@useroxsk6sqiua:

عمر جوهر88
عمر جوهر88
Open In TikTok:
Region: EG
Monday 02 November 2026 21:21:08 GMT
451
34
1
1

Music

Download

Comments

el_yamama
الــــيــــمـــــامــــه 🕊️👑 :
🥰🥰🥰
2026-11-03 14:24:59
1
To see more videos from user @useroxsk6sqiua, please go to the Tikwm homepage.

Other Videos

ခ်ခ်...ခ်ခ်...ခ်ခ်... အကိုတော်ရေ ညီမတော် မောပြီ... ခြံထဲ ပြေးလွှားဆော့ကစားနေတဲ့ မနောရယ်ပါ ....... ငါ စိတ်ညစ်ပါတယ် မနောရယ် ညည်းဘယ်သူနဲ့ကစားနေပြန်တာလဲ ညည်းတစ်ယောက်ထဲ ကျုပ်တွေ့နေရတယ် အနားလဲ မကပ်ရဲဘူး တော်ကြာ အိမ်လောက်ကြီးတဲ့ မြွေကြီးပေါ်လာမှဖြင့် ....... ဒေါ်လုံးတင် တစ်ယောက် အဝေးကနေဘဲ စောင့်ကြည့်နေသည်..... .......... ...... ဟေ့ကောင်တွေ ဖမ်းဖမ်း အဲ့ကောင်မလေးကိုဖမ်း ...... မနောကို လူ ၅ယောက်လောက်က ဝင်လာပြီး ပါးစပ်ပိတ်ကာ ပွေ့ချီ ခေါ်သွားသည်... ....... ဟဲ့...ဟဲ့...အမလေး ဘာလုပ်ကြတာလဲ ဒေါ်လုံးတင်က ထအော်တော့ ဒုတ်နဲ့ရိုက်ချသွားသည်... အား...အမလေး သေပါပြီ.... ......... မနောက ရုန်းကန်နေရင်း မသာမာသူတွေ လက်ထဲပါသွားသည်... ......... ဘုရားပျက်ကြီးရောက်တော့ မနောကို လက်ပြန်ကြိုးတုပ်ပြီး မေးတော့သည် ဟဲ့ကောင်မလေး ဖြေစမ်း နင်က သိုက်ဆက်ဆို နင့်သိုက်အပိုင်က ဘယ်မှာလဲ နင်တို့စောင့်နေတဲ့ ရတနာ ရွှေငွေတွေ ထုတ်ပေးစမ်း မပေးလို့ကတော့ နင့်ကို thet မှာနော် ......... မသိဘူး ငါမသိဘူး ..... ဘာမသိဘူးလဲ.. .နင်က ရပ်ကွက်ထဲ ဟိုးဟိုးကျော်နေတာ  နင်က မြွေဝင်စားတာဆို... နင်ငါ့ကို မကြောက်ဘူးလား... နင့်အကိုတောင် ငါ thet ပလိုက်တာ နင်တွေ့တယ်မလား... နင့်အကိုတောင် ဂရုမစိုက်တာ နင့်လောက်ကတော့ အသာလေး... ....... ကဲပြောမြန်မြန်... ..... မသိဘူး ငါမသိဘူး ငါ့ကိုလွှတ်..... လွှတ်စေချင်ရင် မြန်မြန်ပြောလေ... မပြောဘူး ..... နင်တို့ လွှတ်မှာလား မလွှတ်ဘူးလား မနောရဲ့ မျက်လုံးလေးတွေ ရဲရဲနီလာသည်... ........... ရုတ်တရက် မိုးတွေ အုံ့လာသည်... ...... ဟား....ဟေ့ကောင်ရေ... ဟိုမှာ ဟိုမှာ မြွေအကြီးကြီးက ပါးပျဉ်းကြီးထောင်က သူတို့ကို အုပ်မိုး စိုက်ကြည့်နေသည်... ........ ဟာ ဟေ့ ပြေးပြေး..... သူတို့ပြေးလေ မြွေကြီးက  ထက်ချက်မကွာလိုက်လေနဲ့..... မသမာသူ ၅ယောက်စလုံး ရူးကုန်ကြပြီ တွေ့လေရာ မြင်လေရာ မြွေတွေကြီး မြင်တွေ့နေရပြီး ရှေ့ဆင့်နောက်ဆင့် မြွေကိုက်ကာ သေဆုံးကုန်ကြတော့သည်.... .......... ........... ခ်ခ် ခ်ခ်ခ်ခ်... မနောက ပန်းခြံထဲ ဆော့ကစားကာ  အူမြူးနေသည် ပျော်ရဲ့လား ညီမတော်..... ........ အရမ်းပျော်တယ် အကိုတော်ရေ... ......... ညီမတော် စိတ်ချနေပါ ဘာအနှောက်ယှက်မှ မရှိတော့ဘူး စိတ်အေး လက်အေး ပျော်ပျော်ရွှင်ရွှင်သာနေပါ အကိုတော်က ညီမတော်ကို တဖဝါးမှ မခွာ စောင့် ရှောက်နေပါ့မယ်... ဖြစ်နိုင်ရင် ဌာနေကို ပြန်ကြမယ် ညီမတော်ရယ် လူယုတ်မာတွေကြားထဲမှာ ညီမတော်ကို  ဘေး ဒုက္ခတွေ ခနခန မတွေ့စေချင်ဘူး ဌာနေကို ပြန်ကြမယ် ညီမတော်.... ....... မနော  နမေတို့ဆီမှာ ခွင့်တောင်းကြည်ပါ့ဦးမယ် မနောကို မခွဲနိုင်လောက်ကြဘူး အကိုတော်ရယ်..... သံယောဇဉ်တွေက ဖြတ်ကခက်တယ်.. ......... ........ နမေ...... မနော.....အကိုတော်တို့ဆီ လိုက်သွားနေတော့မယ် ........ ဘာ....ဘယ်လို...... ........ ဟုတ်တယ် နမေ... လူတွေရဲ့ လောဘတွေ အတ္တတွေ ဒေါသတွေကြားထဲမှာ မနောတို့လို့ သီလစောင့်တည်နေသူတွေ အတွက် အတူနေထိုင်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး ......... သာသနာပြုဖို့ရောက်လာပေမဲ့ လူတွေရဲ့ ဇာတ်ရှုပ်အပူတွေ  အနိုင်ကျင့်မှုတွေ ကြားထဲမှာ အနှစ်နှစ်အလလက စောင့်တည်ခဲ့တဲ့ သီလ သမာဓိတွေ  ကိုယ်ကျင့်တရားတွေ  ပျက်ပြယ်မှာစိုးမိတယ် နမေရယ် အရိမေတ္တယျ မြတ်စွာ ဘုရားကို ဖူးခွင့်မကြုံတော့မှာ အရမ်းစိုးရိမ်နေမိတယ် ........ သူယုတ်မာတွေ နဲ့ သူတော်ကောင်းတွေဟာ ဘယ်တော့မှ အတူယှဉ်တွဲ နေထိုင်လို့မရနိုင်ဘူး ....... အမလေး သမီးလေးရယ် အမေ့ကို ငဲ့ပါဦး အမ့မှာ ဒီဗိုက်ကြီးနဲ့ ကိုးလလွယ် ဆယ်လဖွား မွေးခဲ့ရတာ သမီးကို ချစ်လို့ မဝသေးပါဘူး မခွဲနိုင်ပါဘူး အမေ့ကို ထားခဲ့တော့မလို့လား သမီးလေး ကတိကို ဖျက်တော့မလို့လား ...... အမေနဲ့ တသက်လုံးမခွဲဘဲ တူတူနေသွားမယ်ဆို ...... အီးဟီးဟီး..... သူဌေးက‌တော်ကြီးက ချုံးပွဲချ ငိုကြွေးနေသည်... ........ မနောရင်ထဲမှာ မချိတော့ပြီ..... ....... တိတ်ပါ နမေရယ်... မနော လာလာ တွေ့မှာပါ.... ...... မရဘူး သမီးလေး မသွားရဘူး အမေ့ကို ရင်ကွဲအောင် မလုပ်ပါနဲ့သမီးလေးရယ် အမေ ချစ်လို့တောင် မဝသေးတာပါ သမီးလေးရယ်.... ပြောရင်းနဲ့ သူဌေးကတော်ကြီးက မနောလက်ထဲမှာပင် သတိလစ်မေ့မြောသွားလေသည် .......... .......... နမေ နမေ..... သတီလစ်နေတဲ့ သူဌေးကတော်ကြီးကို ကြည့်ပြီး မနောက သက်ပြင်းမောကြီး မှုတ်ထုတ်မိတော့သည်.. ........ အကိုတော့ မျက်နှာကို လှမ်းကြည့်တော့လဲ အကိုတော်က မျက်နှာငယ်လေးနဲ့ပေါ့ ........

About