@apex.pulse17: “စကားတောင် မပြောနိုင်တော့ဘူး” — ကမ္ဘာ့ချန်ပီယံဖြစ်ပြီး Antonelli ဝမ်းသာမျက်ရည်ကျ Mexico City GP မှာ P3 နဲ့ အဆုံးသတ်ပြီး 2026 ကမ္ဘာ့ချန်ပီယံဖြစ်ကြောင်း သိလိုက်ရချိန် Kimi Antonelli ဟာ ရေဒီယိုကနေ အော်ဟစ်ဝမ်းသာပြီး မျက်ရည်ကျခဲ့ပါတယ်။ “ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ။ အရမ်းကျေးဇူးတင်ပါတယ်” လို့ Antonelli က ပြောခဲ့ပါတယ်။ သူ့ရဲ့ Race Engineer Peter Bonnington ကလည်း “အရမ်းကောင်းတယ် Kimi။ မင်းနဲ့အတူ ဒီခရီးလမ်းမှာ ပါဝင်ခွင့်ရတာ တကယ့်ကို ဂုဏ်ယူစရာပါ။ ဒါက ပထမဆုံးအခန်းပဲ” လို့ ဂုဏ်ပြုခဲ့ပါတယ်။ Mercedes Team Principal Toto Wolff ကလည်း “Kimi၊ ငါတို့လုပ်နိုင်ခဲ့ပြီ။ ကမ္ဘာ့ချန်ပီယံဖြစ်သွားပြီ” လို့ ရေဒီယိုကနေ ပြောကြားခဲ့ပါတယ်။ Antonelli ဟာ အသက် ၂၀ နှစ်နဲ့ ၆၈ ရက်အရွယ်မှာ F1 သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ VIA: PlanetF1 #Apexpulse16 #KimiAntonelli #Mercedes #F1 #F12026
Apex_-_Pulse - Tifosi ❤️
Region: MY
Sunday 01 November 2026 23:15:36 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @apex.pulse17, please go to the Tikwm
homepage.