@aungmyonaing111111: အရမ်းကောင်းတဲ့ စာသားလေးပါ ဖတ်ရင်းနဲ့ တွေးပါ အရသာက တမူထူးခြားနေပါလိမ့်မယ် ===================== (၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။ (၃) ကိုယ့်ကိုယ်ကို လေးစားပါ။ သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။ အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။ (၄) ငွေဆိုတာ ရေလိုပဲ။ ငွေခမ်းရင် ငတ်သေတတ်တယ်။ ငွေမက်လွန်းရင် နစ်သေတတ်တယ်။ (၅) အရာဝတ္ထုတစ်ခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။ (၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့ လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။ (၇) လောဘမကြီးနဲ့။ ကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။ (၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။ (၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။ (၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။ (၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ (၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။ တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။ (၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။ (၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ လူတိုင်းတတ်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။ (၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။ (၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။ (၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့ ဆုံးရှုံးသွားစေမှာ။ နည်းနည်းသည်းခံလိုက် နည်းနည်းတောင့်ခံလိုက် … တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။ (၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။ (၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ် နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။ (၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ... ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။ #စာပေချစ်သူ✍ #foryoupage❤️❤️ #creatorsearchinsight #crd #fypシ゚viral🖤tiktok

📚စာပေချစ်သူများဆုံဆည်းရာ📚
📚စာပေချစ်သူများဆုံဆည်းရာ📚
Open In TikTok:
Region: MM
Sunday 01 November 2026 00:34:57 GMT
39031
4903
146
353

Music

Download

Comments

lap63025ab2
ပဲခူးသူ🥰 :
အဖိုးမဖြတ်နိုင်တ့ဲစာသားပါဖတ်ခွင့်ရလို့ကျေးဇူ့အထူးတင်ပါတယ်ရှင်
2026-11-01 13:16:05
9
khin.khin.mu24
Khin Khin Mu :
စာသားလေးကအသိပညာတိုးပွားစေပါတယ်ရှင်ကျေးဇူးအထူးတင်ပါတယ်
2026-11-01 13:07:18
8
user958447524454
သဇင်💓💗 :
ကျေဇူးပါ။
2026-11-02 12:14:13
1
fllower266
၊Fllower :
ဟုတ်ပါတယ်🥰🥰
2026-11-06 07:05:35
1
aung.ko.oo9410
Aung Ko Oo :
လေးစားပါတယ်ဆရာစားတာလေးတွေဖတ်လို့ကောင်ပါတယ်ဆရာ🥰🥰🥰🥰❤️❤️🌹🌹
2026-11-06 16:42:01
1
nyo.nyo6507
Nyo Nyo :
ကျေးဇူတင်ပါတယ်🥰🥰🥰🥰🥰
2026-11-01 14:34:14
1
daw.htwe6760
Daw Htwe :
စာသားလေးကအ ရမ်းကောင်းပါတယ်ရှင့်ကျေးဇူးပါရှင့်
2026-11-01 09:27:48
1
user3087116619920
user3087116619920 :
ကောင်း
2026-11-03 07:43:12
1
daw.win.nwe34
Daw Win Nwe(AZB family)❤ :
တန်ဖိုးရှိတဲ့စာသားလေး ပါ
2026-11-01 17:27:03
1
may.may3663
May May :
ကျေးဇူးပါ
2026-11-02 05:40:17
1
khinhninkhinhnin93
khinhninkhinhnin93 :
ကျေးဇူပါနော်
2026-11-03 16:25:52
1
zayyaraung236
zayyaraung236 :
မင်္ဂလာပါ
2026-11-01 16:18:10
1
opporcik4
ShweTwel :
👍
2026-11-06 05:27:58
1
thu.zar.win427
☘️☘️🌹🌹🌹 :
🥰🥰🥰🥰🥰🥰
2026-11-02 01:47:48
1
ayeayethet506
ayeayethet :
🙏🙏
2026-11-02 23:47:53
1
khin.nwe.yee660
Khin Nwe Yee :
2026-11-01 16:35:34
2
shwema23
ShweMa🐰🌻 :
👍👍👍
2026-11-01 09:59:05
1
tar.tar8623
Tar Tar :
🥰🥰🥰🥰🥰🥰🥰🥰
2026-11-06 04:10:25
1
pan.ei5766
pan ei :
စာလေးယူသုံးမယ်နော်
2026-11-01 12:41:54
1
daw.htwe6760
Daw Htwe :
ဟုပ်ကဲ့ဖတ်ပါမယ်ရှင့်
2026-11-01 09:22:07
1
hlanaing40
hlanaing40 :
မင်္ဂလာပါဆရာကြီး🥰🥰
2026-11-01 16:54:21
1
kyawwkyaww45
ပြည့်စုံကြွယ် :
စာသားတွေ အရမ်း ကောင်းပါတယ်
2026-11-01 17:40:57
1
howareyou1328
l :
သူ
2026-11-01 14:44:26
1
poye802
Min💜 :
ကျေးဇူးတင်ပါတယ်ရှင်🙏🙏🙏🙏🙏
2026-11-01 07:34:24
1
zaw.moe.aung705
Zaw Moe Aung :
အရမ်းမှန်ပါတယ်မိတ်ဆွေကျေးဇူးပါဗျာ❤️❤️❤️❤️❤️❤️🙏🙏🙏🙏🙏🙏🙏
2026-11-01 08:32:13
1
To see more videos from user @aungmyonaing111111, please go to the Tikwm homepage.

Other Videos


About