@than.tun.aung364: "ခါးပတ်အတွက် မဟုတ်ဘဲ အသက်ရှင်ဖို့အတွက်သာ တိုက်ခိုက်ခဲ့တဲ့ လမ်းဘေးကောင်လေးအကြောင်း..." 🥊 ကျွန်တော်တို့ရဲ့ ဂျော့ရှူးဝါးဗန် (Joshua Van) လို တိုက်ခိုက်ရေးသမားတွေ အားကျအတုယူရတဲ့ ကမ္ဘာ့ဒဏ္ဍာရီကြီး မန်နီ ပက်ကွီယို (Manny Pacquiao) ရဲ့ ဘဝအစက ဘယ်လောက်တောင် ရင်နင့်စရာ ကောင်းခဲ့လဲ သင်သိပါသလား? တစ်ချိန်က အိမ်မှာ စားစရာ ဘာမှမရှိတော့လို့ ဆင်းရဲမွဲတေမှုရဲ့ အောက်ဆုံးစွန်းမှာ မိသားစုရဲ့ အချစ်ဆုံးခွေးလေးကိုပါ သ/တ်စားရတဲ့အထိ အစွန်းရောက် ဆင်းရဲဒုက္ခကို ကြုံခဲ့ရတယ်။ အဲဒီမြင်ကွင်းကို သိလိုက်ရတဲ့ အသက် (၁၂) နှစ်သားလေးဟာ အိမ်ကနေ ထွက်ပြေးခဲ့တယ် … ဖိလစ်ပိုင်ရဲ့ မြို့တော် မနီလာကို တစ်ယောက်တည်း ထွက်သွားခဲ့တာပါ ရည်မှန်းချက်က တစ်ခုတည်းရယ်ပါ … "အသက်ရှင်ဖို့" မနီလာရဲ့ လမ်းတွေ၊ ကတ်ထူဖာတွေ၊ ပန်းခြံတွေနဲ့ ဘောက်ဆင် gym ကြမ်းပြင်တွေပေါ်မှာ အိပ်စက်ရင်း တစ်ရက်စာ ထမင်းတစ်လုပ်အတွက် ဒိုးနတ်ရောင်း၊ ဈေးထဲကုန်အိတ်သယ်ကာ ရသမျှပိုက်ဆံကို အိမ်ပြန်ပို့ခဲ့ရတယ်။ ဘောက်ဆင်လောကထဲ ရောက်လာတာကလည်း နာမည်ကြီးချင်လို့ မဟုတ်ဘူး ကွင်းထဲတစ်ခါဝင်ရင် ရမယ့် ငွေစလေးနဲ့ ဗိုက်ဝအောင် စားချင်လို့တစ်ခုတည်းအတွက်ပါပဲ အသက်မပြည့်တော့ လိမ်ပြောရတယ်၊ အလေးချိန်မီအောင် အိတ်ကပ်ထဲ ကျောက်ခဲတွေ ထိုးထည့်ပြီး ကွင်းထဲဝင်ခဲ့ရတဲ့အထိ ရုန်းကန်ခဲ့ရတာပါ။ သူ တိုက်ခိုက်ခဲ့တာ ခါးပတ်တွေ၊ နာမည်တွေအတွက် မဟုတ်ဘူး … "အသက်ဆက်ရှင်သန်ဖို့" သက်သက်အတွက်ပါပဲ။ ဒါပေမဲ့ … အဲဒီလို လမ်းဘေးမှာ အိပ်ခဲ့ရတဲ့ ကောင်လေးဟာ နောက်ဆုံးမှာ ကမ္ဘာ့သမိုင်းမှာ ဝိတ်တန်း (၈) ခုအထိ ချန်ပီယံဆုကို တစ်ဦးတည်း ဆွတ်ခူးနိုင်ခဲ့တဲ့၊ နိုင်ငံရဲ့ လွှတ်တော်အမတ်တစ်ဦးဖြစ်လာပြီး ကမ္ဘာ့အားကစားလောကရဲ့ ထာဝရအိုင်ကွန် တစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်! လမ်းဘေးကနေ ဘုရင်တစ်ပါး ဖြစ်လာတဲ့ ဒီလိုဇာတ်လမ်းမျိုးက တိုက်ခိုက်ရေးသမားတိုင်းအတွက် အကြီးမားဆုံး အတုယူစရာပါပဲကွာ … ဒီလို အဆင်းရဲဆုံးဘဝကနေ ကမ္ဘာ့ထိပ်တန်း ရောက်လာတဲ့ ပက်ကွီယို ရဲ့ ခရီးလမ်းအပေါ် မိတ်ဆွေတို့ ဘယ်လိုမြင်ကြလဲ 💬 #creditstotheowner #kothantunaung (k.s)#fypシ #ပက်ကွီယို #လမ်းဘေးကောင်လေးအကြောင်း
Ko Than Tun Aung(k.s)
Region: MM
Tuesday 03 November 2026 03:31:05 GMT
Music
Download
Comments
@@@ :
[Heartwarming][Heartwarming][Heartwarming]
2026-11-03 06:18:14
1
Nwe🌹 :
👌👌👌
2026-11-03 04:54:45
1
Shwe La Young :
🥰🥰🥰
2026-11-03 05:56:36
1
To see more videos from user @than.tun.aung364, please go to the Tikwm
homepage.