@.fan46000: #Aou ကို မုန်းမိတော့မယ်ဆိုရင် ဒီစာလေးကို အရင်ဖတ်ကြည့်ကြပါ။ ကျမလည်း အခုဖြစ်နေတဲ့ ပြဿနာတွေကြောင့် Aou ကို မုန်းမိတော့မလို ဖြစ်ခဲ့ဖူးတယ်။ Aou ရဲ့ IG Story ကို မမြင်ခင်အထိပေါ့။ အခုဖြစ်နေတဲ့ အခြေအနေမှာ တစ်ခုခုဆို Aou ကိုပဲ အပြစ်မြင်ပြီး Boom ဘက်ကိုပဲ တစ်ဖက်ပိတ် ကာကွယ်နေကြတဲ့သူတွေ ရှိတယ်။ ကျမလည်း Aou ရဲ့ လုပ်ရပ်တချို့ကြောင့် သူ့ကို မုန်းတယ်လို့တောင် စိတ်ထဲက ပြောခဲ့မိတယ်။ ဒါပေမဲ့ ရှင်တို့ တစ်ခါလောက် စဉ်းစားကြည့်ဖူးလား။ Aou ဘာကြောင့် ဒီလိုလုပ်ခဲ့ရတာလဲဆိုတာကိုလေ။ ရှင်းရှင်းပြောရရင် Boom ကို သနားတယ်လို့ ပြောနေကြတဲ့သူတွေက Aou ဘက်ကိုတော့ မကြည့်ခဲ့ကြဘူးလို့ ထင်မိတယ်။ လူဆိုတာ နှစ်ဖက်စလုံးမှာ ခံစားချက်ကိုယ်စီ ရှိကြတာပဲလေ။ ငါတို့တောင် အဝေးကနေ ကြည့်နေရုံနဲ့ ဒီလောက်ခံစားနေရတာ သူတို့ကိုယ်တိုင်ဆို ဘယ်လောက်တောင် ကြေကွဲနေကြမလဲ။ ဒီလောက်အထိ ပြတ်သားသွားရတဲ့ အကြောင်းရင်းကို ငါတို့ သေချာမသိကြပေမဲ့ Aou ကိုယ်တိုင်လည်း ဒီလိုဆုံးဖြတ်ချက်မျိုး ချလိုက်ရလို့ ပျော်နေမှာတော့ မဟုတ်ဘူးလို့ ထင်တယ်။ မနေ့က မနက် ၇ နာရီကျော်လောက်မှာ Aou ရဲ့ TikTok အကောင့်ထဲ ဝင်ကြည့်ခဲ့တယ်။ အဲဒီအချိန်မှာ Boom နဲ့ပတ်သက်တဲ့ Video တွေ အများကြီး ပျောက်နေခဲ့တယ်။ တစ်ပုဒ်တော့ ကျန်သေးတယ်။ ညနေဘက် ထပ်ဝင်ကြည့်တော့ အကုန်လုံး ပျောက်သွားပြီ။ သူကိုယ်တိုင် ဖျက်လိုက်တာလား၊ ဒါမှမဟုတ် Only Me နဲ့ ပြောင်းထားတာလားဆိုတာတော့ သေချာမသိဘူး။ နောက်တစ်ခုက Boom ဟာ တစ်ခုခုဆို အရမ်းသိုသိပ်တတ်လို့ လူတွေက သူ့အတွက် ပိုပြီး စိတ်ပူကြတယ်။ ဒါပေမဲ့ Aou ကိုကျတော့ ဘာလို့ စိတ်မပူကြတာလဲ။ ကျမထင်တာ မမှားဘူးဆိုရင် Aou က အမြဲပြုံးနေတတ်လို့ မဟုတ်လား။ ဒီမှာ ပြောချင်တာက ပြုံးတိုင်း ပျော်နေတယ်လို့ မသတ်မှတ်ရဘူးနော်။ Aou မှာ သူအရမ်းချစ်ရတဲ့ အဖေတစ်ယောက်ပဲ ရှိတယ်။ သူ့အတွက် အားကိုးစရာ၊ တိုင်ပင်စရာဆိုတာလည်း သူ့အဖေပဲ ဖြစ်ခဲ့တာလေ။ မနေ့က သူ့ Story မှာ တင်ထားတာကို ကြည့်ပြီး ကျမတို့တောင် စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အမြဲပျော်နေတတ်တဲ့သူတွေမှာလည်း စိတ်အားငယ်ရတဲ့ အချိန်တွေ ရှိတတ်တယ်ဆိုတာ ရှင်တို့လည်း သိကြမှာပါ။ နောက်တစ်ခုက Aou ဟာ Boom ကို အရင်ကတည်းက မချစ်ခဲ့သလို ဟန်ဆောင်ကောင်းလိုက်တာဆိုပြီး ပြောနေကြတာတွေပါပဲ။ တကယ်မချစ်ခဲ့ဘူးဆိုရင် အချိန်တွေ အများကြီးပေးပြီး အတူတူ အလုပ်တွဲလုပ်ခဲ့ပါ့မလား။ အဲဒီလိုဆိုရင်လည်း ပါတနာပြောင်းခဲ့ကြမှာပေါ့။ လူတစ်ယောက်ရဲ့ အချစ်က စစ်မှန်လား၊ မစစ်မှန်လားဆိုတာ သူ့ရဲ့အကြည့်တွေမှာလည်း မြင်နိုင်တယ်လို့ ကျမထင်တယ်။ Aou က Boom ကို ကြည့်ခဲ့တဲ့ အကြည့်တွေ ဘယ်လောက်နူးညံ့ခဲ့လဲဆိုတာ သေချာပြန်ကြည့်ကြပါဦး။ ကျမပြောချင်တာက Aou မှာ အမှားလုံးဝမရှိဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ Boom တစ်ယောက်တည်းပဲ ခံစားနေရတာမဟုတ်သလို Aou မှာလည်း သူ့ခံစားချက်နဲ့သူ ရှိနေမှာပါ။ အကြောင်းရင်းကို သေချာမသိရသေးဘဲ Aou ကိုပဲ အပြစ်ပုံချပြီး လူမုန်းများစေတာမျိုးတော့ မဖြစ်စေချင်ဘူး။ Boom ကို ကိုယ်ချင်းစာပေးသလို Aou ကိုလည်း ကိုယ်ချင်းစာပေးကြပါ။ သူတို့နှစ်ယောက်စလုံးဟာ ခံစားချက်ရှိတဲ့ လူသားတွေပါပဲ။ 💛💜#fypシ

🌼ᴬᵒᵘᵇᵒᵒᵐ fan🪻☘️
🌼ᴬᵒᵘᵇᵒᵒᵐ fan🪻☘️
Open In TikTok:
Region: MM
Tuesday 03 November 2026 07:20:28 GMT
59430
4581
235
261

Music

Download

Comments

meenping565
😭💔19.10.2026💔😭အမုန်းဆုံးပဲ :
သူတို့ကို ကိုယ်ချင်းစားပေးတယ် ငါတိုကိုရောဘယ်သူက ကိုယ်ချင်းစာပေးမှာလဲ😭ပြောကြပ့ဥ၎င်းးလူတေရယ်
2026-11-03 13:41:46
39
khatkhatkhaing474
Khatkhatkhaing :
မမုန်းဘူးချစ်တယ်ဒါပေမဲ့ဇာတ်ကားတွေတော့မကြည့်န်ိုင်သေးဘူး
2026-11-03 15:31:12
15
maywathanaung
May :
သွားပြီအမ အရာအားလုံးပြီးသွားပြီ ဘာမှထပ်မျှော်လင့်လို့မရတော့အောင်ကို ပြီးဆုံးသွားပြီ Aouthird တဲ့လေ 💔
2026-11-03 14:25:37
30
mayeaindrakyaw04
𝓜𝓪𝔂 🦥 :
We areထဲမှာကိုယ်သဘောကျခဲ့ရတဲ့ Theelark ဆိုတဲ့အသံလေးလဲမကြားရတော့သလိုဖီကီယူဆိုတာလေးလဲမကြားရတော့နဲနဲတော့ရင်နာတယ်We areက အကြိုက်ဆုံးဇာတ်ကားလေးခနခနပြန်ကြည့်မိတဲ့ကားလေးပေါ့အခုတော့PPWကလွဲရင်ကျန်တဲ့shipလေးတွေမပါတော့ဘယ်လိုစိတ်နဲ့များပြန်ကြည့်ရပါ့မလဲ...
2026-11-03 15:45:54
8
mei_020424
✨Nan🍀 :
အဓိက က ဇာတ်ကားကို ဇာတ်ကားလိုပဲကြည့်ကြပါ ဒီလူနှစ်ယောက်ကို ကိုယ်ရဲ့ရင်ထဲမှာချစ်နေရရင်ရပါပြီ။ နောက်ပြီး သူတို့က ရုပ်ရှင်မင်းသားတွေပါ ရုပ်ရှင်လောကရဲ့ သဘာဝအရ ပါတနာကအပြောင်းအလဲအမြဲတမ်းရှိပါတယ်။ Normal ကားတွေပဲကြည့်လေ ကိုယ်တွေငယ်ငယ်ကတည်းက ကြိုက်လာတဲ့မင်းသမီးမင်းသားတွေလည်း ပါတနာပြောင်းကြပုံမှန်ပါပဲ BL လောကဟာလည်း ရုပ်ရှင်ပါပဲကွယ် ပြီးတော့ သူတို့တွေက အပြင်မှာတကယ် အတွဲတွေပါလို့လည်း မပြောထားဘူးလေ Ship ပြတ်သွားတာကလည်း နှစ်ဦးနှစ်ဖက်သဘောတူညီချက်ကြောင့်ပဲလေ။ Ship ပြတ်သွားလို့ ဝမ်းနည်းနေကြတာလည်းနားလည်ပါတယ် ရုတ်တရက် ပါတနာပြောင်းလိုက်လို့ စိတ်ထိခိုက်ပြီးဒေါသထွက်နေကြတာလည်းနားလည်ပါတယ် ဒါပေမယ့် သူတို့တွေလည်း သူတို့တာဝန်အရလုပ်တာပဲလေ ကိုယ့်အတ္တကြောင့်နဲ့ပဲ တဖက်လူကို ပြောဆိုတာကြတော့လွန်တယ်လို့ထင်တယ်။ သေချာပြန်စဉ်းစားကြည့်ပါ သူတို့က ရုပ်ရှင်မင်းသားတွေပါ ပြီးတော့ သူတို့ကသာမာန်လူတွေပါ သူတို့ဘဝကို သူတို့ကြိုက်သလိုလုပ်လို့ရပါတယ်နော် ကိုယ်က သူတို့ရဲ့ Fan တွေပဲဖြစ်တဲ့အတွက် သူတို့ဘဝကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပါဘူးနော်။
2026-11-04 04:40:41
1
shwezinlin149
Z :
မှန်လိုက်တာ ရှင်ရယ် ခုက Aou ကိုပဲ တစ်ဖက်ပိတ် ပြောနေကြတာ ကိုယ်တေတောင် ဒီလောက် ခံစားရတာ သူတို့တေ ဘယ်လို နေမလဲ ဆိုတာ တွေးကြည့်ကြပေါ့ ( Follow ဖြုတ်တာတေ ဘာတေ က အကုန်လုံးက Gmmtv ရဲ့ လက်အောက်မှာပဲ နေနေကြတာလေကွယ် တစ်ဖက်မှာ သူတို့တေ ဘာတေဖြစ်ပြီး ဖိအားဘယ်လို ပေးမလဲကို ကိုယ်တေမှ မသိတာ လေကွယ် 💔)
2026-11-03 08:21:23
14
thethmuesan271
🌞☄*Țĥăë Óõ*☄🌙 :
အကြောင်းရင်းရှိမှာသိပေမယ့်... လက်မခံနိုင်တာတော့ ငါတို့စိတ်ပဲလေ...
2026-11-04 04:14:44
0
junsui21
ပီ🐻🐼 :
Aouကို မမုန်းဘူး နောက်တယောက်နဲ့ တွဲမြင်မပေးနိုင်တဲ့ ငါ့ကိုငါ မုန်းတယ် Aouthirdတဲ့ကွာ😭ဘလိုစိတ်နဲ့ကြည့်ရမလဲ လံုးဝမကြည့်နိုင်ဘူး😭
2026-11-03 15:23:53
5
thet.mon.myint997
Thet Mon Myint💗 :
ဘယ်သူ့ကိုမ မမုန်းပါဘူးကိုယ့်ကိုကိုယ်ပဲမုန်းမိတယ်
2026-11-03 15:51:13
1
user1420393594428
Rose :
ဘယ်သူ့ပိုမှမမုန်းသလိုဘာကိုမှလည်းမမျှော်လင့်တော့ပါဘူး
2026-11-03 16:54:09
0
blfangirl173
🌼daily🪻(Aouboom comeback)💔 :
aouကိုလေခနတော့စိတ်ဆိုးမိပေမဲ့မမုန်းနိုင်ဘူးboomလေးကိုလဲသနားတယ်နှစ်ယောက်လုံးကိုချစ်ခဲ့တာမို့ဘယ်လိုမုန်းနိုင်မလဲနော်aouthirdဖြစ်လာတော့လဲthirdကိုလဲမုန်းမနေဘူးဒီအခြေနေကြီးကိုလက်မခံနိုင်တဲ့ကိုယ့်ကိုယ်ကိုဘဲမုန်းတာ
2026-11-03 16:51:29
0
khoonh88
ปุณณวิช🧸♡ :
ဇာတ်ကားကိုဇာတ်ကားလိုမကြည့်ခဲ့တဲ့ငါ့ကိုယ်ငါပဲမုန်းမိပါတယ်😭💔
2026-11-03 16:55:28
0
cazai31
Thazin Wai :
Aouရော Boomရော့ အပြစ်ကိုမမြင့်တာပါ[မျက်ရည်ဝဲ] နှစ်ယောက်လုံကိုတွဲမမြင့်ရတော့ဘူးလေအရမ်းဝမ်နည်းရတယ်[မျက်ရည်ဝဲ]
2026-11-03 17:15:58
1
lunii27309
.... :
P'aouကို မမုန်းပါဘူး မုန်းဖို့လဲမစဥ်းစားဖူးပါဘူး ဒါပေမဲ့ ဘာကြောင့်များ အခုလောက်ထိပြတ်သားနိုင်ကြတာလဲဆိုတာကို သိချင်မိသား ပြီးတော့ P'aouပါတနာသစ်ရတာ မစောလွန်းဘူးလားဟင် shipပျက်တာဖြင့်မကြာသေးဘူးလေ ဒီကလဲ မနည်းဖြေသိမ့်နေရချိန်မှာပဲ ပါတနာသစ်ကိုထုတ်ပြလာတော့ နှစ်ခါသေရတာပေါ့ ဘယ်ချိန်ကတည်းကများရိုက်ထားကြတာလဲနော်
2026-11-03 17:06:19
0
hninpwint9788
🏜️🌴🪾 :
ဂျယ်လီမှာတစ်ခုမှဖျက်မထားဘူးလေကွယ် သူကဘာလို့ဖျက်ပစ်တာလဲ
2026-11-03 16:25:12
0
pondphuwin.fan0
PondPhuwin fan😘 :
P'Aou ကိုမမုန်းပါဘူး ဒါပေမဲ့ပါတနာအသစ်နဲ့ကိုဘယ်လို ဖြေရမလဲ
2026-11-03 15:26:52
0
ayechanmoe8265
🐼 Chan 🐼 :
ငိုချင်လာပြီဟာ
2026-11-03 15:00:43
0
jookkroo16
Minions 🛸 :
ဘာမှမသိချင်မမြင်ချင်တော့ဘူးကွယ်စိတ်တွေလဲဆင်းရဲလာပြီ ပျော်စရာကရှိကောရှိလာအုံးမှာလားဟင်
2026-11-03 13:11:20
0
thawdarsoe143
☘️Tîgêr Lãdy🍃 :
P'aouကိုမမုန်းပါဘူး သူ့မာလည်းသူ့အကြောင်းနဲ့သူရှိမာပါ ဒါပေမဲ့ဝမ်းနည်းတယ် ရင်ဖတ်တော့အောက်တာပေါ့ရှင့်
2026-11-03 16:21:33
1
maythukyaw143
🍓 May Thu 🌹🌷 :
မမုန်းပါဘူးဆက်မချစ်နိုင်ယုံပါ
2026-11-03 14:00:47
0
aou.boom69
Aou Boom,❤️❤️❤️💗💗🏳️‍🌈 :
ပြတ်တာက16ရက်ပဲရှိသေးတယ် P Aouကပါတနာအသစ်နဲ့ဇာတ်ကားအသစ်တောင်ရသွားပြီတဲ့လားလူတွေရယ်😭😭😭😭
2026-11-03 16:51:50
1
nyain.lay30
Nyain lay🍒 :
🥺🥺🥺🥺🥺🥺🥺🥺🥺🥺
2026-11-03 15:38:43
1
wmeain9407
Wai Min Eain :
thirdကိုမမုန်းပါဘူး ဒါပေမယ့်aouthirdဆိုတာကြီးကိုတော့လက်မခံနိုင်သေးဘူးရယ်😭
2026-11-03 16:11:57
0
myat.395
🪐 𝐉𝐞𝐞𝐳 🪐 :
အခုရောဘယ်သူ့ကိုမုန်းရမလဲ အမုန်းဆုံးကတော့ကိုယ့်ကိုကိုယ်ပဲ😭😭
2026-11-03 16:53:15
0
myo03627
Myo :
ငါသာကိုမမုန်ပါဘူဘယ်တော့နေနေငါသာကိုမမုန်ဘူး
2026-11-03 11:55:36
0
To see more videos from user @.fan46000, please go to the Tikwm homepage.

Other Videos


About