@rahencr7:

鬼 𝕮𝕽7_𝖊𝖉𝖎𝖙𝖔𝖗 滅
鬼 𝕮𝕽7_𝖊𝖉𝖎𝖙𝖔𝖗 滅
Open In TikTok:
Region: IQ
Friday 30 October 2026 18:39:31 GMT
147
31
0
5

Music

Download

Comments

There are no more comments for this video.
To see more videos from user @rahencr7, please go to the Tikwm homepage.

Other Videos

အဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေ  ရှိတာခြင်း အတူတူတောင်မှ မင်းတို့မှာက  အဆင်မပြေတဲ့အခါ အနားမှာ ရှိနေပေးမယ့်သူတွေ၊  ရင်ဖွင့်လိုက်ရင် နားထောင်ပေးမယ့်သူတွေ၊  အားငယ်လာတဲ့အခါ အားပေးစကားပြောပေးမယ့်သူတွေ  ရှိကြတယ်။ ငါ့မှာကတော့ ဘယ်သူမှမရှိဘူး။  စိတ်ညစ်လည်း တစ်ယောက်တည်း၊  ဝမ်းနည်းလည်း တစ်ယောက်တည်း၊  အဆင်မပြေတဲ့အခါ ရင်ဖွင့်စရာလူမရှိလို့  ကိုယ့်စိတ်ကိုယ်ပဲ ပြန်ဖြေသိမ့်နေရတယ်။ တစ်ခါတလေ ဘာမှမပြောဘဲ  တိတ်တိတ်လေး ငိုချင်တဲ့အချိန်တွေရှိတယ်။  ဘယ်သူ့ကိုမှ မရှင်းပြချင်တော့လောက်အောင်  ပင်ပန်းနွမ်းနယ်နေတဲ့ နေ့တွေလည်း ရှိတယ်။  ဒါပေမဲ့ ကိုယ်ပင်ပန်းနေမှန်း သိပေးမယ့်သူ၊  ကိုယ်အဆင်မပြေမှန်း သတိထားမိမယ့်သူက  ကိုယ့်ဘေးမှာ မရှိနေခဲ့ဘူး။ တကယ်တော့ ငါလိုချင်တာ အများကြီးမဟုတ်ပါဘူး။ အဆင်မပြေတဲ့အခါ “အဆင်ပြေရဲ့လား”  လို့ မေးပေးမယ့်သူ၊ စိတ်ညစ်နေတဲ့အခါ  ဘေးမှာ ခဏလောက်ရှိနေပေးမယ့်သူ၊  အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်နေရတဲ့  ကိုယ့်ကို “မင်းတစ်ယောက်တည်း မဟုတ်ပါဘူး”  လို့ ပြောပေးမယ့်သူ တစ်ယောက်လောက်ပဲ  လိုချင်မိတာပါ။ လူတိုင်းက ကိုယ်ပင်ပန်းနေတဲ့အခါ  အနားယူစရာ ရင်ခွင်တစ်ခု ရှိချင်ကြတာပဲလေ။  ငါ့မှာတော့ အားနည်းလာတဲ့အခါ  ပြန်ခိုလှုံစရာနေရာတောင် မရှိခဲ့ဘူး။ တခြားသူတွေက အဆင်မပြေတဲ့အခါ  တစ်ယောက်ယောက်ဆီ ပြေးသွားလို့ရပေမဲ့  ငါကတော့ အဆင်မပြေလေ ပိုတိတ်ဆိတ်လေ၊  ဝမ်းနည်းလေ ပိုပြီးပြုံးပြနေရလေပဲ။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ဝမ်းနည်းမှုတွေကို  မျှဝေပေးမယ့်သူ မရှိသလို၊  ငါ့ရဲ့မျက်ရည်တွေကို သုတ်ပေးမယ့်သူလည်း  မရှိခဲ့လို့ပါ။ နောက်ဆုံးတော့လည်း ဘယ်လောက်ပဲ  စိတ်ပင်ပန်းနေပါစေ၊ ဘယ်လောက်ပဲ  အားငယ်နေပါစေ၊ ကိုယ့်ကိုယ်ကိုယ်ပဲ  အားပေးရင်း ကိုယ့်ဒဏ်ရာတွေကို  ကိုယ်တိုင်ကုစားရင်း တစ်နေ့ပြီးတစ်နေ့  ရှေ့ဆက်နေရဦးမှာပါပဲ။ တစ်ခါတလေ လူတစ်ယောက်ရဲ့  အထီးကျန်မှုဆိုတာ ဘေးမှာ လူမရှိတာထက်  ကိုယ်အဆင်မပြေတဲ့အချိန်မှာ ကိုယ့်ကို  သတိရပေးမယ့်သူ တစ်ယောက်မှမရှိတာက  ပိုပြီး နာကျင်ရပါတယ်။ #စာတို #fpyシ #foryoupage #မူရင်းကိုcrdပေးပါတယ်နော် #htetaung4018

About