@offica.acc4: 🔴| ချဲလ်ဆီးနဲ့ပွဲစဥ်မှာ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ရဲ့ စွမ်းဆောင်ရည်နဲ့ ပြုမူတွေကို ဝေဖန်ပြောကြားသွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ် 🗣 "ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စတွေအားလုံးအတွက် လီဆန်ဒရို မာတီနက်ဇ်ကိုပဲ ကျွန်တော် အဓိကတာဝန်ရှိသူအဖြစ် သတ်မှတ်ပါတယ်။ သူဒီနေ့လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ပထမဂိုးမှာ သူကာကွယ်ခဲ့တဲ့ပုံစံက လုံးဝလက်ခံနိုင်စရာမရှိပါဘူး။ နောက်ပြီး ပင်နယ်တီဖြစ်သွားတဲ့ အမှားကလည်း ဘယ်လောက်တောင် အံ့ဩစရာကောင်းလဲဆိုတာ ပြောစရာစကားတောင် မရှိတော့ပါဘူး။ တကယ်ကို ဆိုးရွားလွန်းပါတယ်။ ကစားသမားတွေဟာ ပရိသတ်တွေအတွက် ကစားပေးနေတာပါ။ ပရိသတ်တွေကလည်း အပတ်တိုင်း အသင်းကို အားပေးမှုအပြည့်နဲ့ ရှိနေကြပါတယ်။ ဒါကြောင့် ကစားသမားတွေအနေနဲ့လည်း ဒီထက်ပိုကောင်းအောင် ကစားပြသင့်တာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီနေ့လိုမျိုး အရမ်းညံ့ဖျင်းစွာ ကစားခဲ့တဲ့အပြင် ပွဲရဲ့အရှိန်အဟုန်ကို ပျက်စီးစေမယ့် မလိုအပ်တဲ့ အမှားတွေကိုပါ ဆက်တိုက်လုပ်နေကြမယ်ဆိုရင် လက်ခံနိုင်စရာမရှိပါဘူး။ အထူးသဖြင့် ကစားသမားတစ်ယောက်တည်းက အမှားနှစ်ကြိမ်အထိ ကျူးလွန်ခဲ့တာဟာ လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။" #unitednwessport #manchesterunited_team⚽💥👹

🐲Ko Phyo🌎(United boy fan)🐲
🐲Ko Phyo🌎(United boy fan)🐲
Open In TikTok:
Region: MM
Sunday 01 November 2026 04:24:23 GMT
4536
151
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @offica.acc4, please go to the Tikwm homepage.

Other Videos


About