@ashinsuboga67: နိုင်ငံခြားသားတစ်ဦးက မေးဖူးတယ် "ရဟန်းတွေ ဘာစက်ပစ္စည်းမှ မပါဘဲ မိုးပေါ်ပျံကြတယ်ဆိုတာကို ဗုဒ္ဓဘာသာဟာ မစဉ်းစားဘဲ ယုံတာလား" တဲ့။ သာတို့သမီးတို့ရော... ရဟန်းတွေ ဈာန်အဘိဉာဏ်နဲ့ ကောင်းကင်းပေါ် ပျံနိုင်တာကို ယုံကြလား။ တစ်ယောက်တစ်မျိုး ဖြေဆိုကြတယ်။ မယုံတဲ့ဘက်က တဝက်ကျော်လိမ့်မယ်ထင်ပါရဲ့။ ဆရာကတော့ ခေတ်နှစ်ခုကို နှိုင်းယှဉ်နားလည်ဖို့လိုတယ်လို့ မြင်တယ်။ ဆရာတို့ခေတ်က ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အသက်စည်းစိမ် စွန့်လွတ်ပြီး ရှာဖွေတဲ့ခေတ်ပေါ့။ ဒီတော့ ရုပ်ဝတ္ထုတွေ မယုံနိုင်စရာ တိုးတက်လာတာ မဆန်းပါဘူး။ မင်းတို့လက်ထဲမှာ ကိုင်ထားတဲ့ဖုန်းနဲ့၊ ပင်လယ်သမုဒ္ဒရာတွေ ခြားနေတဲ့ အမေရိကန်ပြည်ထောင်စုက လူတစ်ယောက်ကို မျက်နှာချင်းဆိုင် တိုက်ရိုက်စကားပြောလို့ ရနေပြီကွာ။ ဒါကိုသာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က လူတစ်ဦးဦးကို သွားပြောရင် "ဘယ်လိုမှ မဖြစ်နိုင်ဘူး" လို့ ငြင်းမှာပဲ။ ရှေးခေတ်သူတွေကျတော့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အသက်တွေ၊ စည်းစိမ်းတွေ စွန့်ပြီး ရှာကြတာကိုး။ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အဓိကရှာဖွေတဲ့ခေတ်ဆိုတော့ အဲဒီတိုးတက်မှုတွေက ဆရာတို့ မယုံနိုင်စရာကောင်းလောက်အောင် ထူးဆန်းအံ့သြစရာ ရှိမှာပေါ့။ ဆရာတို့ဒီနေ့ခေတ်မှာကျတော့ စိတ်ပိုင်းဆိုင်ရာ သိပ်အားနည်းလာတယ်။ "ငါ့ဖုန်းကို ခေါ်ကြည့်ပါဦး၊ ဘယ်နားထားခဲ့မိမှန်း မသိဘူး" ဆိုတာမျိုးက သက်သေပါပဲ။ အမေက ပရုတ်ဆီ ဆေးယူခိုင်းလို့ လှေကားထိပ်ရောက်တော့ "ဘာယူခိုင်းလိုက်တာပါလိမ့်" ဆိုပြီး ပြန်မေးရတာမျိုးတွေ ရှိတတ်ကြတာပဲလေ။ ရှာဖွေကြတာချင်း မတူကြလို့ ရလာဒ်ချင်း မတူတာ သဘာဝကျပါတယ်။ ဆရာတို့ ဒီနေ့ခေတ်မှာတောင် Psychokinesis (စိတ်စွမ်းအင်ဖြင့် ရုပ်ဝတ္ထုကို လှုပ်ရှားစေခြင်း) Telepathy (စိတ်ချင်းဆက်သွယ်ခြင်း) နဲ့ Hypnosis (စိတ်ညှို့ခြင်း၊ အိပ်မွေ့ချခြင်း)ဆိုတာမျိုး ရှိတယ်မလား။ မသိသေးရင် အဲဒီအကြောင်းကို ရှာဖွေဖတ်ကြည့်ကြပေါ့။ ဒီစကားဝိုင်းရဲ့ အဓိက ရည်ရွယ်ချက်က ဆရာတို့တွေ စိတ်တည်ငြိမ်မှု အာရုံစိုက်နိုင်မှုစွမ်းအားတွေကို လေ့ကျင့်ပျိုးထောင်ကြဖို့လည်း လိုပါတယ် လို့။ ကဲ... စကားပြောတာတော်ပြီ စာဆက်သင်ကြရအောင်။ စိုးမိုး (ဝထက) ဗုဒ္ဓဘာသာရဲ့ သမထ၊ ဝိပဿနာ ကျင့်စဉ်များကို တိဟိတ်ပုဂ္ဂိုလ်များ နည်းလမ်းမှန်စွာကျင့်သုံးပါက အမှန်တကယ် ဈာန်ရ၊ အဘိဉာဏ်တန်းခိုးပေါက်နိုင်သည်ဟု မိမိအနေဖြင့် ခြွင်းချက်မရှိ ယုံပါသည်။ #ဗဟုသုတအဖြစ်တင်ပေးတာပါနော် #ဆရာတော်ကြီးများရဲ့တရားဓမ္မများ #သာသနာ့ဝန်ထမ်းရှင်ရဟန်း✨ #fyp
🐰သာသနာ့ဝန်ထမ်းရှင်ရဟန်း🐰
Region: MM
Saturday 31 October 2026 00:07:41 GMT
Music
Download
Comments
Aung Than Soe :
ကောင်းကင်ယံကနေရဟန်းနာတစ်ပါးကြွသွားတာကို
ငယ်ငယ်ကဖူဖူးတယ်ယနေ့ထိမေ့လိုမရဘူး
2026-10-31 06:18:34
60
Aung Ko Ko :
လက်တွေ့ ရဟန်းတစ်ပါးစျာန်နဲ့ကြွတာမြင်ဖူးတာပေါ့ဗျာ အကြွင်းမဲ့ယုံတာပေါ့
2026-10-31 03:51:47
18
Win Htay :
ဗုဒ္ဓကို ကိုး ကွယ်တာ မြေလျှိုးမိုးပျံဖို့ ကိုးကွယ်တာမှမဟုတ် ဆင်းရဲဒုက္ခတွေ ငြှိမ်းစေတဲ့ အသိဉာဏ်တွေရဖို့ ကိုးကွယ်တာ အသက်ထက်ဆုံး သိတိုင်အောင် ယုံကြည်ပါတယ်
2026-10-31 04:57:22
366
O n e :
ဈာန် အဘိညာဉ်တွေရတဲ့ သူတော်စေ ဖြစ်ဖြစ် ရဟန္တာဖြစ်ဖြစ် ဘယ်ပုဂ္ဂိုလ်မှ လူနဲ့နီးရာ လူမြင်ရာမှာ မနေတော့ပါ
2026-10-31 07:02:18
1
🌸 Sakuraバニー🐰 :
မြင်ရမှ ယုံမယ်ဆိုရင် အဲ့နိုင်ငံခြားသား မြန်မာက အချို့ စုန်းကဝေ အောက်လမ်းအတတ်ပညာတွေ ထွန်းကားတဲ့နယ်ကို သွားကြည့်လို့ပြောပေါ့
ကျနော့်ကို အပင်းထည့် ပါ ပြုစားကြပါဆိုပြီး ပြောခိုင်းပေါ့။
ငါတော့ အာချောင်ကောင်းလို့ပြေးလိုက်ရတာဆိုတာ ကိုယ်တွေ့။
သူများကွမ်းယာကျွေးတာ ဘေးကအသိဆရာတျောက်က ပေါင်အောက်ကို သုံးခါကျော်ပြီးမှ ဝါးလိုက်နော် ပြောတာကို ကြံကြံဖန်ဖန်ဗျာ ဒီခေတ်ကြီးမှာဆိုပြီးဝါးလိုက်တာ ကျောက်ခဲတွေကြီးအန် လိမှ မသွားရဲတော့ဘူး ရှမ်းပြည်တစ်နေရာ 🤧
2026-10-31 05:17:34
53
KoKoNaing :
စျာန်ရပြီးမိုးပေါ်ပျံနိုင်တယ်ဆိုတာကိူမယုံဘူးဆိုရင်မြတ်စွာဘုရားကဘယ်လိုလုပ်နတ်ပြည်တက်ပြီးတရားဟောလို့ရမှာလဲ
2026-10-31 01:06:04
15
Kyaw :
ဘာသာတိုင်းမှာစိတ်ကူးယဉ်မှု့တွေနဲ့ပဲတည်ဆောက်ထားတာပါ
2026-10-31 05:10:38
23
Burmese clover🍀 :
စျန်အဘိဥာဥ်ရဖို့ဆိုတာ သာမန်အားထုတ်ရုံနဲ့မရ သားမယားကိုစွန့် စည်းစိမ်တွေစွန့် ဆင်ရဲဒုက္ခ ခံနိုင်အုံးမှ အဖျက်တွေကိုကျော်လွှားနိုင်အူံးမှ ဆရာကောင်းနဲ့တွေ့အူံးမှ ဒီအဆင့်တွေဖြတ်ကျော်ပြီးပြီဆိုရင် ကိုယ်သာဆိုဘယ်လိုနေမယ်လို့စိတ်ကူးမိလဲ အဘိဥာဥ်ရဖို့အရာရာစွန့်လွှတ်ထားခဲ့ ပြီးပြီး အေးချမ်းတဲ့အရပ်မှာပဲတရားအားထုတ်မှာပေါ့ လွတ်မြောက်ရာပဲရွေးမှာ့ လူတွေအထင်ကြီးဖို့ လေပေါ်ပျံပြဖို့လိုသေးလို့လား အဲ့လို လူအထင်ကြီးအောင်လုပ်တာ တွေမမြင် မြင်အောင်လုပ်တာတွေက စျန်ပြန်လျောနိုင်တယ် လေပေါ်ပျံနေတဲ့ရဟန်းကိုမြင်တဲ့အခါ လူတွေအနေနဲ့လဲ ဝိပသနာ ထက် သမထ ကိုသာကျင့်ပြီး လွတ်မြောက်ရာမဟုတ်တဲ့ အဘိဥာဥ်တွေနဲ့ ပျော်မွေ့မည်စိုး၍ ဘုရားမှ တန်ခိုးမပြရန်ပညက်ခဲ့သည်
2026-10-31 01:47:56
43
Wai Yan Kyaw :
ဘယ်အရာ မဆို ယုံကြည်ဖို့ သက်သေ လိုပါတယ် …
2026-10-31 01:52:53
100
HTET Oo :
Thanks
2026-10-31 14:17:19
0
Hnin Ei San :
ယုံချင်ယုံ မယုံချင်နေ
3နှစ် 4နှစ်သမီးလောက်က ထင်တယ်
မန်းလေး ဈေချိုမှာ မိဘတွေဈေးသွားဝယ်ရင်းနဲ့
ဆရာတော်တစ်ပါး မိုးပေါ်မှာ ဈာန်နဲ့ကြွသွားတာ
ကလေးဆိုပေမယ့် အဲ့မြင်ကွင်းကို ဘယ်တော့မှ မမေ့ဘူး
ဒါကြောင့် ယုံကြည်တယ်
2026-10-31 16:21:44
5
YeYintA—g :
ဖန်ဆင်းရှင်ဆိုတဲ့ နိုင်ငံခြားသားက မေးတာပါတဲ့
2026-10-31 07:32:11
38
Tracy :
ဘုရားသခင်က အရာအားလုံးဖန်ဆင်းထားတယ်ဆိုတာကိုလည်း မယုံဘူးကွယ်😁😁
2026-10-31 08:06:25
5
Kyaw Thu Ya :
2013လောက်ကမြင်ဖူးပါတယ်
2026-10-31 02:03:24
5
naywonka :
ပျဥ်းမနားကို လာခဲ့ဗျ....ရဟန်းတစ်ပါး
စျာန်နဲ့ကောင်းကင် ပျံတက်သွားတာကို
ဖူးခဲ့ရတဲ့သူတွေအများကြီး ရှိပါတယ်...
သက်ရှိထင်ရှားကို ရှိနေသေးတာပါ
2026-10-31 05:18:09
9
Kyaw Gyi ( MGD Tattoo ink) :
ကွာခြားချက်ပြောပေးမယ် သိပ္ပံက သက်သေကိုအခြေခံတယ်။ ဘာသာရေးကတော့ ယုံကြည်မူကိုအခြေခံတယ် သိပ္ပံမှာ ကိုယ်မသိတာကို စမ်းသပ်လေ့လာတယ် ပြီးမှအဖြေထုတ်ကြတာ။ ဘာသာရေးက တော့ ကျမ်းစာတွေ အဆုးအမ တွေ ပေါ်အခြေခံပြီးလေ့လာတယ်။ သိပ္ပံမှာလူတွေကမှားရင် ပြင်နိုင်တယ် ဘာသာရေးကတော့ ယံကြည်မူ အစဉ်အလာကို မဖောက်ဖျက်ဘူး ထိန်းသိမ်းတယ် အဓိက ကွာခြားချက်က တော့ သိပ္ပံပညာမှာ အသစ်တစ်ခု ရှာတွေ့ရင် လက်ခံထားတဲ့ အယူအဆ ကို ပြန်ပြင်ပြောင်းနိုင်တယ် ဒါပါပဲ
2026-10-31 02:47:53
5
Thar. Chit Myat. Thu :
လက်တွေ့သိချင်ရင်သူတို့အတိုင်းကျင့်ကြံအားထုပ်ကြည့်ပါလား
2026-10-31 02:09:59
6
Harzel :
စျန်ရပီး ပျံနိုင်တာကို မယုံကြည့်တဲ့လူတွေအတွက် မြင်သာအောင်ဥပမာလေးတစ်ခုပေးမယ်… သိုင်းပညာတွေထဲမှာ ကိုဖော့ သိုင်းပညာဆိုတာ တစ်ကယ် ရှိပါတယ်.. လေပါ်မှာ အကြာကြီးဝဲပီး ပျံနေတာမဟုတ်ရင်တောင် ခုန်ပီးကျော်ရင် လေထဲမှာ ခြေလှမ်းငါးလှမ်းလောက်ထပ် လှမ်းလို့ရတဲ့သဘောမျိုးပေါ့. တရုတ်ပြည်ရဲ့ တောင်ပေါ် ဘုန်းကြီးကျောင်းတွေမှာ သိုင်းပညာတွေသင်ရတယ်… အပြင်းအထန်လေ့ကျင့်မှုတွေအရမ်းလုပ်ရတယ်.. ဒါပေမဲ့သူတို့ရဲ့ ချီ ( အတွင်းအား ) ကောင်းဖို့ အခြေခံအချက်က တရားထိုင်ရတာပဲ… စျန်အကြောင်းကို ပိုသိချင်ရင် ချီနဲ့ တရားထိုင်တဲ့ ဆက်စပ်မှုကိုအးင်လေ့လာလိုက်ပါ….
2026-10-31 12:01:05
5
Ko Htun :
1997 က မြင်ဖူးပါတယ် ကိုယ်တိုင်လဲဖူးခွင့်ရခဲ့ပါတယ်
2026-10-31 04:57:53
5
အာပလာအောင်သိန်း :
တဂယ်ပါဗျာကျနော်ငယ်ငယ်က ရဟန်းတော့မဟုပ်ဘူး ကိုကျော်ဇော်ဟိန်း ပျံနေတာ ရာဇဝင်ကားထဲးမှာ သွားသွားကြည်ရပါတယ်
2026-10-31 09:57:23
0
Daw Ei Phyu :
ဖြေထားတဲ့အဖြေလေးကိုအရမ်းသဘောကျပြီးဦးခိုက်ပါတယ်ရှင်🙏
ဒိဝါတပတိဂါထာမှာတောင်ပါပါတယ်ရှင် ရဟန္တာအရှင်သူမြတ်သည်ဓျာန်ဝင်စားမှသာတင့်တယ်ပေ၏🙏🙏🙏
2026-11-01 14:11:54
1
Toxic ♈April Aries :
အိုနာသေပါဘဲ ဘယ်လောက်တော်တတ်နေနေအကုန်အသုဘပါနော်
2026-10-31 15:44:27
2
Fable :
ကမ္ဘာကြီးက ပြားတယ်လို့တောင် ဘုရားသားတော်တွေက ဗုဒ္ဓဘာသာဝင် အချင်းချင်းကိုတောင် ပြောပြတော့ ယုံကြသေးတာပဲ မထူးဆန်းပါဘူး
2026-10-31 05:38:07
0
𝙇𝙀𝙊 • 𝙎𝙂 ˢⁱⁿᶜᵉᵈ²⁰²² :
လမ်းမှာ ၁သောင်းတန်တစ်ရွက် ကျနေရင် တိတ်တိတ်လေးကောက်ယူသွားမလား ငါ ၁သောင်းတန်တစ်ရွက်ကောက်ရတယ်ဟေ့ဆိုပြီး တွေ့သမျှ လူကိုလိုက်ပြောမလား? တိတ်တိတ်လေးကောက်သွားမှာပေါ့ ဟုတ်တယ်မလား ..
ဒါဆို သမထ ဝိပဿနာ စတဲ့ကျင့်စဥ်အကြောင်းတွေက ငွေ ၁သောင်းလောက်တောင်တန်ဖိုးမရှိလို့များ ဒီကျင့်စဥ်တွေကိုအယုံအကြည်မရှိတဲ့သူတွေနဲ့ ဘာလို့လိုက်ငြင်းခုံပြီးအချိန်ကုန်ခံနေကြတာလဲဗျ ကိုယ်လက်ခံတယ် ကျင့်ကြံတယ် ကောင်းမွန်တယ်လို့ယုံကြည်တယ်ဆိုရင် တိတ်တိတ်လေးယူသွားရင်မရဘူးလား ဘာလို့လူတကာသိအောင်လိုက်ငြင်းဖို့လိုဦးမှာလဲ?
2026-10-31 07:04:46
3
To see more videos from user @ashinsuboga67, please go to the Tikwm
homepage.