@haman3425:

haman3425
haman3425
Open In TikTok:
Region: US
Monday 02 November 2026 20:20:49 GMT
88
1
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @haman3425, please go to the Tikwm homepage.

Other Videos

အိမ်ထောင်မကျခင်က ပုံလေးတွေ ပြန်မြင်မိတော့ မိဘအိမ်မှာ နေခဲ့တုန်းက ကိုယ်သုံးဖြုန်းခဲ့တာလေးတွေကို သတိရမိတယ်… 🤍 အရွယ်ရောက်လာကတည်းက ကိုယ်ရှာ ကိုယ်သုံးနဲ့ပဲ နေခဲ့တာ။ မိဘဆီ လက်ဖြန့်ပြီး တောင်းခဲ့တာမျိုး မရှိခဲ့ဘူး။ ကိုယ်ကြိုက်တာ ကိုယ်သုံးတယ်။ ကိုယ်ရှာထားတဲ့ ပိုက်ဆံကို ဘာလုပ်လိုက်လဲဆိုပြီးလည်း မိဘတွေက လာမမေးခဲ့ဘူး။ အဲ့ဒီလို ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်ခဲ့တာတွေကလည်း အရှင်မြတ်သခင်ရဲ့ ကျေးဇူးတော်တွေပါပဲ။ အမြဲတမ်း ကိုယ့်ကိုယ်ကို မသိမ်ငယ်ရအောင် ကိုယ့်တန်ဖိုးကို ကိုယ်သိအောင် အရှင်မြတ်က နည်းလမ်းအမျိုးမျိုးနဲ့ ကျေးဇူးပြုခဲ့တာပါ။ 🥹 အိမ်ထောင်ကျပြီးတဲ့နောက်မှာလည်း အရှင်မြတ်သခင်က ပိုပြီး ကျေးဇူးပြုခဲ့တယ်။ ကိုယ်မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ဘဝ၊ ကိုယ်မမျှော်လင့်ထားတဲ့ ကောင်းချီးတွေကို ပေးခဲ့တယ်။ တစ်ခါတလေ ဘဝဆိုတာ နေ့ချင်းညချင်း ပြောင်းလဲသွားတတ်တယ်။ မနေ့က မရှိခဲ့တာတွေကို ဒီနေ့မှာ အရှင်မြတ်က ပေးချင်ပေးနိုင်တယ်။ မရောက်ဖူးတဲ့နေရာတွေကိုလည်း ရောက်စေနိုင်တယ်။ မမျှော်လင့်ထားတဲ့ အမြင့်ကိုလည်း ပို့ပေးနိုင်တယ်။ အရာရာဟာ ထိုက်တန်မှ ရတာပါ။ ဒါပေမယ့် ထိုက်တန်မှုကို ဆုံးဖြတ်ပေးသူက အရှင်မြတ်သခင်ပါ။ 🤲🏻 ဒါကြောင့် ကိုယ့်မှာ မရှိတာ၊ ကိုယ်မရသေးတာတွေကိုပဲ ကြည့်ပြီး သူများဘဝကို အားကျမနာလိုနဲ့ စိတ်ပူလောင်နေမယ့်အစား… စိတ်ထားကောင်းကောင်းထားပါ။ မုဒိတာပွားပါ။ သူများရဲ့ကောင်းချီးကို ဝမ်းမြောက်ပေးပါ။ “အရှင်မြတ်… သူတို့ကို ပေးထားသလို ကျွန်မတို့ကိုလည်း ကောင်းချီးတွေနဲ့ ထိုက်တန်သူတွေ ဖြစ်စေတော်မူပါ” လို့ ဆုတောင်းတတ်ဖို့ လိုပါတယ်ရှင်။ 🤍 သူများရဲ့ကောင်းခြင်းကို မနာလိုခြင်းက ကိုယ့်ကောင်းခြင်းတွေကို မတိုးစေပါဘူး။ လူတိုင်းဟာ ကိုယ့်စိတ်ထားနဲ့ တန်တဲ့ဘဝကိုပဲ ရကြတာပါရှင်။ ဒါကြောင့် သူများကို ကြည့်ပြီး ပူလောင်နေမယ့်အစား ကိုယ့်စိတ်ထားကို ကောင်းအောင်ထားပြီး ကိုယ်တိုင်လည်း ကောင်းချီးတွေနဲ့ ထိုက်တန်သူတစ်ယောက် ဖြစ်အောင် ကြိုးစားကြပါရှင်😊🤍

About