@worklifebalance.koaung: Hana EZ ကနေ မြန်မာငွေလွှဲ Printထုတ်သွားရမည့် ပုံစံနမူနာ ***************************** ကျနော့်ကို လာလာမေးကြတဲ့သူတွေများလို့ Hana EZ ကနေ မြန်မာငွေလွှဲ print ထုတ်ရတဲ့ပုံစံကို မျှဝေပေးခြင်းပါ။ SS ရိုက်တဲ့အခါ အကုန်မပေါ်လို့ ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလုပ်တာလဲ လာမေးမေးနေကြလို့ မသိသေးတဲ့၊ မလုပ်တတ်သေးတဲ့သူတွေ အဆင်ပြေအောင်လို့ Photo ပြန်ပေါင်းတာလေးပါ မျှဝေးပေးလိုက်ပါတယ်။ 👌POEA ရုံးမှာတော့ ကျနော်လုပ်ထားတဲ့ပုံစံကို နမူနာ ကပ်ထားပါတယ်။ SS အပြည့် ၁ခါတည်းရိုက်လို့ရရင်လည်း အရှည်လိုက် ထုတ်သွားလို့လည်းရပါတယ်။(စာလုံးတော့ အနည်းငယ်သေးသွားပါမယ်) 🔺အဓိကကတော့ ကိုရီးယားဝမ် ဘယ်လောက်ပမာဏ လွှဲထားလည်း သိချင်တာပါ။ငွေလွှဲ ပမာဏ၊ လက်ခံသူ၊ ပို့သူ အကုန်ပါရပါမယ်။ ငွေလွှဲတဲ့ ဒိတ်၊ ဝမ် ပမာဏ မှတ်ထားပါ။ ရုံးမှာ စုစုပေါင်း ပမာဏ ထည့်ရေးပေးရပါတယ်။ 👉Hana EZ ငွေလွှဲမှတ်တမ်းက ၁နှစ်စာပဲ ကြည့်ရလို့ အရင်နှစ်ကငွေလွှဲတွေ ကြည့်ချင်ရင် ပြက္ခဒိန်ပုံမှာ ဒိတ်ပြန်ရွေးပြီး စစ်ကြည့်ပါ။ Edit; ကျနော်က Hana EZ ငွေလွှဲနမူနာကို မျှဝေပေးတာပါ။ ကိုယ့်ဘဏ်အကောင့်ကနေ မြန်မာဘက်က မည်သူ့ထံကိုမဆို တိုက်ရိုက်လွှဲထားတဲ့ တခြားငွေလွှဲတွေကလည်း တင်ပြလို့ရပါတယ်။ #၂၅%ငွေလွှဲ #တရားဝင်ငွေလွှဲ #hanaez #POEA #pjခွင့်ပြန် အဆင်ပြေကြစေ၊ မေတ္တာဖြင့် KYAW KYAW 2026-09-04
KYAW KYAW
Region: KR
Sunday 01 November 2026 14:27:44 GMT
Music
Download
Comments
YG kyaw zin :
ဝမ်ဘယ်လောက်ထိသက်မှတ်ထားလဲအကိုပြောပြပါလား၂၅%ကမြန်မာငွေဘယ်လောက်ထိလဲဗျာ
2026-11-01 15:44:18
1
🎧THET MAUNG (ရေနံ့သာ) :
အကို ခွင့်ပြန် 25%က နောက်ဆုံးမပြန်ခင် 3လစာကိုပြရမှာလား ဒါမှ မဟုပ်အရင်က1နှစ်အတွင်းလွှဲထားတာပြလို့ရလား အကယ်၍နောက်ဆုံးသုံးလမဖြစ်မနေပြရမယ်ဆို ပြန်ဖို့ကကြားမှာ3လမကျန်လို့ စုပြီးတစ်ခါထဲလွှဲပြလို့ရလား
2026-11-02 00:32:56
0
Thet Zaw Oo :
အပီးပြန်မယ်ဆိုရင်ရောညီလေး
2026-11-01 23:25:41
0
RO Meo🇲🇲🇰🇷 :
🥰🥰🥰
2026-11-01 15:50:52
1
To see more videos from user @worklifebalance.koaung, please go to the Tikwm
homepage.