@myo.myint.yan.nau56: အခုတ​လော အလုပ်မရှိတဲ့သား​မောင်တစ်​ယောက် တရား​တွေနား​ထောင်ဖြစ်တယ်။ တရား​တော်ရဲ့ အဆီအနှစ်​တွေကို နာယူတာထက် လူ့​လောကသဘာဝကို ဦးတည်တာ​တွေကို အဓိကထားတာဆို​တော့ နား​ထောင်တယ်လို့ သတ်မှတ်တာက ပိုသင့်​လျော်မယ် ထင်လို့ပဲ။ တရားနာတဲ့အဆင့်မ​ရောက်ဘူးလို့ ထင်မြင်မိတာမဟုတ်လား။ ဘယ်ဆရာ​တော်​တွေရဲ့တရားကို နား​ထောင်ဖြစ်သလဲဆိုရင်​တော့ အဓိကအားဖြင့် ဆရာ​တော် ဦး​ကောသလ္လ(ဓမ္မ​စေတီဆရာ​တော်)၊ ဦးသုမဂ်လ(ဒယ်အိုးဆရာ​တော်)၊ ဦး​ဇောတိသာရ တို့ရဲ့တရား​တော်​တွေဆိုပါ​တော့။ အ​ကြောင်းအရာကိုစွဲပြီးနား​ထောင်တယ်လို့ သတ်မှတ်မယ်ဆိုရင်လည်း သတ်မှတ်နိုင်ပါ​ပေရဲ့။ ​ ထေရဝါဒဗုဒ္ဓဘာသာကို ပါးပါးခြင်း​ရော၊ ထူထူခြင်း​ရော တိုက်စား​နေတဲ့ နာမ်​လောကဆိုင်ရာကိုးကွယ်ယုံကြည်မှု​တွေအ​ကြောင်း၊ ဝိဇ္ဇာ​တွေ၊ဘိုး​တော်၊ဘွား​တော်​တွေကို ကိုးစားပြီး သာသနာပြု​ခေါင်းစဥ်တပ်​နေတဲ့ အ​ကြောင်း​တွေ၊ အနာဂတ်မျိုးဆက်သစ်​တွေအတွက် အ​လေးဂရုပြူရမဲ့အ​ကြောင်း​တွေ စတာ​တွေကို အဓိကထား​ဟော​ပြောကြတာမဟုတ်လား။ ကိုယ်​တွေအမြင်နဲ့လည်း တူညီတာ​တွေ၊ နီးစပ်တာ​တွေများ​လေ​တော့ ပိုနား​ထောင်ဖြစ်တာ​ပေါ့။ ကိုယ်က သိပ်မ​ဝေး​သေးတဲ့ကာလက​နေ လက်ရှိကာလအထိ အပူတချို့ကို ခံစား​နေရသူ ဆို​တော့ ဆက်စပ်တာ​တွေ ရှိ​နေ​လေ​တော့ ပိုပြီးနား​ထောင်ဖြစ်တာ။ ကိုယ်နဲ့ကိုယ့်ဇနီးတို့ဟာ သိပ်မ​ဝေး​သေးတဲ့ကာလမှာ ​ကောက်ရိုးမျှင်​တွေ ရှာခဲ့ဖူးတယ်မဟုတ်လား။ ခင်မင်ရတဲ့မိတ်​ဆွေ​တွေကလည်း ​ကောက်ရိုးမျှင် ဖြစ်တန်တယ်လို့ ယူဆပြီး ဖုန်းနဲ့တစ်မျိုး၊ စာနဲ့တစ်မျိုးကို နည်း​ပေါင်းစုံနဲ့ ပို့ကြတာ​ပေါ့​လေ။ ​ ကျေးဇူးတင်တာက​တော့ တကယ့်ကို အတိုင်းအဆမရှိဆိုသလိုပါပဲ။ ဒီ​နေရာက​နေလည်း မှတ်တမ်းတင်လိုက်ပါ​ပေရဲ့ဗျား။ သို့​သော် အထက်မှာတင်ပြခဲ့တဲ့ ဆရာ​တော်​တွေရဲ့ တရား​တော်​တွေကို နား​ထောင်ပြီးချိန်​တွေမှာ ကိုယ့်အ​တွေးက တစ်ဘက်မှာ​ရောက်​နေပြီ။ ဤသို့ပြုခြင်းထက် ပိုသင့်​လျော်သည့်အရာကား ပစ္စုပ္ပန်ကို တည့်တည့်ရှုခြင်းနဲ့ ရတနာသုံးပါး သာလျင် အဓိကကျတယ်လို့ မြင်လာတာ။ ဒီ​တော့လည်း ရတန်သ​ရွေ့​သော တရားစာ​လေး​တွေရွတ်ဖတ်ပူ​ဇော်၊ အနာဂတ်မှာဖြစ်လာနိုင်တာကို ကြိုတင်​မျှော်​တွေးပြီး ပြုသင့်တာပြု၊ ပြင်သင့်တာပြင်လုပ်ရတာ​ပေါ့​။ စိတ်​တော့ ​တော်​တော်ဆိုတာထက်ပို​အောင်​ ပေါ့ပါးလာတာအမှန်ပဲ။ ​ အေးငြိမ်းတယ်လို့​တောင် ​ပြောလို့ရတာ​ပေါ့​လေ။ ကြားကာလမှာ အချို့သူ​တွေရဲ့ ထင်မြင်ချက်​တွေ၊ ယူဆချက်​တွေကို ဖြစ်စဥ်ဖြစ်ရပ်မှန်သလိုလိုနဲ့ လှမ်း​ပြောသူ​တွေလည်း ရှိခဲ့​သေးတာပါပဲ။။ ပုထုဇဥ်ပီပီသသဆိုသလို ဖြတ်ကနဲအပူ​တွေ ဝင်လာ​ပေမဲ့ အချိန်တိုအတွင်း ငြှိမ်းသတ်လိုက်နိုင်ပါရဲ့။​အေး​ဆေးပါလို့ သ​ဘောထားနိုင်သွားတာ​ပေါ့​လေ။ ကံအား​လျော်စွာ သီတင်းကျွတ်​ကျောင်းပိတ်ရက်နဲ့လည်း ဆုံ​လေ​တော့ ​ဘေဘီကြယ်စင်​လေး​ရော၊ ​ ဘေဘီသား​မောင်​ရောအပါအဝင် မိသားစု​တွေနဲ့ ​ အေး​အေး​ဆေး​ဆေး​နေခွင့်ရ​တော့ ပို​ကောင်းသွား​သေးတာ။ မ​သေချာဘူးဆိုတဲ့ ကိုယ့်ရဲ့ အနာဂတ်အတွက်ကိုပါ ရင်ပူတာသက်သာသွားတယ် ဆိုပါ​တော့။ ဘာပဲဖြစ်ဖြစ် ဆရာ​တော်​တွေရဲ့တရား​တော်​တွေက လတ်တ​လောကာလမှာ ပူ​လောင်​နေတဲ့ ကိုယ့်ရဲ့အပူ​တွေကို ​အေးငြိမ်း​စေခဲ့တာအမှန်ပဲ။ ဒီစာစု​လေးကလည်း ဆရာ​တော်​တွေရဲ့ တရား​တော်​တွေကို အ​သေးစိတ်ပူ​ဇော်တာလို့ မဆိုနိုင်​ပေမဲ့ ​ကျေးဇူးအရာကို မှတ်တမ်းပြုတဲ့ သ​ဘောပါ။ ​ နောက်ကြုံရင်​တော့ ဆရာ​တော်​တွေရဲ့ တရား​တွေထဲက ကိုယ့်ရဲ့ မြင်ချက်ကို ​​ ရေးဖြစ်မယ်ထင်ပါရဲ့။ ​ လော​လောဆယ်​တော့ ဘုရား၊တရား၊ သံဃာသည် ကိုယ့်ကို အပူငြှိမ်း​ပေးနိုင်တဲ့ ​ကျေးဇူးကြီးလှသူ၊ ကိုးကွယ်ထိုက်သူ​တွေလို့ သိမှတ်ပူ​ဇော်လိုက်ပါတယ်။ ကိုယ်က ဗုဒ္ဓဘာသာဝင်ဖြစ်ရတာကို ​ ကျေနပ်​နေတဲ့သူမဟုတ်လား။

Myo Myint Yan Naung
Myo Myint Yan Naung
Open In TikTok:
Region: MM
Monday 02 November 2026 07:43:21 GMT
3684
258
17
1

Music

Download

Comments

tharaung79
TharAung :
အကောင်းတွေကြုံလာတာပါ
2026-11-04 14:01:38
1
user85796991
user9462603451031 :
ကျွန်တော်က ဦးကောသလ္လ ရဲ့ big fan ကြီးပါ
2026-11-02 07:56:51
1
user46013715121821
Oo Myint :
သာဓုခေါ်ပါတယ်ဗျာ
2026-11-02 10:26:56
1
hein.min.naing452
Ko Ko H :
Npt မှာ ကျွန်တော်တို့ရှိပါတယ် အကိုကြီး
2026-11-02 11:16:50
1
tee.tee312
Yee Yee :
သာဓု သာဓု သာဓုပါ
2026-11-02 12:02:21
1
aungmyinkyaw75
Aung Myin Kyaw (BA&MA&MBA) :
သာဓု သာဓု သာဓုပါ။🙏🙏🙏
2026-11-02 17:28:03
1
user734941181
KTN :
🥰🥰🥰🥰
2026-11-03 05:36:33
1
sunaing220
su naing :
🙏🙏🙏
2026-11-03 03:20:38
1
nw5796
Myein wein :
🙏🙏🙏🙏🙏
2026-11-02 14:57:25
1
myatthuya252
Myat Thuya(မိုးသောက်-ဇလွန်) :
[Pray][Pray][Pray]
2026-11-02 10:04:19
1
mceainthmukhin2
MCအိမ့်မှူးခင်🎤(EaintHmuKhin) :
🙏🙏🙏
2026-11-02 08:00:19
1
hsumyathninn6
HsuMyat :
🙏🏻🙏🏻🙏🏻🙏🏻
2026-11-02 12:57:29
1
thuralwin979
Thura Lwin979 :
🙏🙏🙏
2026-11-02 14:01:26
1
machochothet2
🪷🌹🌹CCT🌹🌹🪷 :
🙏🙏🙏🙏🙏
2026-11-02 08:04:38
1
ko.pyae613
Ko Pyae :
🙏🏻🙏🏻🙏🏻
2026-11-02 08:11:31
1
khinglay41185
khing lay🎉 :
🙏🙏🙏
2026-11-02 08:01:37
1
myine.lay6
Myine Lay :
🙏🙏🙏
2026-11-05 14:50:55
0
To see more videos from user @myo.myint.yan.nau56, please go to the Tikwm homepage.

Other Videos


About