@norajae2: #vest #fashion #fyp #spotlightfinds #TikTokShopBlackFriday

NoraJae
NoraJae
Open In TikTok:
Region: US
Monday 02 November 2026 12:39:58 GMT
746
0
1
0

Music

Download

Comments

garyspaeth
garyspaeth :
zipper on the wrong side...guys beware
2026-11-03 05:14:34
0
To see more videos from user @norajae2, please go to the Tikwm homepage.

Other Videos


"လူချင်းတူပေမဲ့ ကံချင်းမတူကြသလို၊ အသိဉာဏ်ချင်းလည်း မတူကြပါဘူး။ အသက်ရှင်သန်ပုံချင်းလည်း ကွာခြားကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် အသိဉာဏ်တွေ ကွာသွားတဲ့အတိုင်း အကျိုးပေးတဲ့ကံတွေလည်း ကွာသွားကြပါတယ်။ ဒါကြောင့် လောကကြီးမှာ အသိဉာဏ်က အရေးကြီးဆုံးပါပဲ။ အဲဒီအသိဉာဏ်ဆိုတာကတော့ . အမှားအမှန်ကို ခွဲခြားဝေဖန်ပိုင်းခြားတတ်ဖို့၊ . လုပ်သင့်လား၊ မလုပ်သင့်လား၊ ပြောသင့်လား၊ မပြောသင့်လား၊ . ဒီနေရာ၊ ဒီအချိန်၊ ဒီကာလမှာ ပြောသင့်၊ မပြောသင့်၊ လုပ်သင့်၊ မလုပ်သင့်၊ . ကိုယ့်ရဲ့လုပ်ရပ်ကြောင့် ကိုယ်တိုင်အပါအဝင် မိသားစုနဲ့ အသိုင်းအဝိုင်းကိုပါ ထိခိုက်စေနိုင်မလား၊ . အလွယ်ဆုံးပြောရရင် 'မိမိနဲ့သူတစ်ပါး နှစ်ပါးလုံးအတွက် အပြစ်ရောကင်းရဲ့လား၊ အကျိုးရော ရှိရဲ့လား' ဆိုတာတွေကို ဝေဖန်ပိုင်းခြားတတ်တဲ့ အသိဉာဏ်မျိုးပဲ ဖြစ်ပါတယ်။ 'ကံညီမျှခြင်းက အလုပ်ပါပဲ။' ကောင်းတဲ့အရာတွေကို ကြိုးစားလုပ်ဆောင်နေတဲ့သူက ထပ်ခါထပ်ခါ ကောင်းကံတွေပဲ ဖြစ်ပေါ်စေပါတယ်။ ကောင်းတဲ့စကားကိုဆိုပြီး ကောင်းကံတွေပဲ လုပ်နေတဲ့သူကတော့ အောင်မြင်မှုအသီးအပွင့်တွေကို ခံစားရပါတယ်။ ကံမှာလည်း အတိတ်ကံဆိုတာ လိုပါသေးတယ်။ အတိတ်ကံ အားနည်းတဲ့သူတွေက ဒီဘဝမှာ ကောင်းသောအရာတွေကို ပိုပြီးကြိုးစားပေးရပါတယ်။ အဲဒီလို ကြိုးစားရင် အတိတ်ကံကလည်း ပိုကောင်းလာမှာပါ။ ပစ္စုပ္ပန်မှာလည်း အလုပ်၊ ကံ၊ ဉာဏ်၊ ဝီရိယ သုံးခုပေါင်းစုံပြီး ကြိုးစားတဲ့အခါ၊ အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံ အားပေါင်းလိုက်တဲ့အချိန်မှာ စန်းဆိုတဲ့အရာ 'အောင်မြင်မှု' ဆိုတာ ဖြစ်ပေါ်လာရပါတယ်။ ဒါကို ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒီအမှန်တရားကို လက်ခံရပါမယ်။ ကိုယ့်ထက် ကောင်းမွန်နေကြတဲ့၊ တော်နေကြတဲ့ ဆရာသမားတွေနဲ့ လမ်းပြပေးကြတဲ့သူတွေ အများကြီး ရှိပါတယ်။ သူတို့တွေက အတိတ်ကံတွေ ကောင်းလာခဲ့ကြလို့ပါပဲ။ ကိုယ်တိုင်လည်း ကိုယ့်ဘဝလေးနဲ့ကိုယ် အထိုက်အလျှောက် သူများကို မုဒိတာပွားပြီး၊ ကိုယ့်ကိုကိုယ် ရောင့်ရဲတင်းတိမ်တတ်တဲ့ စိတ်ကလေးနဲ့ နေတတ်ဖို့ လိုပါတယ်။ နေရာတိုင်းမှာ၊ အရာအားလုံးမှာ အကြောင်းမရှိဘဲ အကျိုးရှိလာတာ မဟုတ်ပါဘူး။ သူများတွေ အဆင်ပြေနေကြတာဟာလည်း အတိတ်မှာ ကောင်းတာတွေ လုပ်ခဲ့လို့ ဒီဘဝမှာ အဆင်ပြေနေကြတာပါပဲ။ အဲဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် ကံချင်း မတူကြပါဘူး။ အဲတော့ အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံကို အခြေခံပြီး မုဒိတာပွားကာ မေတ္တာစိတ်လေးနဲ့ နေထိုင်မယ်၊ သူများကို မေတ္တာထားပြီး ကိုယ့်ကိုကိုယ် ရောင့်ရဲတင်းတိမ်စိတ်ကလေးနဲ့ နေသွားမယ်ဆိုရင် အင်မတန်မှ အေးချမ်းတဲ့ဘဝတစ်ခုကို ရမှာ သေချာပါတယ်နော်။" အဲ့တော့လေလူတစ်ယောက်ကို မနာလိုဖြစ်ပြီး စောင်းမြောင်းတိုက်ခိုက်နေမယ့်အစား အပေါ်မှာပြောထားသလို ကိုယ့်ဘဝ တိုးတက်ဖို့၊ ကိုယ့်စိတ်ကိုယ် အေးချမ်းဖို့ကိုသာ အချိန်ပေးသင့်ပါတယ်နော် အတိတ်ကံ၊ ပစ္စုပ္ပန်ကံဆိုတာ ကိုယ်လုပ်သလောက်ပါပဲ။ သူများအကြောင်း လိုက်ပြောနေချိန်မှာ ကိုယ်က ပိုပြီးနောက်ကျကျန်ခဲ့မယ်ဆိုတာလေး သတိရစေချင်ပါတယ်နော်။ 🤍 အချိန်ဆိုတာ တန်ဖိုးရှိပါတယ်နော်။ 😉 အမှားပါရင်ခွင့်လွှတ်နော်✌️🍀🤍 #zuzu #karma #positivevibesonly #mindsetmatters #fyp

About