@mtpk220: ၁။ မျောက်လိုလှုပ်ရှား🌺 မျောက်သည် အမြဲမပြတ် လှုပ်ရှားနေတတ်သကဲ့သို့ အသက်ကြီးလာသည့်အခါ ငြိမ်ငြိမ်ထိုင်မနေဘဲ ကိုယ်လက်လှုပ်ရှားမှု (အကြောလျှော့ခြင်း၊ လမ်းလျှောက်ခြင်း၊ အိမ်မှုကိစ္စ ပေါ့ပေါ့ပါးပါး လုပ်ခြင်း) များကို အစဉ်မပြတ် ပြုလုပ်ပေးရမည်။ ကျန်းမာရေးအကျိုး - ကြွက်သားများ သန်မာစေပြီး သွေးလေလှည့်ပတ်မှု ကောင်းမွန်စေပါသည်။ ၂။ ကြောင်လိုစား🌺 ကြောင်သည် အစာကို နည်းနည်းစီနှင့် ဖြည်းဖြည်းချင်း အကြိမ်ကြိမ် ခွဲစားတတ်သကဲ့သို့ အသက်ကြီးသူများသည် အစာကို တစ်ခါတည်း အများကြီးမစားဘဲ နည်းနည်းစီ ခွဲ၍ ဖြည်းဖြည်းချင်း ဝါးစားရမည်။ ကျန်းမာရေးအကျိုး - အသက်ရလာချိန်တွင် အစာအိမ်နှင့် အူလမ်းကြောင်း အစာချေစနစ် အားနည်းသွားသည့်အတွက် အစာကျေလွယ်စေပြီး ဗိုက်အောင့် ဗိုက်ကယ်ခြင်းမှ ကာကွယ်ပေးပါသည်။ ၃။ နွားလိုရေသောက်🌺 နွားသည် ရေသောက်သည့်အခါ တစ်ငုံချင်းစီ မကြာခဏ ပုံမှန် သောက်တတ်သကဲ့သို့ အသက်ကြီးသူများသည်လည်း ရေငတ်မှ သောက်ခြင်းမဟုတ်ဘဲ ရေကို နေ့စဉ် ပုံမှန် မကြာမကြာ သောက်ပေးရမည်။ ကျန်းမာရေးအကျိုး - ခန္ဓာကိုယ်တွင်း ရေဓာတ်မခမ်းခြောက်စေဘဲ ကျောက်ကပ်နှင့် အင်္ဂါအစိတ်အပိုင်းများ ပုံမှန်အလုပ်လုပ်နိုင်စေပါသည်။ ၄။ လိပ်လိုလျှောက်🌺 လိပ်သည် အေးအေးဆေးဆေးနှင့် ဖြည်းဖြည်း မှန်မှန် သွားတတ်သကဲ့သို့ လမ်းလျှောက်သည့်အခါ၊ သွားလာသည့်အခါ အလောတကြီး မဟုတ်ဘဲ သတိရှိရှိ ဖြည်းဖြည်းနှင့် သက်သောင့်သက်သာ လျှောက်ရမည်။ ကျန်းမာရေးအကျိုး - ချော်လဲခြင်း၊ ခေါင်းမူး၍ လဲကျခြင်းနှင့် အရိုးကျိုးခြင်းတို့မှ အဓိက ကာကွယ်ပေးပါသည်။ ၅။ တုတ်ထောက်မပျင်းနှင့်🌺 လမ်းလျှောက်ရခက်ခဲလာပါက သို့မဟုတ် သွားလာရာတွင် အကူအညီလိုပါက တောင်ဝှေး/တုတ်ထောက်ရန် ရှက်ရွံ့ခြင်း၊ ပျင်းရိခြင်း မရှိဘဲ တုတ်ထောက်၍ သွားလာရမည်။ ကျန်းမာရေးအကျိုး - ခန္ဓာကိုယ် အဟန်အတိုင်းအတာ ကို ထိန်းပေးနိုင်ပြီး လဲကျမည့်အန္တရာယ်မှ ဘေးကင်းစေပါသည်။ #မေတ္တာပန်းခင်းအရှင်🌿 #မေတ္တာဖြင်မျှဝေပါသည်🙏 #အသိပညာများရရှိကြပါစေ #creatorsearchinsights

🍀မေတ္တာပန်းခင်းအရှင်🍀
🍀မေတ္တာပန်းခင်းအရှင်🍀
Open In TikTok:
Region: MM
Saturday 31 October 2026 11:56:24 GMT
10485
581
12
57

Music

Download

Comments

eward.get
𝓕𝓸𝓻 𝓨𝓸𝓾 🇲🇲🇲🇾 :
မှတ်သားထိုက်သော စာစုလေးမို့ ကျေးဇူးတင်ပါတယ်နော်[Heartwarming][Heartwarming][Heartwarming]
2026-10-31 17:34:51
1
phoesan495
Phoe San :
🥰🥰🥰
2026-10-31 15:55:42
1
ulayohyo5
ULayPhyo :
🥰🥰🥰
2026-10-31 12:26:14
1
daw.soe910
Daw Soe" :
😳😳😳
2026-10-31 13:46:23
1
user4748461442265
ခက်မ ငါးဖြာ🎇🎇🎇 :
🙏🙏🙏
2026-10-31 16:10:18
1
myat.lady
P.P.H(Aquarius) :
👍👍👍👍👍
2026-11-01 02:53:22
0
To see more videos from user @mtpk220, please go to the Tikwm homepage.

Other Videos


About