@mamyat95: ဒီပုံထဲကလိုအောက်မှာထိုင်ရတဲ့အိမ်သာမျိုးတွေဆို ဘယ်နေရာမှာဖြစ်ဖြစ်သတိထားကြနော်။ ကျမအတွေ့အကြုံတခုပြောပြမယ်။ ကျမသားကြီး (၂)လသားလောက်ကပေါ့။ ကျမတို့ပထမဦးဆုံးဝယ်တဲ့တိုက်ခန်းက toilet က ဘိုထိုင်မဟုတ်ဘူး။ ခုလိုရိုးရိုးအောက်ထိုင်ရတာမျိုး။ တရက်..ကျမ toilet သွားရင်းမီးဖိုထဲမှာရှိနေတဲ့လင်တော်မောင်ကိုပြောစရာရှိလို့ဆိုပြီးအရေးတကြီးထထွက်လိုက်တာ ခြေကချော်ပြီး စွပ်ကနဲဆို အိမ်သာအပေါက်ထဲဝင်သွားတာ။ အိမ်သာကကွဲပြီး ကျမခြေထောက်ပြန်ဆွဲအထုတ်မှာခြေကျင်းဝတ်ကခြေမနှောင့်အပေါ်ကအကြောမကြီးကိုထိပြီးအကြောမကြီးကပြတ်ထွက်သွားရော။ ကျမခြေထောက်ကိုငုံကြည့်လိုက်တဲ့အချိန်မှာရုတ်တရက်ခြေထောက်ပြ-တ်ဖို့ သဲ့သဲ့ပဲလိုတယ်လို့ထင်သွားတာ။ အကြောမကြီးကပြတ်ပြီးအပေါ်အောက်လိပ်သွားတော့ မသိရင်အပေါက်ခေါင်းကြီးဖြစ်သွားတော့ ပြ-တ်ခါနီးလို့ပဲထင်သွားတာလေ။ ေ-သွးတွေကမြင်မကောင်းဘူး။ လန့်သွားတာရော ေ-သွးမြင်တာရော သွေးနုသားနု လိုဖြစ်နေတာရောဆိုတော့ လူကမိုက်ကနဲပဲဖြစ်သွားတာ။ ဒါပေမဲ့ ကျမသတိကပ်တယ်ပြောရမယ်။ ခြေတဖက်ထောက်နဲ့ အိပ်သာတံခါးကိုရအောင်ဖွင့် အပြင်ရောက်တော့ လင်တော်မောင်ကလန့်ဖြတ်အော်ပြီးခြေမကိုင်မိ လက်မကိုင်မိ။ အမေက သူ့မြေးကိုချော့နေရင်းပြေးဝင်လာတာ။ ကျမက ကလေးအနှီးကိုဖြဲ (ကလေးအနှီးကပိုးသတ်ထားတော့ သန့်တယ်လေ) ခြေထောက်ကိုချည် စသဖြင့် ဒါဏ်ရာကိုမမှုအားပဲညွှန်ကြားနေတာ။ ပြီးမှကျမကိုထမ်းပြီးကားနဲ့ဆေးရုံကြီးကိုပြေးတာ (အဲ့အချိန်က ကျမအမဝမ်းကွဲကဆေးရုံကြီးမှာတာဝန်ကျနေတာလေ) သူ့ကိုလည်းအခန့်သင့်တွေ့တော့ အရေးပေါ်အမြန်စီစဉ်ပြီး ခွဲစိပ်ရရောဆိုပါတော့။ နှစ်ကြိမ်ခွဲခန်းဝင်ရတယ်။ အကြောမကြီးကိုဆက်ပြီးအနာကိုဖွင့်ထားရတာတကြိမ် အနာကျက်မှာ အပေါ်ကိုပြန်ချုပ်ရတာတကြိမ်။ နာလွန်းတာဆိုတာပြောမနေနဲဲ့။ ဆေးရုံမှာ(၂)လနီးနီးနေရပြီးမှဆင်းရတာ။ ဆင်းရတော့လည်း ကျောက်ပတ်တီးနဲ့ဂျိုင်းထောက်နဲ့ အတော်ဒုက္ခရောက်တာပါဆို။ ဒါဏ်ရာအားလုံးကျက်ပြီးကျောက်ပတ်တီးဖြည်ပြီးတာတောင် ပုံမှန်လမ်းလျှောက်နိူင်ဖို့ (၆)လကျင့်ရတယ်။ အကြောကဆွဲချုပ်လိုက်ရတော့ခြေထောက်တဖက်ကထောက်ရင် တိုသလိုဖြစ်သွားပြီး လေ့ကျင့်ခန်းနေ့တိုင်းလုပ်ပေးရတာလေ။ အနာရွတ်ကလည်းကျန်ခဲ့တော့ လှချင်တဲ့ကျမစိတ်ဓာတ်တွေကျလိုက်ရတာဆို။ နောက်ပိုင်း ဂရုတစိုက်နဲ့လေ့ကျင့်ပေး ဒါဏ်ရာကိုဆေးတွေလူးပေးရင်းမှ အားလုံးပုံမှန်ဖြစ်သွားတာ။ ဒါတောင်တနှစ်ကျော်ကြာတယ်။ ပြောချင်တာက အဲ့လိုဖြစ်တဲ့အချိန်မှာ ဆရာဝန်တွေပြောတာက အဲ့လိုအိမ်သာတွေမှာချော်ပြီးအဲ့လိုဖြစ်တဲ့ ကေစ့်ကအများဆုံးပဲတဲ့။ Toilet ဆိုတာရောဂါပေါင်းစုံတော့ ပိုးဝင်တဲ့ရာခိုင်နူန်းကလည်းအရမ်းများတာမို့လုံးဝမပေါ့ဆသင့်ကြောင်းပေါ့။ အခုနောက်ပိုင်း ဘိုထိုင်တွေကွဲတာလည်းကြားလာရတာမို့ သတိလေးအမြဲကပ်ကြပါလို့။ #sharing #အတွေ့အကြုံ #facebookpost Photo..Pinterest

🙏🌸သံသရာမှလွတ်မြောက်ရာသို့🌸
🙏🌸သံသရာမှလွတ်မြောက်ရာသို့🌸
Open In TikTok:
Region: MM
Sunday 01 November 2026 02:51:31 GMT
400214
9529
321
1225

Music

Download

Comments

hnin.hnin6757
"မိုးကုတ်သူ "....Hnin..Hnin.. :
ပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်
2026-11-01 09:25:13
38
user9618751622262
သော်ဘုန်းနိုင် :
အတူတူပဲအိမ်ကညီမလေးနဲ့အတိုင်ဖြစ်တာ၂၀၁၇မှတုံကကြောက်သွားတာပဲ
2026-11-01 07:34:37
7
user99497676226632
user99497676226632 :
အဲ့လိုဖြစ်စဥ်တူမျိုး ညီလေးတယောက် ဖြစ်ဖူးပါတယ် ကြွေခွက်လည်းကွဲ ခြေကျင်းဝတ်နားလည်းပျက်ရှသွားတယ် သူလည်းဆေးရုံပဲ
2026-11-01 05:39:11
11
phoe.ni.phoe.ni
phoe Ni phoe Ni :
အခုလို့သတိပေးပြောပြလို့ကျေးဇူးပါနော်🙏🙏🙏
2026-11-01 15:27:36
5
ktd70002
smile 000972 :
ဟုတ်တယ် ကျမလည်း မနှစ်က သီတင်းကျွတ် ရန်ကုန်ပြန် ကားပေါ်က ဆင်းပြီးည ၁၂နာရီကျော် ရေအိမ်ထဲဝင်တာ ဘယ်လိုခြေထောက်ကျသွားတယ်မသိဘူး ကံကောင်းတယ်ပြောရမလား သတိရပြီးခြေထောက်ကိုချက်ချင်းမထုတ်ပဲ လှည့်ထုတ်မိလို့တော်သေးတယ်ဆိုရမယ် ည၁၂နာရီကျော် နီးစပ်ရာ ဆေးရုံပြေး ခြေချင်းဝတ် ၉ချက် ချုပ်ရတယ်။နောက်မနက် အရိုးအကြောဆေးရုံကိုလွဲပြီး ညဘက်ချုပ်ထားတဲ့ချုပ်ရိုးပြန်ဖြေ၃ရက်စောင့်ကြည့်မှ ပြန်ချုပ်ပေးတယ် အကြောတော့မပြတ်ဘူး 2လလောက် ခြေထောက်ဆွဲနေသလိုဖြစ်လို့ သထိထားပြီး ပြန်ကျင့်ယူရတယ်
2026-11-01 11:44:56
7
kaythi.win71
Kaythi Win :
အခုလိုအများသိအောင်ပြောပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နေယ်
2026-11-01 07:45:41
5
user063926738
kyawyetwe :
အိမ်သာကြွေခွက်က တော်ရုံမကွဲပါဘူးဗျာ
2026-11-01 17:37:28
1
tkk62175
Tkk :
ဟုက်
2026-11-01 16:42:10
1
khit.nay.han7
Khit Nay Han :
ဟုတ်တယ် သိထားရမယ်
2026-11-02 15:45:05
2
khin.thazin95
Khin Thazin :
ကျေးဇူးပါအမ အခုမှကြားဖူးတယ် ရေအိမ်ဝင်ရင် သတိထား ဂရုစိုက်ရတော့မယ်
2026-11-02 15:49:52
2
user6077988080370
San San :
သတိပေးလို့ကျေးဇူးပါ
2026-11-01 17:04:01
1
user7568241912261
Daw Khin Hnin Kyi :
ကေိးဇူးတင်ပါတယ်
2026-11-02 10:29:55
1
mamanyo88
Ma Nyo :
ကျေးဇူးတင်ပါတယ်ပြောပေးလို
2026-11-01 17:00:11
1
sunday.mobile71
Shwe Ei :
ကျေးဇူးပါညီမလေး
2026-11-02 16:47:28
1
user6817919546556
Khaing Gyi :
အပျက်သဘောချည်း ကြည့်လို့မရပါဘူး အရာရာဟာ ဂရုစိုက်မှ အဆင်ပြေမှာပါ
2026-11-02 02:12:50
1
mazawart
Ma Zaw Art :
ကျေးဇူးပါ
2026-11-01 22:06:09
1
thi.thi71633
Thi Thi :
ကျေးဇူးပါရှင်🥰🥰
2026-11-02 13:10:59
1
dawayeaye.naing7
Naing Naing :
ကျေးဇူးပါ🥰🥰🥰🥰
2026-11-02 00:19:55
1
daw.aye.aye.mon579
Daw Aye Aye Mon :
👍ကျေးဇူးပါရှင်👍
2026-11-02 08:30:13
1
user379451119
Kyaw Kyaw :
ကျေးဇူးပါ
2026-11-02 02:30:25
1
daw.than.than.lwin85
Daw Than Than Lwin :
သိခွင့်ရလို့ကျေးဇူးပါ
2026-11-01 22:43:24
1
shwe.yi7055
မေမေ့ သမီးလေး Shwe Yi🥰 :
အခုပြောပြပေးတာ ကျေးဇူးပါရှင့် 🥰
2026-11-01 17:19:34
1
theint.theint9435
Thein Thein :
ကျေးဇူးပါ
2026-11-01 15:49:28
1
phyoeimon82
Phyoeeimon :
အခုလိုသိရလိူ့ ကျေးဇူးပါရှင့်
2026-11-02 12:04:44
1
yike286
Aye :
ကျေးဇူးပါ
2026-11-01 23:09:50
1
To see more videos from user @mamyat95, please go to the Tikwm homepage.

Other Videos


About