@woojdooo:

WooJDooo
WooJDooo
Open In TikTok:
Region: UA
Sunday 01 November 2026 21:33:23 GMT
146104
18776
325
16872

Music

Download

Comments

To see more videos from user @woojdooo, please go to the Tikwm homepage.

Other Videos


"အောင်မြင်ချင်ရင်လူငယ်ဆိုတဲ့ စကားနှစ်လုံးကို ၅ နှစ်လောက် စွန့်လွှတ်လိုက်ပါမိတ်ဆွေ" လူငယ်ဘဝဆိုတာ ပျော်ဖို့ကောင်းတယ်။ သူငယ်ချင်းတွေနဲ့ လည်ချင်မယ်၊ အပျော်အပါးလုပ်ချင်မယ်၊ ဒီနေ့ပျော်ရင် ဒီနေ့နဲ့ပြီးချင်မယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ဘဝက သာမန်ဘဝမဟုတ်ဘူးဆိုရင် ကိုယ်လုပ်ရမယ့်အရာကလည်း သာမန်မဖြစ်ရဘူး။ ၅ နှစ်လောက်ပဲ သူများတွေ ပျော်နေတဲ့အချိန်မှာ ကိုယ်က ကိုယ့်အနာဂတ်အတွက် ကြိုးစားလိုက်ပါ။ သူများတွေ အချိန်ဖြုန်းနေတဲ့အချိန်မှာ ကိုယ်က ကိုယ့်အရည်အချင်းကို တည်ဆောက်လိုက်ပါ။ သူများတွေ အခုမှလူငယ်ပဲ ဆိုပြီး အချိန်တွေကို လွှတ်ပစ်နေတဲ့အချိန်မှာ ကိုယ်က တစ်နေ့ကျရင် ငါဘယ်လိုလူဖြစ်ချင်လဲ ဆိုတာကိုပဲ တွေးပါ။ လူငယ်ဘဝကို စွန့်လွှတ်တယ်ဆိုတာ ပျော်ရွှင်မှုအားလုံးကို စွန့်လွှတ်တာမဟုတ်ဘူး။ ကိုယ့်အနာဂတ်ကို ဖျက်ဆီးမယ့် အပျော်အပါးတွေကို ခဏငြင်းပယ်နိုင်တာကို ပြောတာ။ ၅ နှစ်ကြာပြီးတဲ့အခါ သူများတွေက အဲဒီအချိန်က ငါတို့ပျော်ခဲ့ကြတယ် လို့ ပြောနေတဲ့အချိန်မှာ ကိုယ်က အဲဒီအချိန်တုန်းက ငါမလျှော့ခဲ့လို့ ဒီနေ့ဒီနေရာကို ရောက်လာတာ လို့ ပြောနိုင်အောင် ကြိုးစားပါ။ ဒီနေ့အပျော်ကို ခဏလျှော့ပြီး မနက်ဖြန်ဘဝကို မြှင့်တင်လိုက်ပါ။ လူငယ်ဘဝက တစ်ခါပဲရတာမှန်တယ် ဒါပေမယ့် အဲဒီတစ်ခါကို ဘယ်လိုအသုံးချမလဲဆိုတာက ကိုယ့်လက်ထဲမှာပဲ။ #NayLinAung

About