@ion.magway: သီတင်းကျွတ် အခါသမယ မြတ်ဆရာ ပူဇော်ကန်တော့ပွဲကို နောက်ဆုံးနှစ် Final(Batch-29) မှ စီနီယာ သင်တန်းသား/သူ များ၏ ဦးဆောင်မှုဖြင့် ၂၀၂၆ခုနှစ်၊ အောက်တိုဘာ ၂၆ရက်နေ့ မြတ်ပညာ ခန်းမတွင် ကျင်းပခဲ့သည်။ မြတ်ဆရာ ပူဇော်ကန်တော့ပွဲကို အခမ်းအနားအစီအစဉ်သုံးရပ်ဖြစ်သည့်- ၁၊၊ နောက်ဆုံးနှစ် သင်တန်းသား/သူ နှစ်ဦးက မြတ်ဆရာသီချင်းဖြင့် သီဆိုဂါရဝပြုခြင်း ၂၊၊မြတ်ဆရာ ကန်တော့ကျိုးဖြင့် လက်အုပ်ချီမိုး ကန့်တော့ခြင်းနှင့် ဂါရဝပြုခြင်း ၃၊၊သင်တန်းသား/သူတို့၏ နည်းပြဆရာများဖြစ်သော မာမီကြီး၊ မာမီနှင့် စစ်စတာတို့မှ ဆုံးမ ဩဝါဒ နှင့် ဆုတောင်စကားများ ပြောကြားခြင်း ဖြင့် အောင်မြင်စွာ ပြီးမြောက်စေကာ မြန်မာ့ရိုးရာ သီတင်းကျွတ်လ၏ ထုံးထမ်းစဉ်လာ အရသော်လည်ကောင်း၊ သင်တန်းသား/သူတို့၏ ဆရာများအပေါ် ဂါဝရပြု ရှိခိုးကန်တော့ခြင်းသည်လည်ကောင်း မည်သို့ပင်ဖြစ်စေကာမူ ကိုယ့်ထက် အတွေ့အကြုံ၊ အသိပညာ၊ အတတ်ပညာဝါ ကြီးသော ဆရာသမားတို့ထံ မှားခဲ့ဖူးသည်ရှိသော်/ ရှိခဲ့လျှင် ဝန်ချ တောင်းပန်ဆုံးမဩဝါဒခံသည့် ကောင်းမြတ်သော အခမ်းအနားပွဲတစ်ခု ဖြစ်ပါသည်။ • ပညာအလင်း ရှေ့ဆောင်နှင်း၍၊ မင်း တို့ဆရာ၊ ဂိုဏ်းအနန္တာကို၊ ညီညာဖြဖြ လက်စုံမိုးကာ၊ ကန်တော့ပါ၏ မြတ်ဆရာ။ • ဆရာ့မေတ္တာ၊ အေးရိပ်မြိုင်မှာ၊ ခိုလှုံခွင့်ရ၊ တပည့်လှလျက်၊ ကာယ၊ ဝစီ၊ မနောချီ၍၊ သုံးလီအပြစ်၊ ပြေပါစေကြောင်း၊ ဦးညွတ်တောင်းလျက်၊ ရိုသေမြတ်နိုး ကန်တော့ပါ၏။ • အနန္တဂိုဏ်းဝင် မြတ်ဆရာများ — ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာရှိပြီး ဘေးဥပဒ်ရန်ဟူသမျှ ကင်းစင်ဝေးပါစေ။ • ကျေးဇူးရှင် ဆရာသမားများ — တပည့်များအပေါ် ထားရှိခဲ့သော စေတနာ၊ မေတ္တာအကျိုးကြောင့် ဘဝတစ်လျှောက်လုံး အေးချမ်းပျော်ရွှင်ရပါစေ။ • ဘဝလမ်းပြကြယ်များ — ပညာရွှေအိုး သယ်ပိုးပေးခဲ့ရသည့် ဆရာတို့၏ ဘဝအမောများ ပြေပျောက်ပြီး သက်ရှည်ကျန်းမာပါစေ။ #မှတ်ချက် *မြတ်ဆရာသီချင်းနှင့် ကန်တော့ကျိုးကို စီနီယာ အစ်ကို/အစ်မ များ၏ကြိုးစားအားထုတ်မှုကိုလေးစားစွာဖြင့် ဆရာကန်တော့ပွဲ၍ ဆိုထားသော မူရင်းသီချင်းအသံကိုသာ ထည့်သွင်းထားပါသည်။ *စီနီယာသင်တန်းသားတို့၏မူရင်းအသံကိုသာ ဦးစားပေးခြင်းဖြစ်၍ Video ရရှိမှု လိုအပ်ချက်များရှိသည့်အလျောက် သီချင်း အပြည့်အစုံ မဖြစ်ခြင်းကို နားလည်ပေးပါရန်#institute_of_nursing_magway #thadingyutfestival #မြတ်ဆရာပူဇော်ကန်တော့ပွဲ🙏🙏🙏 #သီတင်းကျွတ်လ #magway #သူနာပြုသိပ္ပံ_မကွေး #memories💫❤️
Institute of Nursing (Magway)
Region: MM
Sunday 01 November 2026 09:45:00 GMT
Music
Download
Comments
J.Erik :
Love Love Love [Red heart][Red heart][Red heart]
2026-11-01 11:16:22
1
အက္ခရာနှောင်းနွယ်👣 :
ကိုယ်တွေမရှိလို့ ပြန်လုပ်ပေးပါ့လားဟင်😭
2026-11-01 12:01:03
1
🌬️Ťħàň Ħțáÿ Ňŷëǐń🦦 :
2026-11-01 15:05:20
0
🇳🇱Robin :
🙏🙏🙏🙏🙏
2026-11-01 11:08:23
1
To see more videos from user @ion.magway, please go to the Tikwm
homepage.