@nyein.clinic: 😰 သံဓာတ်ချို့တဲ့ခြင်း (Iron Deficiency) - - - - - - - - - - - - - - - - - - - - - - - အမြဲတမ်း မောပန်းနွမ်းနယ်နေတယ်၊ လှေကားတက်ရင် မောတယ်၊ ဆံပင်တွေ ကျွတ်တယ်၊ ညအိပ်ချိန် ခြေထောက်တွေ မငြိမ်ချင်ဘူး … ဒါတွေဟာ သံဓာတ်ချို့တဲ့နေတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ သံဓာတ်ဟာ သွေးနီဥထဲက ဟီမိုဂလိုဘင် (Haemoglobin) ကို ဖန်တီးပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဆီဂျင် ပို့ပေးတယ်။ ဦးနှောက်နဲ့ ကိုယ်ခံအားစနစ် အလုပ်လုပ်ဖို့လည်း လိုအပ်ပါတယ်။ သံဓာတ်ချို့တဲ့ခြင်းဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး အာဟာရချို့တဲ့မှု ဖြစ်ပါတယ်။ သွေးအားနည်းရောဂါ (Anaemia) မဖြစ်သေးခင်ကတည်းက လက္ခဏာတွေ ပြနိုင်ပြီး၊ သွေးအားမနည်းဘဲ သံဓာတ်ချို့တဲ့နေသူက သွေးအားနည်းသူထက် (၂ ဆခန့်) ပိုများပါတယ်။ ➡️ အဖြစ်များတဲ့ လက္ခဏာများ - - - - - - - - - - 👉 အမြဲ မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခြင်း (Fatigue) 👉 အလုပ်လုပ်ရင်၊ လှေကားတက်ရင် မောလွယ်ခြင်း 👉 ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း 👉 ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း 👉 အသားဖြူဖျော့ခြင်း — မျက်ခွံအတွင်းသား၊ လက်ဖဝါး ဖြူဖျော့နေတာ သတိထားကြည့်ပါ 👉 အာရုံစူးစိုက်မှု လျော့ခြင်း၊ မေ့လွယ်ခြင်း၊ စိတ်တိုလွယ်ခြင်း ➡️ သတိမထားမိတတ်တဲ့ ထူးခြားလက္ခဏာများ - - - - - - - - - - 👉 ဆံပင်ကျွတ်ခြင်း၊ ပါးလာခြင်း 👉 လက်သည်းကျိုးလွယ်ခြင်း၊ ဇွန်းပုံ ချိုင့်ဝင်လာခြင်း (Koilonychia) 👉 ရေခဲ၊ မြေကြီး၊ ဆန်စိမ်း စတဲ့ အစားအစာမဟုတ်တာတွေ စားချင်ခြင်း (Pica) 👉 ညအိပ်ချိန် ခြေထောက် မအီမသာဖြစ်ပြီး လှုပ်ချင်နေခြင်း (Restless Legs Syndrome) 👉 လျှာ ချောမွေ့နာကျင်ခြင်း၊ ပါးစပ်ထောင့် ကွဲခြင်း 👉 ကလေးတွေမှာ ကြီးထွားမှုနှေးခြင်း၊ စာသင်ယူမှု အားနည်းခြင်း ➡️ ဘာကြောင့် ဖြစ်တာလဲ - - - - - - - - - - 👉 သွေးဆုံးရှုံးခြင်း — ရာသီသွေး အများကြီးဆင်းခြင်း၊ အစာအိမ်/အူလမ်းကြောင်း သွေးယိုခြင်း (အစာအိမ်အနာ၊ အကိုက်အခဲပျောက်ဆေး NSAIDs၊ လိပ်ခေါင်း၊ အူမကြီးကင်ဆာ) 👉 ချိတ်သန်ကောင် (Hookworm) — ဖိနပ်မစီးဘဲ မြေပေါ်လျှောက်ရာကနေ ဝင်ပြီး အူထဲက သွေးကို စုပ်ယူတယ် 👉 စုပ်ယူမှု မကောင်းခြင်း — H. pylori ပိုး၊ Coeliac ရောဂါ၊ အစာအိမ်ခွဲစိတ်ထားသူ 👉 အစားအသောက်ကနေ မလုံလောက်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးကြီးထွားချိန် လိုအပ်ချက် များလာခြင်း ➡️ ဘယ်လို စစ်ဆေးမလဲ - - - - - - - - - - 👉 သွေးအပြည့်အစုံ (CBC) တစ်ခုတည်းနဲ့ မလုံလောက်ပါ — သံဓာတ်သိုလှောင်မှုပြ Ferritin ပါ စစ်ရပါမယ် ASH Guideline (2026) အရ — 👉 လူကြီး (ကိုယ်ဝန်မဆောင်/ရာသီမလာသူ) — Ferritin (၃၀ ng/mL) နဲ့အောက်ဆိုရင် သံဓာတ်ချို့တဲ့တယ်လို့ သတ်မှတ် 👉 ရာသီလာသူ အမျိုးသမီး — Ferritin (၃၀ ng/mL) နဲ့အောက် 👉 လက္ခဏာရှိသူ (သို့) အန္တရာယ်ရှိသူ — Ferritin (၅၀ ng/mL) နဲ့အောက်ဆိုရင်လည်း သံဓာတ်ချို့တဲ့နိုင် 👉 ရောင်ရမ်းရောဂါရှိသူ (ကင်ဆာ၊ အူရောင်ရောဂါ၊ ပိုးဝင်ရောဂါ) — Ferritin မှားယွင်းမြင့်နေနိုင်လို့ Transferrin Saturation (TSAT) ပါ တွဲစစ်ရပါမယ် ⚠️ မဖြစ်မနေ အကြောင်းရင်း ရှာရမယ့်သူများ - - - - - - - - - - 👉 အမျိုးသား (သို့) သွေးဆုံးပြီးသူ အမျိုးသမီးမှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရင် အစာလမ်းကြောင်း သွေးယိုတာ ရှိမရှိ ရှာရပါမယ် AGA Guideline အရ — 👉 အစာအိမ်မှန်ပြောင်း (OGD) နဲ့ အူမကြီးမှန်ပြောင်း (Colonoscopy) တစ်ကြိမ်တည်း တွဲကြည့်ရပါမယ် 👉 H. pylori ပိုးနဲ့ Coeliac ရောဂါ စစ်ရပါမယ် 👉 မည်းနက်တဲ့ ဝမ်း၊ ဝမ်းထဲ သွေးပါ၊ ကိုယ်အလေးချိန်ကျ၊ မျိုချရခက်၊ ဝမ်းသွားပုံ ပြောင်းလဲတာ ရှိရင် ချက်ချင်း ပြသပါ 👉 ရင်ဘတ်အောင့်၊ အသက်ရှူကျပ်၊ မူးလဲတာ ရှိရင် အရေးပေါ် ပြသပါ ❓ ဆရာဝန်ကို ဘယ်တော့ ပြသင့်သလဲ - - - - - - - - - - 👉 အထက်ပါ လက္ခဏာတွေ ရက်သတ္တပတ်အတော်ကြာ ရှိနေရင် 👉 သံဓာတ်အားဆေး မိမိဘာသာ ကြာရှည် မသောက်ပါနဲ့ — အကြောင်းရင်း (ဥပမာ အူမကြီးကင်ဆာ) ကို ဖုံးကွယ်သွားနိုင်ပါတယ် 👉 သံဓာတ်အားဆေး (Ferrous sulfate) ဟာ ပထမဦးစားပေး ဖြစ်ပြီး၊ မသောက်နိုင်သူ/ မစုပ်ယူနိုင်သူတွေမှာ သွေးကြောသွင်း သံဓာတ် (IV Iron) ပေးနိုင်ပါတယ် (AGA 2024) သိချင်တာရှိရင် ကွန်မန့်မှာ မေးသွားနိုင်ပါတယ်။ မသိသေးသူ မိတ်ဆွေတွေသိအောင်လည်း မျှဝေပေးနိုင်ပါတယ်။ *** References 1. Powers JM et al. Blood Adv. 2026 (ASH 2026 Guidelines for Diagnosis of Iron Deficiency) 2. DeLoughery TG et al. Clin Gastroenterol Hepatol. 2024 (AGA Clinical Practice Update on Management of Iron Deficiency Anemia) 3. Ko CW et al. Gastroenterology. 2020 (AGA Clinical Practice Guidelines on the Gastrointestinal Evaluation of Iron Deficiency Anemia) 4. Pasricha SR et al. Lancet. 2021 (Iron deficiency – Seminar) #IronDeficiency #သံဓာတ်ချို့တဲ့ခြင်း #သွေးအားနည်းရောဂါ

Nyein Clinic
Nyein Clinic
Open In TikTok:
Region: US
Tuesday 03 November 2026 05:17:01 GMT
953
15
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @nyein.clinic, please go to the Tikwm homepage.

Other Videos

𝗟𝗘𝗟𝗔𝗞𝗜 𝗦𝗔𝗠𝗨𝗡 𝗞𝗘𝗗𝗔𝗜 𝗥𝗨𝗡𝗖𝗜𝗧 𝗗𝗔𝗡 𝗖𝗨𝗥𝗜 𝗧𝗔𝗕𝗨𝗡𝗚 𝗠𝗔𝗦𝗝𝗜𝗗 𝗗𝗜𝗗𝗔𝗞𝗪𝗔 KOTA BHARU, 4 November 2026: Seorang lelaki berusia 20 tahun dihadapkan ke Mahkamah Sesyen Kota Bharu hari ini atas pertuduhan samun dan mencuri tabung masjid. Tertuduh berdepan  pertuduhan di bawah Seksyen 392 Kanun Keseksaan kerana samun, yang memperuntukkan hukuman penjara sehingga 14 tahun, denda atau sebat jika disabitkan kesalahan. Bagi pertuduhan kedua, tertuduh didakwa di bawah Seksyen 380 Kanun yang sama kerana mencuri di dalam bangunan. Sabit kesalahan, tertuduh boleh dipenjara sehingga tempoh 10 tahun dan denda. Terdahulu pada 27 Oktober yang lalu, pihak polis menerima maklumat kejadian samun di sebuah kedai runcit di Kampung Alor Jambu, Tawang, Bachok. Kejadian dilaporkan berlaku pada malam 25 Oktober yang lalu. Semakan kamera litar tertutup memperlihatkan seorang lelaki memakai topi keledar memasuki premis lalu mengambil wang dari laci kaunter. Seorang pekerja kedai cuba mengahalangnya, namun ditolak. Jumlah kerugian dianggarkan sebanyak RM300. Hasil dari siasatan yang dijalankan pihak polis, sepasukan pegawai dan anggota dari Bahagian Siasatan Jenayah IPD Bachok telah berjaya menahan tertuduh di sebuah rumah di Jalan Tawang Wakaf Zain, Bachok Kelantan pada malam 27 Oktober yang lalu. Pihak polis turut merampas sebuah motosikal, beberapa helai pakaian dan sejumlah wang tunai dipercayai terkait kes. Seunit tabung wakaf turut dirampas, dipercayai dicuri. Siasatan lanjut turut mendapati tertuduh turut terlibat dalam kecurian tabung masjid di Kampung Telok Kemunting, Tawang. Dalam kamar pertuduhan hari ini, tertuduh mengaku bersalah atas pertuduhan-pertuduhan yang dibacakan. Hakim Hj Nik Habri Bin Muhamad menetapkan 11 November 2026 untuk fakta hukuman. #JabatanSiasatanJenayah  #POLISDIRAJAMALAYSIA  #CIDRMP

About