@hazr.modt: #goatmessi🐐👑🇦🇷# သီယာရီ အွန်နရီ 🗣လီယိုနယ် မက်ဆီနဲ့ပတ်သက်ပြီး ငါ့ကို အထိတ်တလန့် အဖြစ်စေဆုံးက ဘာလဲ သိလား။ သူ အသက် ၃၉ နှစ် ရှိပြီ၊ ဒါပေမဲ့ ခံစစ်ကစားသမားတွေက သူ့ကို ယှဉ်တဲ့အခါ လွန်ခဲ့တဲ့ နှစ် ၁၅ လောက်က ကျူးလွန်ခဲ့ကြတဲ့ အမှားမျိုးကိုပဲ အခုထိ ဆက်လုပ်နေတုန်းပဲ။ တခါတလေကျရင်လည်း သူတို့ကို ငါ အပြစ်မတင်ချင်ဘူး။ နယူးအင်္ဂလန် ရီဗိုလူရှင်းနဲ့ပွဲက အနိုင်ဂိုးကိုသာ ကြည့်လိုက်ပါ။ ခံစစ်သမားကို ကြည့်။ သူ အဲဒီမှာ ရှိနေတယ်။ သူ့နေရာနဲ့သူ ရှိနေတယ်။ မက်ဆီကို တည့်တည့်ကြီး ကြည့်နေတယ်။ သူ့ရှေ့မှာ ရပ်နေတာ ဘယ်သူလဲဆိုတာ သူ သိတယ်။ ဒါပေမဲ့ တစ်စက္ကန့်အတွင်းမှာပဲ အခြေအနေက လုံးဝ ပြောင်းလဲသွားတယ်။ အဲဒါကပဲ လူတွေ မက်ဆီနဲ့ပတ်သက်ပြီး နားမလည်ကြတဲ့ အချက်ပဲ။ မင်း တစ်ပတ်လုံး သူ့ကို လေ့လာလို့ရတယ်။ မန်နေဂျာက ဗီဒီယိုတွေ ပြလို့ရတယ်။ သူ ဘာလုပ်ရတာ ကြိုက်လဲဆိုတာ ပြင်ဆင်ဖို့ လေ့ကျင့်ခန်းချိန် တစ်ခုလုံးကို သုံးလို့ရတယ်။ ဒါပေမဲ့ ပွဲစပြီဆိုတာနဲ့ သူ ခြေထောက်နှစ်ချက် ရွှေ့လိုက်တာနဲ့ တစ်ပတ်လုံး ဆွေးနွေးခဲ့သမျှတွေ အားလုံး အသုံးမဝင်တော့ဘူး။ သူ့ရဲ့ အရှိန် ကျဆင်းလာပြီလို့ လူတွေ ပြောကြတယ်။ ကျဆင်းလာတာပေါ့ကွ။ သူက ၃၉ နှစ်လေ။ ဘာကို မျှော်လင့်နေကြတာလဲ။ ဒါပေမဲ့ သူ့ရဲ့ ခြေလှုပ်ရှားမှုတွေကိုလေ? အမလေး ဘုရားရေ။ ကျဉ်းမြောင်းတဲ့ နေရာလေးတစ်ခုထဲမှာ ဘောလုံးကို အဲဒီလောက် မြန်မြန် မရွှေ့နိုင်တဲ့ အသက် ၂၀ ကျော် ကစားသမားတွေ ရှိနေတုန်းပဲ။ ပြီးတော့ အဆိုးဆုံးက သူ ဘာမှ အထူးအဆန်း ခက်ခက်ခဲခဲ လုပ်နေသလိုတောင် မပေါ်တာပဲ။ ခံစစ်သမားက မက်ဆီ ဘယ်ဘက်ကို သွားမလဲ၊ ညာဘက်ကို သွားမလဲဆိုတာ စဉ်းစားနေတုန်း ရှိသေးတယ်၊ အဲဒီအချိန်မှာ လီယိုက အလုပ်ပြီးသွားပြီ။ အဲဒါက သာမန်မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခုတော့ ပြောပြမယ်။ အနိုင်ဂိုးက ငါ့ကို အထင်ကြီးစေဆုံး အချက်တော့ မဟုတ်သေးဘူး။ နောက်ပြန်သွားပြီး ချေပဂိုးကို သွားကြည့်လိုက်ပါ။ နယူးအင်္ဂလန်က ၁-၀ နဲ့ ဦးဆောင်နေတယ်။ အင်တာ မိုင်ယာမီအတွက် တစ်ခုခု လိုအပ်နေတယ်။ မက်ဆီက ဘောလုံးတည်ဆောက်ပုံထဲ ဝင်ပါလာတယ်၊ အသင်းဖော်တွေကြား ဘောလုံး ရွှေ့ပြောင်းသွားပြီး ရုတ်တရက် သူ ပင်နယ်တီဧရိယာထဲ ပြေးဝင်သွားတယ်။ အခု ခံစစ်သမားတွေကို ကြည့်လိုက်။ အာဂျင်တီးနား လူပုလေး ဒီဘက်ထဲ ဝင်လာတာကို နောက်ကနေ လိုက်နေတဲ့ လူသန်ကြီး နှစ်ယောက် ရှိတယ်။ နှစ်ယောက်စလုံးက သူ့ထက် ပိုရှည်တယ်။ နှစ်ယောက်စလုံးက သူ ဘယ်လောက် အန္တရာယ်များလဲဆိုတာ သိကြတယ်။ ပြီးတော့ သူတို့ထဲက တစ်ယောက်က သူ့အတွက် ဘောလုံးကို လေပေါ်မြှင့်ပေးဖို့တော့ မလုပ်လောက်ပါဘူးကွာ လို့ တွေးနေလောက်မယ်လို့ ငါ ထင်တယ်။ ဒါပေမဲ့ လုပ်လိုက်ကြတာပဲ။ အဲဒီမှာ မက်ဆီက သူ့ရဲ့ ခေါင်းနဲ့ တိုက်လိုက်ပြီး ဘာတီရာမေကို ဖန်တီးပေးလိုက်တယ်။ အဲဒီအပိုင်းကို ငါ အကြိုက်ဆုံးပဲ။ ဘာလို့လဲဆိုတော့ မင်းသာ မက်ဆီကို ခံစစ်ဆင်နေရရင် သူ့ရဲ့ ဘယ်ဘက်ခြေထောက်ကို စိုးရိမ်ရတာနဲ့ တသက်တာ ကုန်သွားလိမ့်မယ်။ သူ့ကို အင်တိုက်အားတိုက် ကန်ခွင့်မပေးချင်ဘူး။ ဘောလုံးဆွဲသွားခွင့် မပေးချင်ဘူး။ လှည့်ထွက်ခွင့် မပေးချင်ဘူး။ အခုတော့ သူက အဲဒီဘောလုံးကို ရယူနိုင်သင့်တဲ့ ခံစစ်သမား နှစ်ယောက်ကြားထဲမှာ ခေါင်းတိုက်ပြီး ဂိုးတွေ ဖန်တီးနေပြီ။ မင်း သူ့ဆီကနေ ဘာကို သွားဖယ်ရှားပေးရမှာလဲ။ ပြီးတော့ လူတွေက သီယာရီ၊ ဒါက MLS ပါကွာ လို့ ပြောကြလိမ့်မယ်။ အင်း၊ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ခံစစ်သမားတွေက ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေလေ။ မက်ဆီ ဂိုးသွင်းဖို့အတွက် သူတို့ဘာသာ ရပ်ကြည့်နေကြတာ မဟုတ်ဘူး။ သူ့ကို တားဆီးဖို့ ကြိုးစားနေကြတာ။ ဒါပေမဲ့ အသက် ၃၉ နှစ်မှာတောင် သူက အရွယ်ရောက်ပြီးသား လူတွေကို လေ့ကျင့်ခန်း အသစ်တစ်ခု ထပ်လိုနေသေးသလိုမျိုး ဖြစ်အောင် လုပ်ပြနေဆဲပဲ။ ငါ လီယိုနဲ့ အတူတူ ကစားဖူးတယ်။ ကင်မရာတွေ မရှိတဲ့အချိန်မှာ သူ ဘာတွေ လုပ်တတ်လဲဆိုတာ ငါ မြင်ဖူးတယ်။ သူ ဘယ်လောက် ခက်ခဲတဲ့အရာကိုမဆို ရိုးရိုးရှင်းရှင်းလေး ဖြစ်အောင် လုပ်ပြတတ်တာကို ငါ ကြည့်ခဲ့ဖူတယ် ဘာလို့လဲဆိုတော့ ဘောလုံးသမားတစ်ယောက်ရဲ့ ကစားသမားဘဝမှာ တစ်ချို့အရာတွေ ပျောက်ကွယ်သွားလိမ့်မယ်လို့ မင်း မျှော်လင့်ထားတဲ့ အချိန်တစ်ခု ရောက်လာတတ်လို့ပဲ။ အရှိန်အဟုန်။ ထက်မြက်မှု။ ကိုက် တဝက်လောက်ကို ရအောင် ယူပေးနိုင်တဲ့ အဲဒီလှုပ်ရှားမှုလေးတွေပေါ့။ မက်ဆီနဲ့ဆိုရင်တော့ အဲဒီအရာတွေ ပျောက်ကွယ်သွားဖို့ကိုပဲ မင်း စောင့်နေရတယ်။ ပြီးတော့ အဲဒီလက္ခဏာတွေကို မင်း တွေ့ရတော့မယ်လို့ ထင်လိုက်တိုင်းမှာ သူက ဒီလိုမျိုး အချက်ပြမှုတစ်ခုကို ထပ်ပြလာပြန်ရော။ အင်တာ မိုင်ယာမီက ရှုံးနိမ့်နေတယ်။ သူကပဲ ချေပဂိုး ဖန်တီးပေးတယ်၊ အနိုင်ဂိုးလည်း သွင်းယူပေးတယ် မနက်ဖြန်မှာ လီယိုနယ် မက်ဆီကို ရင်ဆိုင်ဖို့ ပြင်ဆင်နေရတဲ့ ခံစစ်သမားတစ်ယောက်သာ ငါဖြစ်မယ်ဆိုရင်၊ သူ အသက် ဘယ်လောက်ရှိပြီလဲဆိုတာကို ငါ စိတ်ဝင်စားမှာ မဟုတ်ဘူး။ သူ့ကို ဘယ်လို တားရမလဲဆိုတာကိုသာ ဘယ်သူက သူများနားလည်အောင် ရှင်းပြပေးနိုင်မလဲဆိုတာပဲ ငါ သိချင်တယ Photo credit to owner #SportsA2Z #lionelmessi #ThierryHenry

mg messi⚽🫶
mg messi⚽🫶
Open In TikTok:
Region: TH
Monday 02 November 2026 09:22:14 GMT
38575
2983
16
13

Music

Download

Comments

zar.ma.ni889
မြိုင်ရာဇာ တွတ်ပီ :
ခြေပဂိုးက နောက်တန်းက နောက်ကို ခေါင်းတိုက်ရှင်းထုက်တယ်ထင်နေတာ replay ပြန်ပြမှ ဆရာကြီးက နောက်ပြန်ခေါင်းတိုက်ပီး ဖန်တီးပေးလိုက်မှန်းသိရတယ် လက်ဖျားခါတယ် GOD ကြီးရယ်
2026-11-02 11:02:27
33
shwe.ei994
Hnin Wai Tun( messi & စရမ ဖန်) :
ဖတ်လို့ကိုမဝဘူး ၂ခါပြန်ဖတ်လိုက်တယ်
2026-11-02 12:03:53
4
ko98166
Mg Kyaw :
တကယ် လဲ ဖတ်လို့မဝတဲ့စာသား[Heartwarming]
2026-11-02 12:56:39
1
kodark414
𝗞𝗼𝗗@𝗿𝗸 :
ဖတ်နေရင်းကြက်သီးထရတယ်
2026-11-03 13:33:15
0
kkm1234565
Min Khant Paing ( Official ) :
goat
2026-11-02 18:15:07
0
myintmo1643
Myintmo :
ဒီလိုအသိမျိုး ခံစားချက်မျိုးက ရိုးသားတဲ့ကစားသမားနဲ့GOATပရိသတ်စစ်စစ်တွေပဲနားလည်နိုင်ကြတာမျိုးဗျ..😃🥰
2026-11-02 15:23:49
3
myint.oo6985
Myint Oo :
မက်ဆီကိုဂုဏ်ပြုချင်လို့၁၉၉၄ကဘူဂေးရီးယားနဲရိုမေးနီးယားပွဲကိုပြန်ကြည့်ချင်လိုက်ထှာ။
2026-11-03 08:22:32
0
user3368263075852
တိုက်ကြီးမက်ဆီ :
[Heartwarming][Heartwarming][Heartwarming]
2026-11-02 11:19:02
0
lway.nam.det
Mai Ko Ko :
🥰🥰🥰
2026-11-02 14:35:21
0
m.jazz0
M.Sign :
[Heartwarming][Heartwarming][Heartwarming]
2026-11-03 01:36:56
0
yaw.han.lin
MESSI :
[Heartwarming][Heartwarming][Heartwarming]
2026-11-02 11:53:08
0
tin.nyo76
Tin Nyo :
👍👍👍👍👍👍👍
2026-11-02 15:56:50
0
user2757791116161
❤ကမ်းမဲ့ဘေဒါ❤🇲🇾🇲🇾🇲🇾 :
🥰🥰🥰🥰
2026-11-02 11:42:02
0
peacock.man.thits
Royal Peacock :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-11-02 14:00:24
0
life71137
Life :
🥰🥰🥰
2026-11-02 14:24:30
0
To see more videos from user @hazr.modt, please go to the Tikwm homepage.

Other Videos


About