@shineyatuaung5: Written by Emerald's Diary 🌿 စည်းမရှိတဲ့ မိန်းမ ❎ ⛔ စည်းမရှိတဲ့ မိန်းမက အလှအပကို ဦးစားပေးပြီး၊ ငွေကြေး၊ social ကောင်းတာကို အဓိကထားတတ်ပါတယ်။ ⛔ သူများရဲ့ ရည်းစား၊ သူများရဲ့ ယောကျာ်းကို မရှောင်ဘဲ ၊ရောရောထွေးထွေး နေတတ်ပါတယ်။ ⛔ သူငယ်ချင်းယောကျာ်းလေး ခင်မင်တဲ့ မိတ်ဆွေအမျိုးသားတွေ၊ အချစ်ရေး အိမ်ထောင်ရေး အဆင်မပြေတာ ကြားရရင် "အဆင်မပြေဘူးလား..? ⛔ ရင်ဖွင့်လို့ရတယ်နော်" ဆိုတဲ့ စကားနဲ့ နားလည်မှုရှိသူအဖြစ် ၊ချစ်သူ ဇနီးမယားရဲ့ နေရာဝင်ယူတတ်ကြပါတယ်။ ⛔ ကိုယ့်ကိုယ်ကို ပိုလှ၊ ပိုထက်မြက်တယ်လို့ ယုံကြည်ပြီး၊ တခြားမိန်းမကို အပြစ်တင်၊ မိန်းမအချင်းချင်း ချိုးချတတ်တာလည်း စည်းမရှိတဲ့ မိန်းမရဲ့ လက္ခဏာ တစ်ခုပါပဲ။ ⛔ အလှအပကြောင့် ကြိုက်သူဝိုင်းဝိုင်းလည်နေရင် မာနတက်ပြီး၊ ပိုင်ရှင်ရှိလည်း မရှောင်၊ သူသာလျှင် တရားဝင် မိန်းမထက် ပိုထက်မြက်ပြီး ပိုနားလည်တတ်သူမို့... ⛔ သူ့ကို ကြိုက်တာ ချစ်တာ... ကိုယ့်ယောကျာ်းကိုယ်မှ မထိန်းနိုင်တာဆိုပြီး ၊ မိန်းမအချင်းချင်း ချိုးချတတ်တဲ့ စည်းမရှိတဲ့မိန်းမ။ ⛔ အမျိုးသားတစ်ယောက်အတွက်တော့... စည်းမရှိတဲ့မိန်းမတွေဆီက ရခဲ့တဲ့ အလိုလိုက်မှုတွေ၊ ရင်ဖွင့်ဖော်ရတဲ့ ခံစားချက်တွေက ခဏတာ သာယာမှု ပေးနိုင်ပါလိမ့်မယ်...။ ⛔ ဒါပေမဲ့... ကိုယ်တိုင်က စည်းမရှိလို့၊ သူတစ်ပါး အိမ်ထောင်ရေးထဲ ခြေရှုပ်ခဲ့တဲ့ မိန်းမတစ်ယောက်ဟာ ၊သင့်ဘဝအတွက် ဘယ်တော့မှ 'ဂုဏ်ယူစရာ' ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သတိရပါ။ 🌼 စည်းရှိတဲ့မိန်းမတစ်ယောက်ရဲ့ မာနဆိုတာ... သူကိုယ်သူ တန်ဖိုးထားသလို၊ သင့်ကိုလည်း တန်ဖိုးရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်အောင် ဝန်းရံပေးထားတဲ့ အကာအကွယ်တစ်ခုပါ။ 🍀 အဲဒီစည်းကို သင်ကိုယ်တိုင်က ကျော်ဖြတ်ပြီး၊ သူတစ်ပါးဆီက အချိုသတ်စကားတွေနောက် ပါသွားခဲ့ရင်တော့...။ 🍀 သင့်ဘဝမှာ 'တန်ဖိုး'ရှိခြင်း ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်စေခဲ့တဲ့ မိန်းမတစ်ယောက်ကို သင် ထာဝရ လက်လွှတ်လိုက်ရပါပြီး။ 📩 သတိရပါ.... စည်းမရှိတဲ့မိန်းမက သင့်ကို ခဏတာ ပျော်ရွှင်အောင် လုပ်ပေးနိုင်ပေမယ့်...။ စည်းရှိတဲ့မိန်းမကတော့ သင့်ဘဝကို 'လူရာဝင်‌အောင် ' တည်ဆောက်ပေးခဲ့တာပါ... #မူရင်းကိုcrdပေးပါတယ် #မိန်းမသားတို့ရင်ဖွင့်ရာ #အိမ်ထောင်ရေးအတွေးအမြင် #ဗဟုသုတအဖြစ်တင်ပေးတာပါနော် #အိမ်ရှင်မတွေဆီရောက်

Shine Ya Tu Aung 981
Shine Ya Tu Aung 981
Open In TikTok:
Region: MM
Tuesday 03 November 2026 03:06:15 GMT
6134
167
3
7

Music

Download

Comments

monicamyat13
Monica :
🥰🥰🥰🥰🥰
2026-11-03 08:56:31
0
htet.htet.naing.t
Htet Htet Naing Than :
[Heartwarming][Heartwarming][Heartwarming]
2026-11-03 06:38:38
0
poe.pachi844
Poe Pachi :
👍👍👍
2026-11-03 09:04:41
0
To see more videos from user @shineyatuaung5, please go to the Tikwm homepage.

Other Videos


About