@nay.lin.aung6392: စိတ်ဖိစီးမှုတွေများနေတဲ့အချိန်ဆိုတာ လူတိုင်းရဲ့ဘဝထဲမှာ မ လွတ်မကင်း ကြုံတွေ့ရတဲ့အချိန် တစ်ခုပါပဲ။ မင်းအခု ခံစားနေတဲ့ အလေးချိန်တွေက မင်းပျက်စီးနေတဲ့ အမှတ်အသားမဟုတ်ဘူး မင်းကြိုးစားနေသေးတယ်ဆိုတဲ့ သက်သေပါ။ တစ်ခါတစ်လေမှာ အရာအားလုံးက မင်းကို မကျေနပ်အောင် လှမ်းခေါ်နေသလို ဖြစ်နိုင်တယ် မင်းလုပ်သမျှ အမှားပဲထင်ရနိုင်တယ် မင်းတစ်ယောက်တည်းနဲ့ တိုက်ခိုက်နေရသလို ခံစားရ နိုင် တယ် ဒါပေမယ့် မင်း မမေ့သင့်တာ တစ်ခုရှိတယ် မင်းအခု ခံစားနေ ရတာတွေက မင်းဘဝရဲ့ အဆုံးမဟုတ်ဘူး ဒါက မင်းဖြတ်သန်း နေရတဲ့ အပိုင်းတစ်ခုပဲ။ တစ်နေ့နေ့မှာ ဒီနေ့ကို ပြန်ကြည့်ပြီး "ငါ ဒီလောက်တောင် ကျော်ဖြတ်နိုင်ခဲ့တာပဲ လို့ ပြောနိုင်မယ်။ အခက်အခဲတွေက မင်းကို ချိုးဖျက်ဖို့လာတာမဟုတ်ပါ မင်းကို ခိုင်မာစေဖို့ လာတာပါ။ မင်း အားနည်းနေတယ်လို့ ခံစားရတဲ့နေ့တွေမှာတောင် မင်း လက်မှလွှတ်ပဲ ဆက်လျှောက်နေတယ်ဆိုတာ အကြီးမားဆုံး အောင်မြင်မှုပါ။ မင်း တစ်နေ့လုံး မပြုံးနိုင်ရင်လည်း အဆင်ပြေတယ်။ မင်း အားမရှိသလို ခံစားရရင်လည်း အဆင်ပြေတယ်။ အရေးကြီးတာက မင်း ရပ်မသွားဖို့ပဲ။ အနားယူလို့ရတယ် နည်းနည်း နောက်ပြန်လှည့်ကြည့်လို့ရ တယ် ဒါပေမယ့် မင်း လမ်းထဲက ထွက်မသွားနဲ့။ လူတွေက မင်းရဲ့အောင်မြင်မှုကို မြင်တဲ့နေ့ထိမင်းရဲ့ အပြင်းအထန်ကြိုးစားမှုတွေကို မမြင်နိုင်ဘူး။ ဒါပေမယ့် မင်းကတော့ သိနေပါတယ် မင်း ဘယ်လောက် တောင် ကြိုးစားနေတယ်ဆိုတာ။ အဲ့ဒီအတွက် မင်းကိုယ်မင်း အားပေးပါ။ မင်းကိုယ်မင်း ယုံကြည်ပါ။ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ မင်းလိုဖြစ်နိုင်သူ မင်းတစ်ယောက်တည်းပဲ ရှိတယ်။ ဒီနေ့ ကောင်းကောင်း မဖြစ်ရင်လည်း မနက်ဖြန်ဆိုတာ ရှိသေး တယ်။ မင်းအခု ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေက မင်းကို ရပ်တန့်စေ ဖို့ မဟုတ်ဘူး မင်းကို ပိုပြီးသန်မာလာစေဖို့ပါ။ ဒါကြောင့် နည်းနည်းလေးပဲ ဖြစ်ဖြစ် ဆက်လျှောက်ပါ။ မင်းက အရမ်း သန်မာတဲ့ လူတစ်ယောက်ပါ။ မင်းထင်ထားတာထက် ပိုပြီး ခံနိုင်ရည်ရှိတယ်။ တစ်နေ့တော့ မင်း အခုခံစားနေရတာတွေ အားလုံးကို အောင်မြင်မှုနဲ့ ပြန်ဖြေရှင်းနိုင်မယ်။ "အဲ့ဒီနေ့အထိ မင်း မရပ်လိုက်ပါနဲ့" #NayLinAung
Nay Lin Aung
Region: TH
Monday 02 November 2026 07:56:47 GMT
Music
Download
Comments
အောင်ဆန်းမိုး ဖေဖေ :
good
2026-11-02 17:42:11
1
🌏 :
အားရှိပါတယ်
ကျေးဇူးပါ
2026-11-02 15:49:40
1
💀👌💀 :
2026-11-02 16:05:15
1
user8597141695042 :
[Heartwarming][Heartwarming][Heartwarming]
2026-11-02 15:25:15
0
Ko Sann :
🥰🥰🥰
2026-11-02 13:27:50
1
saioo :
🥰🥰🥰👍👍👍
2026-11-02 13:22:11
1
Aung :
🥰🥰🥰
2026-11-02 14:26:14
1
To see more videos from user @nay.lin.aung6392, please go to the Tikwm
homepage.