@sarto8526: PC ဂိမ်းကစားခြင်းကို ရူးသွပ်ကြတဲ့ အမျိုးသားတိုင်း စိတ်ကူးယဉ်အိပ်မက်မက်ရမယ့် အံ့ဩဖွယ်ရာ ဇာတ်လမ်းလေးတစ်ခု တရုတ်နိုင်ငံကနေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းက တရုတ်နိုင်ငံရှိ မင်္ဂလာပွဲတစ်ခုမှာ သတို့သမီးဖြစ်သူဟာ ခင်ပွန်းဖြစ်သူ ဂိမ်းဝါသနာအိုး သတို့သားအတွက် နည်းပညာလောကမှာ ရေပန်းအစားဆုံးနဲ့ စျေးအကြီးဆုံးဖြစ်တဲ့ ASUS ROG Astral GeForce RTX 5090 ဂရပ်ဖစ်ကတ် (GPU)အသစ်စက်စက်ကြီးကို လျှို့ဝှက်ဝယ်ယူပြီး မင်္ဂလာစင်မြင့်ထက်မှာ အံ့အားသင့်ဖွယ် လက်ဆောင်ပေးခဲ့လို့ ဖြစ်ပါတယ် ပိုပြီးချစ်စရာကောင်းတာက သတို့သမီးဟာ လက်ဆောင်ကို ဒီအတိုင်းမပေးဘဲ ပါးနပ်လှတဲ့ သင်္ချာကိန်းဂဏန်း ပဟေဠိဉာဏ်စမ်းတစ်ခုကို အရင်ခိုင်းပြီး ခင်ပွန်းဖြစ်သူကို GPU ရဲ့ မော်ဒယ်နံပါတ်ဖြစ်တဲ့ "5090" ကို ကိုယ်တိုင်တွက်ချက်ဖော်ထုတ်စေခဲ့တာ ဖြစ်ပါတယ်။ သူအရမ်းလိုချင်နေတဲ့အရကြီးကို လက်ဝယ်ရရှိသွားတဲ့အချိန်မှာ သတို့သားဖြစ်သူရဲ့ စိတ်လှုပ်ရှားဝမ်းသာလွန်းလို့ မျက်နှာတစ်ခုလုံး ပီတိတွေဝေဖြာကာ ဂရပ်ဖစ်ကတ်ဘူးကြီးကို မင်္ဂလာဧည့်သည်တော်အားလုံး မြင်အောင် စင်ပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာ မြှောက်ပြခဲ့တဲ့ ဗီဒီယိုဟာ ကမ္ဘာ့ဂိမ်းကွန်မြူနတီ ကြားမှာ အကြီးအကျယ် ရေပန်းစားသွားခဲ့ပါတယ် ဒါဟာ ချစ်သူရဲ့ ဝါသနာနဲ့ စိတ်အာရုံကို သေသေချာချာ အလေးဂရုပြုပြီး ပေးအပ်တဲ့ လက်ဆောင်တစ်ခုဟာ ဘယ်လောက်အထိ အနှစ်သာရရှိပြီး တန်ဖိုးဖြတ်မရတဲ့ သံယောဇဉ်ကို ပေးစွမ်းနိုင်သလဲဆိုတာ သက်သေပြလိုက်တဲ့ ချစ်စရာဖြစ်ရပ်ဆန်းလေးတစ်ခုပဲ ဖြစ်ပါတယ်

OᴍᴇGᴀシ︎
OᴍᴇGᴀシ︎
Open In TikTok:
Region: MM
Monday 02 November 2026 07:14:14 GMT
14327
369
0
16

Music

Download

Comments

There are no more comments for this video.
To see more videos from user @sarto8526, please go to the Tikwm homepage.

Other Videos


About