@zowelay7: အတိတ်ဟောင်းကို မမေ့နိုင်ရင် အရိပ်ကောင်းကို ဆုံးရှုံးရလိမ့်မယ် . . . အတိတ်ဆိုတာကလေ ဘယ်လောက်ပဲ ကောင်းမွန်နေခဲ့ပါစေ ဘယ်လောက်ပဲဆိုးဝါးနေခဲ့ပါစေ မေ့ပစ်သင့်တဲ့အချိန် ရောက်ရင်မေ့ကိုမေ့ပစ်ရမဲ့အရာပါ။ သတိရမှုတွေနဲ့ လွမ်းဆွတ်နေမဲ့အစား မေ့ပစ်လိုက်ပါ။ နောင်တတွေနဲ့ ပူလောင်နေမဲ့အစား မေ့ပစ်လိုက်ပါ။ အတိတ်ဟောင်းကို မမေ့နိုင်ရင် အခုသင့်အနားမှာရှိပေးနေတဲ့ အရိပ်ကောင်းကို ဆုံးရှုံးရမှာ​တော့ အမှန်ပါပဲ။ အတိတ်ဆိုတဲ့ ရပ်ဝန်းမှာပဲ ပိတ်မိနေလို့အဆင်မပြေပါဘူး။ လက်ရှိကာလမှာ အကောင်းဆုံးဖြတ်သန်းဖို့က အရေးကြီးပါတယ်။ အတိတ်ဟောင်းက လူကိုပဲ သင့်အပေါ်အကောင်းပေးနိုင်ဆုံးလူလို့ သတ်မှတ်နေရင် မှားနေပါပြီ။ အတိတ်ကလူထက် ကိုယ့်အပေါ်ပိုကောင်းပေးနိုင်တဲ့သူဆိုတာ မင်းတစ်နေ့တွေ့ရမှာ​တော့အမှန်ပါပဲ။ ဒါကြောင့် အတိတ်ကလူကိုပဲ အကောင်းဆုံးလူလို့မသတ်မှတ်ပါနဲ့...။ လက်ရှိမင်းဘေးနားမှာရှိပေးနေတဲ့သူကလည်း အကောင်းဆုံးလူဖြစ်နိုင်ပါတယ်။ အတိတ်ကလူကြောင့် မင်းအပေါ်တကယ် ဂရုစိုက်ပေးတဲ့လူကို အဆုံးရှုံးမခံပါနဲ့...။ #foryoupage #instatrend #စာသား #fypシ #relatable

𝙇𝙪𝙘𝙠
𝙇𝙪𝙘𝙠
Open In TikTok:
Region: MM
Monday 02 November 2026 12:29:14 GMT
726
96
2
2

Music

Download

Comments

call_me_shar00
Shar :
ထိတယ်ဟေ့
2026-11-02 12:39:03
1
To see more videos from user @zowelay7, please go to the Tikwm homepage.

Other Videos


About