@thcbillybleu:

Billy B | Fashion & Beauty
Billy B | Fashion & Beauty
Open In TikTok:
Region: US
Monday 02 November 2026 02:23:02 GMT
633
6
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @thcbillybleu, please go to the Tikwm homepage.

Other Videos

🙏 မန္တလေးမြို့မှ နာမည်ကြီး Power Light ပိုင်ရှင် မွတ်ဆလင်အစ္စလမ်ဘာသာဝင် သူဌေးကြီးက ပိုင်ဆိုင်မှုများအားလုံးကို စွန့်လွှတ်ကာ ရာသက်ပန် ရဟန်းဘောင်သို့ ဝင်ရောက်သွားခဲ့သည့် ကြည်ညိုဖွယ်ဖြစ်စဉ် ​မန္တလေးမြို့က အရမ်းချမ်းသာတဲ့ Power Light ပိုင်ရှင် သူဌေးကြီးက ပိုင်ဆိုင်မှုမှန်သမျှကို သက်ရှိထင်ရှားရှိနေချိန်မှာပဲ အပြီးပိုင်စွန့်လွှတ်ပြီး ရဟန်းဘောင်ကို ရာသက်ပန် ဝင်ရောက်သွားခဲ့တယ်ဆိုတဲ့ သတင်းကို မိဘပြည်သူများ ကြားဖူးကြမှာပါ။ ​ဒီတစ်ခေါက် 1.11.2026 ပုဂံဘက်သို့ ခရီးသွားရင်း အသိမိတ်ဆွေတစ်ဦး၏ အကြံပြုလမ်းညွှန်ချက်ဖြင့် ပုပ္ပါးရှိ
🙏 မန္တလေးမြို့မှ နာမည်ကြီး Power Light ပိုင်ရှင် မွတ်ဆလင်အစ္စလမ်ဘာသာဝင် သူဌေးကြီးက ပိုင်ဆိုင်မှုများအားလုံးကို စွန့်လွှတ်ကာ ရာသက်ပန် ရဟန်းဘောင်သို့ ဝင်ရောက်သွားခဲ့သည့် ကြည်ညိုဖွယ်ဖြစ်စဉ် ​မန္တလေးမြို့က အရမ်းချမ်းသာတဲ့ Power Light ပိုင်ရှင် သူဌေးကြီးက ပိုင်ဆိုင်မှုမှန်သမျှကို သက်ရှိထင်ရှားရှိနေချိန်မှာပဲ အပြီးပိုင်စွန့်လွှတ်ပြီး ရဟန်းဘောင်ကို ရာသက်ပန် ဝင်ရောက်သွားခဲ့တယ်ဆိုတဲ့ သတင်းကို မိဘပြည်သူများ ကြားဖူးကြမှာပါ။ ​ဒီတစ်ခေါက် 1.11.2026 ပုဂံဘက်သို့ ခရီးသွားရင်း အသိမိတ်ဆွေတစ်ဦး၏ အကြံပြုလမ်းညွှန်ချက်ဖြင့် ပုပ္ပါးရှိ "စကားဖြူရိပ်သာ" သို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ခွင့် ရခဲ့ပါသည်။ အစက ပုပ္ပါးသို့ဝင်ရန် အစီအစဉ်မရှိခဲ့သော်လည်း ဆရာတော်အား ဖူးမြော်ချင်စိတ်ဖြင့် သွားရောက်ခဲ့ရာ Power Light ပိုင်ရှင်ဘဝမှ ရဟန်းဝတ်သွားသည့် ဆရာတော်အား ဖူးတွေ့ခွင့်ရခဲ့ခြင်း ဖြစ်ပါသည်။ ​ဆရာတော်သည် အနေအထိုင်၊ အပြောအဆို အစစအရာရာတွင် အလွန်ပင် ကြည်ညိုသဒ္ဒါပွားများစရာ ကောင်းလှပါသည်။ ကျောင်းတိုက်ကလေးမှာလည်း တောအုပ်လေးထဲတွင် တည်ရှိပြီး အလွန်ပင် အေးချမ်းတိတ်ဆိတ်လှပါသည်။ ​ထူးခြားချက်မှာ ကျောင်းတိုက်သို့ လာရောက်သမျှသော ဧည့်သည်များကို သက်သတ်လွတ် စတုဒိသာဖြင့် ဧည့်ခံကျွေးမွေးပြီး အလှူငွေကောက်ခံခြင်း လုံးဝမရှိသည့်အပြင် လာရောက်လှူဒါန်းလိုသူများကိုပင် ကျောင်းထိုင်ဆရာတော်က လက်မခံကြောင်း သိရပါသည်။ ​ယခုကဲ့သို့ ကံကောင်းထောက်မစွာဖြင့် သံသရာလွတ်မြောက်ကြောင်း တရားများ ကျင့်ကြံအားထုတ်နေသည့် ဆရာတော်အား ဖူးမြော်ခွင့်ရခဲ့သည့်အတွက် အလွန်ပင် ဝမ်းမြောက်ကျေနပ်မိသလို လမ်းညွှန်ပေးခဲ့သည့် အစ်မကိုလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်း မျှဝေမှတ်တမ်းတင်အပ်ပါသည်။ ​(ကြည်ညိုသဒ္ဒါပွားများဖွယ် ဤအကြောင်းအရာလေးကို အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် ဝိုင်းဝန်း ကူညီ မျှဝေပေးကြပါ) crdမူရင်း ​#ပုပ္ပါး #စကားဖြူရိပ်သာ #PowerLight #သာသနာ့အလင်းရောင် #ကြည်ညိုဖွယ်

About