@soesoe5447: #နမောတဿ "...ကို ဘာကြောင့် " သုံးခေါက် "ရွတ်ဆိုရသလဲ? 🙏"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"🙏 👉 အမေးအမြန်း ထူထပ်တဲ့ လောကကြီးမှာ မေးစရာရှိပါတယ်။ " ဘယ်လိုလဲ? " ဆိုတော့- “နေစမ်းပါဦးဗျာ.. ခင်ဗျားတို့ ဆရာ/ဒကာမှာ "သီလ"ပေးတဲ့ "ဆရာတော်"က "နေမာတဿ" တစ်ခေါက် သာ ဆိုပါလျှက်နဲ့ ခင်ဗျားတို့ ဒကာ/ဒကာမ တွေက ဘာပြုလို့ သုံးခေါက် ရွတ်ဆိုရတာလဲ" -လို့ မေးစရာရှိတယ်။ ဒီလို မေးလာလို့ရှိရင်- “မသိပါဘူးဗျာ… ရှေးက လူကြီး တွေက သုံးခေါက် ဆိုခဲ့ကြလို့ ကျွန်တော်တို့လည်း သုံးခေါက်ဆိုကြရတာပါပဲ"-လို့ အဲဒီလို လျော့ရဲရဲ ဖျော့နှဲနှဲ မဖြေလိုက်ပါနဲ့။ "ကျွန်ုပ်တို့၏ မိဘ,ဘိုးဘွား အထက်,အထက် လူကြီးများ က "သုံးခေါက်"- ဆိုရိုးပြုခဲ့ကြလို့ ကျွန်တော်/ကျမတို့လည်း "သုံးခေါက်"ဆိုကြတယ်"-လို့ ရဲရဲတောက်ဖြေကြားလိုက်ပါ။ ဒီအခါ-"မေးတဲ့လူ"က- “ခင်ဗျားတို့ -အထက်, အထက်လူကြီး များ -ဆရာသမားများ က, ဘာကြောင့် "သုံးခေါက်" ဆိုရိုးပြုခဲ့ကြတာလဲ? လို့ ထပ်မေးပါရစေ"-လို့ ဆိုလာလျှင်- ဤကဲ့သို့ ရဲရဲတောက် ဖြေလိုက်ပါ။ “ဒီ-"နမောတဿ ဘုရားရှိခိုးစာပိုဒ်"ဟာ "ဗုဒ္ဓဘာသာတရားစာပေ"-နယ်ပယ်မှာ သူမပါလျှင် မပြီးနိုင်လောက်အောင် အရေးပါအရာရောက်တဲ့ "ဘုရားရှိခိုးစာပိုဒ်"ဖြစ်ပါတယ်။ "ဘာကိုထောက်၍ သိရသလဲ?"-ဆိုရင် "ဗုဒ္ဓဘာသာ"နဲ့ပတ်သက်သော တရားစာပေမှန်သမျှ စာအုပ်တိုင်းကြည့်ပါ။ -"တစ်ဝါး လက်လေးသစ်လောက်ရှိတဲ့ စာအုပ်ကလေး"ဖြစ်ဖြစ်, -လက်နှစ်လုံး,သုံးလုံး,လေးလုံး,လောက်ထူတဲ့ "ဇိနတ္ထပကာသနီ"တို့လို စာအုပ်ကြီးပဲဖြစ်ဖြစ်, "ဗုဒ္ဓဘာသာ"စာပေမှန်သမျှ "ပထမဆုံးစာမျက်နှာ"ကိုလှန်လိုက်ရင်- ဒီ "နမောတဿဘုရားရှိခိုးစာပိုဒ်"ကို အရင်ဆုံးတွေ့ရပါတယ်။ "နမောတဿ"-မပါတဲ့ "ဗုဒ္ဓဘာသာစာပေ" -ရယ်လို့ မရှိပါဘူး။ ဤမျှလောက် "ဗုဒ္ဓဘာသာစာပေနယ်မှာ အရေးပါတယ်" -ဆိုတာ ဤအချက်ကိုထောက်၍သိရပါတယ်”။ “ဘာပြုလို့ ဒါလောက် အရေးပါ အရာရောက်ရသလဲ?" -လို့ တစ်ခါထပ်ပြီး စဉ်းစားကြည့်လိုက်ရင်- ဤ"နမောတဿဘုရားရှိခိုး"-စာပိုဒ်မှာ, "သဒ္ဒါ"သဘောနဲ့ကြည့်ရင်- -"နမော"တစ်ပုဒ် -"တဿ"တစ်ပုဒ် -"ဘဂဝတော"တစ်ပုဒ် -"အရဟ"တောတစ်ပုဒ် -"သမ္မာသမ္ဗုဒ္ဓဿ"တစ်ပုဒ် ဒီလို"ငါးပုဒ်ရှိတဲ့စာပိုဒ်"မှာ- "ငုံထားလိုက်တဲ့ဂုဏ်တော်"က, -ဘဂဝါဂုဏ် -အရဟံဂုဏ် -သမ္မာသမ္ဗုဒ္ဓဂုဏ် ဆိုတဲ့ "မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကြီးသုံးပါး" -ကို ငုံပြီးတော့, ချီးမွမ်းပြီးတော့ "ဘုရားရှိခိုးတဲ့စာပိုဒ်"ဖြစ်တယ်။ ထို"စာပိုဒ်"ကို-"ဆရာသမားများ"ထံ "အနက်"ပြန်ဆိုလျှင် ဟောဒီလို "အနက်"ပြန်ဆိုတာတွေ့ရလိမ့်မယ်။ -"ဘဂဝတော"= ဘဂဝါ ဂုဏ်ရှင်ဖြစ်တော်မူသော။ -"အရဟေတာ"= အရဟံ ဂုဏ်ရှင်ဖြစ်တော်မူသော။ -"သမ်မာသမ်ဗုဒ်ဓဿ"= သမ္မာသမ္ဗုဒ္ဓ ဂုဏ်ရှင် ဖြစ်တော်မူသော။ -"တဿ"= ထိုမြတ်စွာဘုရားအား။ -"နမော"=ရိုသေမြတ်နိုး အကျွန်ုပ်ရှိခိုးပါ၏။ -စာပိုဒ်တိုတိုနဲ့ "ဘယ်လောက်အဓိပ္ပာယ်လေးနက်သော ဘုရားရှိခိုး ဖြစ်တယ်"-ဆိုတာ ဒီလိုအနက်ပြန်ဆိုကြည့်လိုက်ရင် ပိုသိတယ်။ ယခုလို- "ဘဂဝတော၊ဘဂဝါဂုဏ်ရှင်ဖြစ်မူသော" -လို့ "အနက်မြန်မာပြန်"ဆိုတာဟာ, -သိလွယ်အောင် "နာမသတ် အနက်ပြန်ဆိုတာ" -လို့ ခေါ်ပါတယ်။ နောက်ကျမှ- "ဘဂဝါဂုဏ်"ဆိုတာ "ဘာခေါ်တယ်" စသဖြင့် သိရလိမ့်မယ်။ အဲဒီလို-"နာမသတ်"အနက်ပေးကြည့်တော့- "ဩော်- ဒီစာပိုဒ်ဟာ "မြတ်စွာဘုရား"၏, -ဘဂဝါဂုဏ် -အရဟံဂုဏ် -သမ္မာသမ္ဗုဒ္ဓဂုဏ် ဆိုတဲ့ ဒီ"ဂုဏ်တော်ကြီးသုံးပါး"ဖြင့် ချီးကျူးပြီးတော့- "ဘုရား"ကို ရှိခိုးတဲ့စာပိုဒ်ပါလား"-လို့ အဲဒီလို"သဒ္ဓါတရား"တွေ ပိုပြီးတော့ဖြစ်ပါလိမ့်မယ်။ အဲဒီလို "စာပိုဒ်"က တိုပေမယ့်- "ဂုဏ်တော်ကြီးသုံးပါးနဲ့ ဘုရားကိုရှိခိုးတဲ့ စာပိုဒ်"ဖြစ်လို့- "ဘုရားရှင်"လက်ထက်တော်တုန်းက, -သိကြားနတ်မင်း, -သဟမ္ပတ်ိ ဗြဟ္မာမင်း, "လူ့ပြည်"က, -ဗိမ္ဗိသာရ မင်း၊ -ပေဿနဒီကောသလ မင်း, "ပုဏ္ကားပညာရှိ"ဖြစ်ကြတဲ့, -ဗွဟ်မာယုပုဏ်ကား -ပေါက္ခရသာတိပုဏ္ကား -ဇာဏုသောဏိပုဏ္ကား တို့ဟာ "ဘုရားရှင်"ထံမှာ ဒီ"နမော တဿ"ဖြင့် "သုံးကြိမ်"တိုင်တိုင် မြတ်မြတ်နိုးနိုး ဘုရား ရှိခိုးကြတယ်။ အားလုံး ကြားဖူးသိဖူးကြတဲ့အတိုင်း- "ဘုရား"လက်ထက်တော်တုန်းက "ဓနဉ္ဇာနီအရိယာပုဏ္ဏေးမကြီး"ဟာ ဘယ်အန္တရာယ်ကိုမှ မရေတွက်ဘဲ ဒီ "နမောတဿဘုရားရှိခိုး"နဲ့ "သုံးကြိမ်"တိုင်တိုင် "မြတ်စွာဘုရား" ကို ရှိခိုးခဲ့တယ်။ ဒါကြောင့် ဤကဲ့သို့ ဖြေလိုက်ပါ၊၊ “ဤနမောတဿဘုရားရှိခိုးသည် -လူ ပညာရှိ -နတ် ပညာရှိ -ဗြဟ္မာ ပညာရှိတို့က တမြတ်တနိုး-"ဘုရားရှိခိုးတဲ့ စာပိုဒ်"ဖြစ်လို့- -ကျွန်ုပ်တို့ရဲ့ မိဘ,ဘိုးဘွား -အထက်,အထက်လူကြီးများ -ဆရာသမားများက " သုံးခေါက် "ဆိုရိုးပြုခဲ့ကြပါတယ်"- လို့ ရဲရဲကြီး ဖြေဆိုလိုက်ကြပါ။ ━━━━━━━━━ ("မင်းကွန်း တိပိဋက ဆရာတော်ဘုရားကြီး" ဟောကြားတော်မူသော- "ဩကာသ ရှင်းတမ်း တရားတော်"မှ ကောက်နှုတ်ချက်) စိတ်ငြိမ်ခြင်းသည် စွမ်းအားဖြစ်သည်။ #တရားတော်များ
期待されるゴール
Region: TH
Saturday 31 October 2026 17:19:13 GMT
Music
Download
Comments
Kyaw Linn Soe :
လိုရင်းကိုပဲရေးပါ နားမလည်သေးသူအတွက် ပိုမိုရှုပ်ထွေးစေတယ်
2026-11-02 02:45:15
0
ကိုကိုအချစ်ဆုံးလေးရေ🖤🖤🖤🖤🖤 :
🌹🙏🌹
ကောင်းပါတယ်..ကျေးဇူးလဲ့🌷
🌷ထပ်လောင်းတင်ပါတယ်
တရားချစ်ခင်သူတော်မြတ်🌷
🌷အပေါင်းတို့ ဘဝမြင့်
မြတ်နိဗ္ဗာန်သို့..အလျှင်အမြန်🌷
🌷ရောက်ကြပါစေ..ဘုရား🙏🙏🙏🙏
2026-11-01 05:25:30
7
ဌေးလှိုင် :
@[Pray][Pray][Pray]
2026-11-01 05:11:46
0
🅿. 🅾 .🅻 .🅰 .🅶(📖စာတို 📖) :
သာဓုပါဘုရား🙏🙏🙏
2026-11-01 06:02:13
3
ဂရုဏာရှင် :
သာဓု သာဓု သာဓု ပါ။
2026-11-01 08:33:56
1
Moe :
🙏🙏🙏🙏🙏🙏🙏🙏🙏
🌺🌹🌺🌹🌺🌹🌺🌹🌺
သာဓု သာဓု သာဓုပါဘုရား☘️
2026-11-01 13:36:46
1
ဘိသိတ်-မင်္ဂလာဌေး :
အမှန်ပေါ့ဗျာ တရားဦးလို့ပြောရင်လည်းရတာဘဲ ဘယ်အခမ်းအနား ပဲဲကြီးပွဲငယ်
အဖွင့်တွေ အဦးဆုးံပူဇော်ရွတ်ဆိုရတာပါဘဲ
2026-11-01 07:52:03
1
Kyaw Zaw Thu :
သာဓု သာဓု သာဓု ပါ🙏🙏🙏
2026-10-31 20:12:36
5
Than Soe :
သာဓု။ သာဓု။ သာဓု ဘုရား
2026-11-01 15:11:37
0
U Zaw Nyunt :
သာဓုသာဓုသာဓုပါ🙏🙏🙏
2026-11-01 05:25:27
2
koko :
သာဓုသာဓုသာဓု။
2026-11-01 09:09:21
1
Daw San Myint :
သိရတဲ့အတွက်ကျေးဇူးတင်ပါတယ်
2026-11-01 14:15:20
1
PJ691 :
သာဓုသာဓုသာဓု
2026-11-01 07:57:40
1
Win Kyi :
သာဓုပါ
2026-11-01 03:50:37
1
12 :
သာဓုပါဘာုရား
2026-11-01 07:04:13
1
Ma Thi Thi :
သာဓုသာဓုသာဓုပါဘုရား
2026-11-01 06:01:59
2
doelay :
ကျေးဇူးကြီးလှပါတယ် များများတင်ပေးပါနော်
2026-11-01 07:25:58
2
ဆရာဦးအောင်ကိုဦး :
🙏🙏🙏သာဓုသာဓုသာဓုပါ
2026-11-01 14:38:34
1
Daw yee Yee Myint :
သာဓုသာဓုသာဓုပါဘုရား
2026-11-01 08:34:45
0
Ko Ko Maung :
ဒီစာတင်ပေးသူ သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန်ဒပြည့်ပါစေဗျာ
2026-11-01 02:02:17
3
သံသရာခရီးသည်🌅 :
သာဓုသာဓုသာဓု ဘုရား 🙏🙏🙏🙏🙏
2026-11-01 06:15:41
0
ဒေါ်ရီရီမြင့် :
သာဒုသာဒုသာဒုပါဘုရား
2026-11-01 15:31:13
1
nay win :
ကံကောင်းလို့တာသိရပါတယ်ဗျာ🙏🙏🙏
2026-11-01 15:10:11
1
May Cho :
သာဓု သာဓု သာဓု ပါ🥰🥰🥰
2026-11-01 04:46:00
1
To see more videos from user @soesoe5447, please go to the Tikwm
homepage.