@uzin.myo3: 'ကြီးပွားနိုင်သောရဟန်း၏ အင်္ဂါ(၁၁)ပါး' ၁။ မဟာဘုတ်ရုပ်, ဥပါဒါရုပ်တို့ကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊ ၂။ ပညာရှိနှင့် လူမိုက်တို့၏ 'ကုသိုလ်ကံ, အကုသိုလ်ကံ'ဟူသော လက္ခဏာကိုသိခြင်း၊ ၃။ ဖြစ်ပေါ်လာသော ကာမဝိတက် စသည်တို့ကို စွန့်ပယ် ဖျောက်ဖျက်တတ်ခြင်း၊ ၄။ စက္ခုန္ဒြေ အစ မနိန္ဒြေအဆုံးရှိသော ဣန္ဒြေ (ခြောက်ပါး)တို့ကို စောင့်စည်းတတ်ခြင်း၊ ၅။ ကြားနာ သင်ယူပြီးသော တရားတို့ကို သူတစ်ပါးတို့အား အကျယ် ဟောပြော တတ်ခြင်း၊ ၆။ အကြား အမြင်များကုန်သော သုတ်, ဝိနည်း, အဘိဓမ္မာဆောင် ရဟန်းတို့ထံ ချဉ်းကပ်၍ ယုံမှားမှုကို ပယ်ဖျောက်တတ်ခြင်း, မေးမြန်းတတ်ခြင်း၊ ၇။ ဘုရားရှင် ဟောကြားအပ်သော သုတ်, ဝိနည်း, အဘိဓမ္မာတို့၏ အနက်အဓိပ္ပာယ်ကို သိရှိ နားလည်ပြီး နှစ်သက်ဝမ်းမြောက်မှုကို ရခြင်း၊ ၈။ မြတ်သော အဋ္ဌင်္ဂိကမဂ်ကို ဟုတ်တိုင်း မှန်စွာ သိခြင်း၊ ၉။ သတိပဋ္ဌာန်လေးပါးကို ဟုတ်တိုင်း မှန်စွာ သိခြင်း၊ ၁၀။ သဒ္ဓါတရားနှင့် ပြည့်စုံကုန်သော ဒကာတို့၏ ပစ္စည်း(လေးပါး)တို့ကို အတိုင်းအရှည်ကို သိလျက် ခံယူခြင်း၊ ၁၁။ သံဃာ့မိဘ သံဃာ့ရှေ့ဆောင် သက်တော်ရှည် မထေရ်ကြီးတို့၌ ကာယကံ, ဝစီကံ, မနောကံ မေတ္တာတို့ကို ရှေးရှုတည်စေခြင်း။ (အံ၊ ၃။ ၅၄၉။) (အံ၊ မြန်၊ ၃။ ၅၃၆။) (3. 11. 2022) ဝိစာရ (ကွေ့မ) ဒက္ခိဏာရာမကျောင်းတိုက်
Uzin Myo
Region: MM
Tuesday 03 November 2026 01:12:24 GMT
Music
Download
Comments
kyaw :
[Pray][Pray][Pray]
2026-11-03 03:34:17
0
KO YIN MIN OO :
🙏🙏🙏
2026-11-03 02:10:02
0
Mya Ye :
🙏🙏🙏
2026-11-03 03:41:59
0
To see more videos from user @uzin.myo3, please go to the Tikwm
homepage.