@cookingwithmyat: ကြေးအိုးရဲ့အသက်က အသားလုံး ကျစ်ကျစ်လေးတွေပဲနော် အသားလုံးလေးတွေ ကျစ်ကျစ်လေး၊ တုံတုံအိအိလေး ဖြစ်ဖို့ ဒီအချက်လေးတွေ သတိထားပေးပါ •အသားချည်းသက်သက် အဆီမပါတဲ့ အသားထက် အဆီနည်းနည်းပါဝင်တဲ့ အသားကို သုံးပေးပါ။ အသားလုံးလေးတွေ ကျစ်ကျစ်လေးဖြစ်စေပါတယ် • မြတ်က ငါးဖယ် အစားထိုး အဖြူရောင် fish paste ကိုသုံးထားတာပါ ငါးဖယ်က ပိုချိုပါတယ် • အသားအရောကို အနည်းဆုံး ၅ မိနစ်လောက် သမအောင်နယ်ပေးပါ • အသားအရောက စေးကပ်လာလေလေ အသားလုံးက ပိုပြီး တုံတုံအိအိလေး ဖြစ်လေလေပါပဲ • အသားအရောကို ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၂ နာရီလောက် နှပ်ထားပေးပါ • အသားလုံးတွေကို ရေဆူဆူထဲ တစ်ခါတည်း အများကြီးမထည့်ဘဲ အလှည့်ကျ ထည့်ပြုတ်ပေးပါ • အတွင်းပိုင်းအထိ ကျက်အောင် ပြုတ်ပေးပါ ကြေးအိုးဆီချက်မှာ မပါမဖြစ်တဲ့ ကြက်သွန်ဖြူကြော်လေး ကလည်း အသက် ရွှေဝါရောင် ကြွပ်ကြွပ်လေး ကြော်ထားတဲ့ ကြက်သွန်ဖြူကြော်နဲ့ မွှေးမွှေးလေး ကြက်သွန်ဖြူဆီချက်က ကြေးအိုးဆီချက်ရဲ့ အရသာကို ပိုပြီးပြည့်စုံစေပါတယ် ကြက်သွန်ဖြူကြော်လေး ကြွပ်ကြွပ်ရွှေဝါလေး ဖြစ်ဖို့ အချက်လေးတွေကတော့ • ကြက်သွန်ဖြူကို အရွယ်အစားညီညီလေး လှီးပေးပါ • မီးအေးအေးနဲ့ အလယ်အလတ်အပူကြားမှာ ဖြည်းဖြည်းချင်း ကြော်ပေးပါ • အရောင်ညီညီလေး ဖြစ်ဖို့ မကြာခဏ မွှေပေးပါ • ရွှေဝါရောင်သန်းလာတာနဲ့ ဆီထဲက ဆယ်ပေးပါ — ဆီပူရှိန်ကြောင့် ဆက်ပြီး အရောင်ရင့်လာနိုင်ပါတယ် • အအေးခံပြီးမှ သိမ်းထားပေးရင် ကြွပ်ကြွပ်လေး ပိုကြာကြာနေနိုင်ပါတယ် ကြေးအိုးဆီချက်တစ်ပွဲမှာ ကြက်သွန်ဖြူကြော် များများလေး မပါရင် မပြည့်စုံသလိုပဲ 🤎 #ကြေးအိုး #ကြေးအိုးဆီချက် #noodles #kyayoh #tiktokfood
Myat
Region: SG
Sunday 01 November 2026 04:00:08 GMT
Music
Download
Comments
Gi__Gi :
သီချင်းသံလေးနဲ့ ကြေးအိုးလေးနဲ့ အမလေး…ချက်ချင်း အိမ်ပြန်ရောက်သွားသလိုခံစားရတာ 😔❣️
2026-11-01 13:22:49
11
THET Htar Lwin🍀 :
ကြာဇံကဂျုံလားဆန်လား
2026-11-03 14:19:28
0
🙈💨 :
ငါးဖယ်ကိုဘာတေထည့်လဲသိချင်ပါတယ်
2026-11-02 06:01:59
0
IG : khantcooks :
damn that looks soo good
2026-11-01 04:39:24
1
📚 :
သီချင်းလေးကြိုက်လိုက်တာ
2026-11-02 11:33:16
0
It's Yasha :
I want a sister like you
2026-11-01 05:48:03
1
wyh :
ညဘက်ကြီးကွာ
2026-11-03 16:45:45
0
Tox_Recap :
ကြာဇံက ဘယ်တံဆိပ်လေးသုံးတာလဲ
2026-11-02 17:15:33
0
Sid :
bike sr loh lr poh pa lr bro
2026-11-02 13:31:01
0
M# :
သာယာတဲ့ဘဝလေး🥰
2026-11-02 14:57:35
0
Nice :
မှာလို့ရလား
2026-11-07 02:01:11
0
★ᵒ 𝕻𝖆𝖝 𝕿𝖎𝖓𝖆˙⁺ ˚° :
IG မှာ အမြဲ အသဲပေးတယ်နော်
ခုတော့ ဒီမှာလဲ တွေ့ဘီ🥰
2026-11-02 05:46:31
1
အခမ်းအနားမှူးဦးအောင်အောင်ဦး :
နယ်မှာတော့ ငါးဖယ်တွေများပြီး စားမကောင်း
မူလအရသာမသိကြတာများတယ် ယစားချင်စရာ
2026-11-02 12:43:24
0
To see more videos from user @cookingwithmyat, please go to the Tikwm
homepage.