@yinthandaraungone1: #“ဘဝဆက်တိုင်း ယုတ်မာတဲ့သူတွေ၊ လူမိုက်တွေနဲ့ မတွေ့ပါရစေနဲ့၊ သူတော်ကောင်း ပညာရှိတွေနဲ့ပဲ ဆုံတွေ့ပါရစေ။” ဆိုတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ဆုတောင်းလေးကို ဖတ်မိတော့ ကျနော် တွေးမိတယ်။ ဘဝမှာ ဘာတွေပိုင်ဆိုင်ရမလဲဆိုတာ အရေးကြီးသလို… ဘယ်လိုလူတွေနဲ့ အတူဖြတ်သန်းရမလဲဆိုတာလည်း အရေးကြီးတယ်။ တချို့လူတွေနဲ့ တွေ့ပြီးရင် ကိုယ့်စိတ်က ပိုအေးချမ်းလာတယ်။ တချို့လူတွေနဲ့ တွေ့ပြီးရင် ဒေါသတွေ ပိုများလာတယ်၊ သံသယတွေ ပိုများလာတယ်၊ ကိုယ်ပါ မပြောသင့်တာတွေ ပြောမိလာတယ်။ ကြာလာတော့ သူတို့ကို တုံ့ပြန်နေရင်း ကိုယ့်ရဲ့ စိတ်ထားကောင်းတွေပါ တဖြည်းဖြည်း ပျောက်လာတတ်တယ်။ ဒီတော့ သိပ်ကိုသတိထားရတယ် ၊ ယုတ်မာတဲ့သူဆိုတာ ကိုယ့်အကျိုးအတွက် သူတစ်ပါး နစ်နာမယ်ဆိုတာ သိလျက်နဲ့ လိမ်လည်တာ၊ သစ္စာဖောက်တာ၊ ဒုက္ခပေးတာတွေကို တမင်လုပ်တတ်တဲ့သူ လို့ ဆိုလိုတာ။ ဒီထက်ပို အရေးကြီးတာက… သူတော်ကောင်းတွေနဲ့ ဆုံတွေ့ဖို့ ဆုတောင်းရုံနဲ့ မပြီးသေးဘူး။ ကိုယ်နဲ့ ဆုံတွေ့ရတဲ့သူတွေကလည်း “ဒီလူနဲ့ တွေ့ရတာ ကံကောင်းလိုက်တာ” လို့ ခံစားရအောင် နေထိုင်ဖို့ လိုတယ်။ ကိုယ့်ဘဝထဲကို အေးချမ်းတဲ့သူတွေ ဝင်လာစေချင်သလို… ကိုယ်တိုင်လည်း သူတစ်ပါးဘဝကို အေးချမ်းစေတဲ့သူ ဖြစ်ပါစေ။ ကူးယူဖော်ပြပါသည် 👌🆗#

yinthandaraungone1
yinthandaraungone1
Open In TikTok:
Region: TH
Monday 02 November 2026 10:23:43 GMT
855
129
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @yinthandaraungone1, please go to the Tikwm homepage.

Other Videos


About