@thawkhant554: သရုပ်မှန်ပြသွားတဲ့သူတွေကို ကျေးဇူးတင်လိုက်ပါ တစ်ခါတလေ လူတစ်ယောက်ရဲ့ သရုပ်မှန်ကို သိလိုက်ရခြင်းဟာ စိတ်မကောင်းစရာ ဖြစ်နိုင်ပေမယ့် ကိုယ့်အတွက် တန်ဖိုးရှိတဲ့ အသိတစ်ခု ရလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ကိုယ့်ဘက်က ရိုးသားဖြူစင်ပါလျက်နဲ့ ကိုယ့်ကွယ်ရာမှာ ပြောကြတဲ့ အတင်းအဖျင်းစကားတွေကို ယုံကြည်ပြီး ကိုယ့်အပေါ် သံသယဝင်လာသူတွေ၊ ဆက်ဆံရေးပြောင်းလဲသွားသူတွေလည်း ရှိတတ်ပါတယ်။ အဲဒီလိုလူတွေကိုလည်း ကျေးဇူးတင်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့စိတ်ထားနဲ့ အမှန်တရားကို ဆင်ခြင်သုံးသပ်နိုင်စွမ်းကို ပိုပြီး သိမြင်ခွင့်ရလိုက်လို့ပါပဲ။ လူ့ပတ်ဝန်းကျင်မှာ ဖြောင့်မတ်တဲ့သူ၊ သမာသမတ်ကျတဲ့သူတွေ ရှိသလို သူတစ်ပါးကို မနာလိုစိတ်နဲ့ ချောက်တွန်းတတ်သူ၊ ကုန်းချောတတ်သူတွေလည်း ရှိနေကြပါတယ်။ ဒါကြောင့် ဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရားရှိသူတစ်ယောက်ဟာ သူတစ်ပါးပြောတဲ့ စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်အပေါ်ထားတဲ့ သဘောထားကို အလွယ်တကူ မပြောင်းလဲတတ်ပါဘူး။ ကိုယ်တိုင်သိရှိခဲ့တဲ့ အတွေ့အကြုံတွေ၊ မြင်တွေ့ခဲ့တဲ့ အကျင့်စရိုက်နဲ့ လုပ်ရပ်တွေကို ထည့်သွင်းစဉ်းစားပြီး အမှန်တရားကို မျှမျှတတ စိစစ်တတ်ပါတယ်။ ကြားရသမျှကို အမှန်တရားလို့ လက်ခံပြီး မစိစစ်ဘဲ ဆုံးဖြတ်ခြင်းဟာ ဆင်ခြင်တုံတရား အားနည်းခြင်းပါပဲ။ ဉာဏ်ပညာရှိသူဟာ သူတစ်ပါးရဲ့ ပါးစပ်ဖျားက စကားတွေကြောင့် ကိုယ့်ရဲ့ဆင်ခြင်တုံတရားနဲ့ ကိုယ်ကျင့်တရားကို အဆုံးရှုံးမခံတတ်ပါဘူး။ လူတစ်ယောက်ရဲ့ သရုပ်မှန်ကို သိလိုက်ရခြင်းဟာ ဆုံးရှုံးမှုတစ်ခုတည်း မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ မရိုးသားမှုကြောင့် ကိုယ့်ရဲ့ရိုးသားမှုကို မစွန့်လွှတ်လိုက်ပါနဲ့။ သူတစ်ပါးရဲ့ မကောင်းတဲ့လုပ်ရပ်တွေကြောင့် ကိုယ့်ရဲ့စိတ်ထားကောင်းကို မပြောင်းလဲလိုက်ပါနဲ့ #crdစာသား #TK🥰#ချစ်တဲ့သူတွေဆီအရောက်သွား #ရောက်စမ်းfypပေါ် #fypシ
☕️𝓐𝓒𝓱𝓪𝔂☕️
Region: MM
Monday 02 November 2026 09:06:07 GMT
Music
Download
Comments
Use 234345456 :
အရာဝတ်ထုတွေသာကျန်ခဲ့မှာပါ
သက်ရှိတွေကထွက်သွားရမှာပါ😅🥰😁
2026-11-02 15:01:25
1
koLin💙💚💜🤎💗💕💞 :
🥰🥰🥰🥰
2026-11-02 10:26:07
1
Phyo thu :
သူ့ဘက်မှာလာည်းအခက်ခဲဂှိလိုဖြစ်မှာပါ
2026-11-02 16:35:51
0
Theint Theint :
[Delulu][Delulu]ဟုကဲ့ပါ
2026-11-02 17:27:23
0
thin thin🥀🥀🥀🥀🌹🌹🌹 :
ဟုတ်ကဲပါရှင်🥰🥰🥰🥰🥰
2026-11-02 16:46:16
0
Phyu Hnin Aye :
ဟုတ်တယ်ကျေးဇူးတင်မိတယ်ခု့
2026-11-02 09:13:48
1
DawDawKhinMarYii :
သီးချင်းလေးကြိုက်တယ်
2026-11-02 15:27:35
0
J :
အဲ့သီချင်းအရမ်းကြိုက်[Tears of joy][Tears of joy]
2026-11-02 15:42:12
0
Zaw Paing :
ဟုတ်တယ်ကျေးဇူးတင်လိုက်ပါပြီဖျာ
2026-11-02 15:10:38
0
Ko Zay :
အရမ်းကောင်းတဲ့စာသားလေးပါ😘😘😘😘😘
2026-11-02 14:52:03
0
zenan38 :
ဟုတ်ကဲ့ပါ
2026-11-02 12:22:25
0
naylin :
ဟုတ်ကဲ့ 👍👍👍
2026-11-02 15:18:10
0
Phaw Lay :
စာသားလေအရမ်းကောင်းလွန်းတယ်
2026-11-02 16:23:03
0
S✨ :
ဟုတ်ကဲ့ကျေးဇူးတင်နေရပါတယ်နော်သရုပ်မှန်တွေပြသွားလို့🥰🥰🥰🥰🥰🥰
2026-11-02 12:01:23
0
Khaing👸 Lay🌹 :
2026-11-02 14:47:40
0
မေနွယ်ဘို မေနွယ်ဘို :
2026-11-02 15:21:30
0
Daw myat myat soe :
ဟုတ်ကဲ့ပါ
2026-11-02 14:26:13
0
SOE.K :
👍
2026-11-02 09:23:44
1
nway6** :
[Heartwarming][Heartwarming][Heartwarming]
2026-11-02 16:17:47
0
user83582160570988အရမ်းချစ်ရတဲ :
🥰🥰🥰
2026-11-02 12:56:58
0
thin thin🥀🥀🥀🥀🌹🌹🌹 :
🥰🥰🥰
2026-11-02 16:46:25
0
To see more videos from user @thawkhant554, please go to the Tikwm
homepage.