@cain64877: #အမေ့အိမ် မာနဆိုတာ ကိုယ့်ခြေမပေါ် ကိုယ့်နဖူးကကျတဲ့ ချွေးကို ကြည့်ပြီး ခေါင်းမော့ရင်ကော့တာဘဲ မခံချင်စိတ်က ငယ်ရွယ်မှုမှာ ထစ်ခနဲရှိ မှားမှားမှန်မှန် ပြန်ပြောခဲ့တာဘဲ ဂစ်တာတီးတယ် ဆေးလိပ်သောက်တယ် မကောင်းတာတွေလည်း တော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တယ် အသက် ၁၉ မှာ အိမ်အပြင်ကို စပျံသန်းတယ် လွတ်လပ်မှုက ဘာနဲ့မှ လဲမရခဲ့ အဲဒီအချိန်ထဲက စရှုံးနေတာ မသိခဲ့ဘူး အမေကတော့ မသွားဖို့ တတွတ်တွတ်မှာရင်း မျက်နှာမဲ့လို့ ကျွန်တော်ကသာ အမေ့ရင်ကိုရော ခြေဆုံကန် ခွဲခဲ့တဲ့ ခြံတံခါးကိုရော တစ်စက်မှ အားနာမှုမရှိခဲ့ဘူး ရှိသမျှမာနနဲ့ ကိုယ့်လမ်းကို ဖောက်မိခဲ့တယ် ဆန္ဒနဲ့မာနကြားက လွန်ဆွဲပွဲ ကျွန်တော့်လက်ကတော့ ခပ်တင်းတင်းဘဲ အမေ့လက်လေး လျော့ပေးရှာတယ် အဲဒီနေ့က အမေ့ မျက်ရည်ပန်းတွေ တဖြုတ်ဖြုတ် ကြွေခဲ့ပေါ့ ကျွန်တော့် ဝါသနာတွေ အမြင့်မှာဝေပါစေတဲ့ နောက်ပြန်မကြည့်ခဲ့တဲ့ သားတစ်ယောက်ရဲ့ နားထဲ ငိုငြီးသံတွေသာ နောက်ဆုံးကြားခဲ့ ဝါသနာရဲ့ ခေါင်းစဉ်အောက် ပြေးလိုက်လွှားလိုက် ဘုရားကိုတလိုက် အမေ့ကိုတဖို့တော့ မေ့နေခဲ့တယ် နာတာရှည် ဖျားနာခြင်းတွေကြား နေခဲ့ရသမျှ နည်းနည်းမှ အဆင်မပြေဘူးအမေ ဆန္ဒက ရင့်ကျက်မှုကို လက်တလုံးခြား လုပ်နေတာ ကျွန်တော် မပျော်ဘူး ဝါသနာက ဝါသနာဘဲ ကျွန်တော် မပျော်ဘူး အမေ ဘုရားဖြစ်မဲ့ အုတ်နီခဲလေး နိဗ္ဗာန်ကို မသွားချင်ဘူး အမေ့အိမ်ဘဲ အရင်ပြန်ချင်တယ် ငယ်ရွယ်မှု့တွေဆီက ကာလမဲ့ သားချော့တေးကို လွမ်းတယ် ထမင်းစားရင် စကားမပြောနဲ့ လက်ကြီးထောက်မစားနဲ့ ဆင်းရဲတတ်တယ် အဖေကြီးကို အရင်ဦးချလိုက်ဦး အသားတုံးလေး တစ်ဖဲ့ အမြဲအပိုရတဲ့ ထမင်းဝိုင်းကို လွမ်းတယ် တစ်ပင်လုံးကို အညွန့်ဝေ‌စေချင်တော့ ဆုတောင်းစာတွေ နေရာအနှံ့က ပို့ပေးရှာတယ် ရောက်သမျှ ဘုရားမှာ ‌တစ်ခုတည်းသော ဆုကိုသာ သူအမြဲတောင်းတယ် သားလေး နေကောင်းကျန်းမာပါစေတဲ့ သူ့အတွက်သူတော့ ဘာဆုမှမတောင်းခဲ့ သဗ္ဗေသတ္တာကမ္မဿကာဘဲ အမေရယ် ကျွန်တော် ကျန်းမာရေး ပိုဂရုစိုက်ပါ့မယ် အိမ်အိုလေးဆီ မရောက်ဖြစ်တဲ့ ငါ့ခြေထောက်တွေ ခြင်ကိုက်မှာဆိုးလို့ တစ်ရေးနိုး ညတွေမှာ စောင်ထခြုံပေးတဲ့ လက်နှစ်ဖက် နွေးထွေးပါစေ အပြန်လမ်းကို ကြည့်ရင်း ဘုန်းကြီးကျောင်းနားနေတဲ့ သားသတ်သမားလို အမေ့အိမ်ကို တစ်ခေါက်မှ မရောက် အိမ်ဆိုတာ တစ်ခါတစ်ခါ နတ်ဖွက်ထားတဲ့ကျွန်းဘဲ မမြင်ရမတွေ့ရလဲ လွမ်းနေရပါတယ်.....။ မောင်သင်းနောင် #မောင်သင်းနောင် #photocrdtoowner #thankb4youdo🤍 #fypシffypシfypforyoutiktok

မောင်သင်းနောင်
မောင်သင်းနောင်
Open In TikTok:
Region: MM
Monday 02 November 2026 07:28:19 GMT
91830
9141
167
684

Music

Download

Comments

winbohein20
Win Bo Hein :
💔💔💔
2026-11-02 13:11:01
1
shinehtetmyat026
Ven :
sorry mom
2026-11-02 12:18:22
1
prakas.rahut74
Prakas rahut :
ကျုပ်ဆို အသက်16ထဲက...
2026-11-02 13:11:29
4
aung.myo.thet19
Patrick Jane :
အလွတ်လက်ဆုံးနဲ့ အ အေးချမ်းကိုရှာဖို့အိမ်က နေထွက်လာလိုက်တာ တကယ်တန်းက အလွတ်လက်ဆုံးနဲ့ အ အေးချမ်းဆုံးာကအ မေ့အိမ်ဖြစ် နေခဲတယ်
2026-11-02 10:09:33
41
t.y.c193
￴ ￴ ￴ ￴ ￴ ￴ ￴ ￴￴ ￴ ￴ ￴ ￴ ￴ :
ဒီကဗျာကကျနော်အတွက်ရည်ညွန်းထားတာများလားဗျာ....💔
2026-11-02 14:12:07
1
htit.htit03
Linn ☘️☘️ :
နောင်တ🙁
2026-11-02 13:43:46
1
khint.ko.ko7
KAMAU🤎 :
အမေ့ အိမ်နဲ့ဝေးတဲ့ ရပ်ဝန်းက တကယ်အေးစပ်လှပါတယ်
2026-11-02 13:58:22
1
cofi38420
CoFi :
ပြန်တင်မယ်နော် bro တိုက်ဆိုင်လို့ပါ
2026-11-02 13:17:34
1
ko.aung.gyi2512
ko Aung Gyi :
စာသားလေးပြန်ယူသုံးပရစေခဗျ
2026-11-02 13:34:10
1
ic22513
サウポ💫 :
ကိုယ်တေဆို့ ၁၆နှစ်ကတဲ့က 🥺
2026-11-02 13:18:32
1
kazukii..227
K :
9နှစ်ထဲးက မိဘတေနဲ့ခွဲးနေခဲ့ရတယ်အခုဆို18တောင်ဖြစ်နေပီ
2026-11-02 13:17:26
1
wailin5385
Lin Lin👽 :
ငါ17နှစ်နဲ့ အမေ့မျက်ရည်တွေတောင်ဂရုမစိုက်ခဲ့ဘဲအတ္တဆန်ခဲ့တယ် အခုငါ ၁၉ ငါနောက်ကျသွားခဲ့ပီ😩😢😢
2026-11-02 10:53:39
9
user3623634082059
Aung lay :
အပြင်လောကဟာအမေ့အိမ်လောက်ပျော်စရာမကောင်းဘူး🥺🥺
2026-11-02 13:29:01
1
badin.fashion1
"Badin"🫟 :
စာသားလေးပေးပ့လားbro🥺
2026-11-02 13:00:25
1
lil_w190
 Hlaing Htet Mg Mg 🌊 :
အိမ်ပြန်ချင်ပြီ
2026-11-02 13:04:35
1
nova..............w
🇲🇲『ɴovʌツ 🇲🇾 :
ပြန်တင်ခွင့်ပြုပါbro🙁
2026-11-02 12:44:31
1
m2mobile420
M2MOBILE တာချီလိတ်/ဝမ်မိုင်ဈေး :
2026-11-02 12:52:03
1
nerfkenzy243
Ko Khant🇲🇾 :
အိမ်ပြန်မရောက်နိုင်တဲ့ ခြေထောက်လေးတွေ
2026-11-02 08:32:28
5
belial66691
✿Janis៚ :
2026-11-02 12:08:39
1
zay.gyi096
♂️ 橱.Z.HTET.JR👑♂️™️ :
2026-11-02 13:27:07
1
yaron012
🍀🍓 :
ပြန်တင်ချင်လို့ပါ🥰
2026-11-02 12:30:35
1
1gang2waysocket
ဘ၀င်ရူး🕸️ :
စာသားလေးယူသုံးချင်တယ်ဘရို
2026-11-02 12:42:56
1
sawyairyint1
Saw Yair Yint :
17 years.
2026-11-02 12:08:42
1
myo.myint.htet3
𝕄𝕚𝕟 ℍ𝕥𝕖𝕥 :
အပြင်လောက ရောက်မှ မိဘတန်ဖိုးသိကြတဲ့လူတွေကြီးပဲ လုပ်ကျွေးရလို့ ဂုဏ်ယူလိုက်စမ်းပါ ငါတို့ဆို လုပ်ကျွေးချင်တာတောင်မဖြစ်နိုင်တော့ဘူး😅💔
2026-11-02 13:23:32
1
leonvibe41
LeonVibe, :
ငါဆို16နဲ့
2026-11-02 12:36:50
1
To see more videos from user @cain64877, please go to the Tikwm homepage.

Other Videos


About