တွေကအစ သည်းခံခွင့်လွှတ်ပေးမယ်။ ဒါဟာ ကျွန် တော့်ဘက်က ပေးဆပ်တဲ့ အချစ်ရဲ့ သင်္ကေတတစ် ခုပေါ့။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အဲဒီအရှုံးပေးမှုနဲ့ သည်း ခံမှုတွေကို အခွင့်ကောင်းယူပြီး ကိုယ့်အပေါ် အမြဲ တမ်း အနိုင်ယူဖို့ပဲ ချောင်းနေမယ့်သူ၊ အထက်စီး ဆန်ဆန် ဆက်ဆံမယ့်သူ၊ ဗိုလ်ကျစိုးမိုးချင်တဲ့သူ မျိုးကိုတော့ ကျွန်တော် တကယ် သဘောမကျဘူး။ လူကြားသူကြားထဲမှာတောင် ကိုယ့်ကို အလေးအ နက်မထားဘဲ အသံကျယ်ကျယ်နဲ့ အော်ဟစ်ပြော ဆိုပြီး အမြဲတမ်း အနိုင်ရမှ ကျေနပ်တတ်တဲ့ အပြု အမူမျိုးတွေကို ကျွန်တော် ရင်မဆိုင်ချင်ဘူး။ ကျွန်တော်က အမြဲအရှုံးပေးပြီး နားလည်ပေးနေလို့ ကျွန်တော့်အပေါ်မှာ ကလေးတစ်ယောက်လို ဗိုလ်ကျတာ၊ ကလေးတစ်ယောက်လို ဆိုးနွဲ့ပူဆာတာမျိုးကိုတော့ ကျွန်တော် သဘောကျကျေနပ်စွာနဲ့ လက်ခံပေးနိုင် ပါတယ်။ ဒါပေမဲ့... အရှုံးပေးခြင်းရဲ့ နောက်ကွယ် က စာနာမှုကို အခွင့်ကောင်းယူကာ "ဒီကောင့်ကို ငါ အပိုင်ရထားတာ၊ ငါ ဘာလုပ်လုပ် ရတယ်၊ ဒီကောင် က ငါ့ကို ဘယ်တော့မှ မစွန့်လွှတ်နိုင်ဘူး" ဆိုပြီး ကိုယ့်ရဲ့ မာနတွေ၊ သိက္ခာတွေကို ခြေဖဝါးအောက် သွင်းပြီး အမြဲတမ်း နင်းချေထားမယ့်သူမျိုးကို တော့ ကျွန်တော့်ဘဝထဲ မလိုအပ်ပါဘူး။ ချစ်ခြင်း မေတ္တာဆိုတာ တစ်ယောက်ကိုတစ်ယောက် အပြန် အလှန် လေးစားမှုပေါ်မှာပဲ တည်ဆောက်ရတာပါ။ ကျွန်တော်က ချစ်လို့ အရှုံးပေးတာဟာ သတ္တိမရှိလို့ မဟုတ်သလို၊ သိက္ခာမရှိလို့လည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မာနတွေကို ခေါက်သိမ်းပြီး အောက်ကျို့ ပေးခဲ့တာဟာ အဲဒီလူကို ကိုယ့်ဘဝထက် ပိုတန်ဖိုး ထားလို့ပါ။ တကယ်လို့... ကျွန်တော့်ရဲ့ အချစ်ကို သိက္ခာချခြင်းတွေနဲ့ တုံ့ပြန်မယ်ဆိုရင်တော့ ဘယ် လောက်ပဲ ရူးရူးမူးမူး ချစ်ခဲ့ပါစေဦးတော့၊ ကျွန် တော့်ရဲ့ နောက်ဆုံးလက်ကျန် မာနနဲ့ သိက္ခာကို ကာ ကွယ်ဖို့အတွက် ထိုမိန်းကလေးရဲ့ လက်ကို ကျွန် တော်ကိုယ်တိုင် တွန်းဖယ်ပြီး လှည့်ထွက်သွားဖို့ ဝန်လေးနေမှာ မဟုတ်တော့ပါဘူး။ အချစ်ဆိုတာ သိက္ခာရှိမှ လှတာမို့... ကိုယ့်သိက္ခာကိုမှ မငဲ့ကွက် ပေးနိုင်တဲ့သူနဲ့တော့ ဘဝခရီးကို အဆုံးထိ အတူ တူ လျှောက်လှမ်းဖို့ မဖြစ်နိုင်တာ အမှန်တရားမို့လို့ပါပဲ။😊 crd -Sai💐 . . . . .#saihustle🔥 #feelings #fyp #စာရှည် #crdစာသား

About