@zinzindiary07: မနာကျင်သေးလို့ ပေါ့ဆမိနေတဲ့ ဝမ်းချုပ်ခြင်းက သတိထားရမယ့် အချက်တစ်ခုပါ ⚠️ဝမ်းချုပ်နေပေမယ့် ဗိုက်မနာဘူး၊ နေလို့ထိုင်လို့လည်း ကောင်းနေသေးတယ်ဆိုပြီး ပေါ့ဆမထားသင့်ပါဘူး။ ဝမ်းသွားဖို့ အမြဲညှစ်နေရတာ၊ ဝမ်းသွားပြီးလည်း မကုန်သလို ခံစားရတာ၊ ရက်အတော်ကြာမှ တစ်ခါဝမ်းသွားရတာတွေဟာ ဂရုစိုက်သင့်တဲ့ လက္ခဏာတွေပါ။ ဝမ်းချုပ်တာ ကြာလာရင် လိပ်ခေါင်းဖြစ်နိုင်ခြေ တိုးလာနိုင်သလို ဝမ်းမာလွန်းတာကြောင့် စအိုကွဲနာတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ရှားရှားပါးပါး အခြေအနေတွေမှာတော့ အူပိတ်ဆို့မှုနဲ့လည်း ဆက်စပ်နိုင်ပါတယ်။ ✅ ရေကို လုံလောက်စွာ သောက်ပါ။ ✅ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ စားပါ။ ✅ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။ ✅ ဝမ်းနုတ်ဆေးကို ကိုယ့်သဘောနဲ့ မသောက်ပါနဲ့။ သတိပြုရန် — ဝမ်းချုပ်တာ ရုတ်တရက်ပြင်းထန်လာခြင်း၊ ဗိုက်အရမ်းနာခြင်း၊ ဗိုက်ဖောင်းပြီး လေမလည်၊ ဝမ်းမသွားနိုင်ခြင်း၊ အန်ခြင်းတို့ရှိရင် အရေးပေါ် ဆေးကုသမှုခံယူပါ။ မနာကျင်သေးတာက ပြဿနာမရှိဘူးလို့ မဆိုလိုပါဘူး။ ကိုယ့်အူလမ်းကြောင်းရဲ့ အချက်ပြမှုတွေကို လျစ်လျူမရှုပါနဲ့။ ✅အရေးပေါ်အခြေအနေ မရောက်ဖို့ ခုပဲအူကျန်းမာဖို့ ဂရုစိုက်ပါ ✅သဘာဝအတိုင်း ဝမ်းသွားဖို့ လိုအပ်တဲ့ဖြည့်စွက်စာများ မှာယူလိုပါက Viber မှာအသေးစိတ်တိုင်ပင် ပါ #knowledgesharing #အူမကြီးကင်ဆာကာကွယ်ပါ
Healthy consultant
Region: MM
Saturday 31 October 2026 07:40:50 GMT
Music
Download
Comments
To see more videos from user @zinzindiary07, please go to the Tikwm
homepage.