@ezthaiwaytravel: ထိုင်းနိုင်ငံကို အလည်အပတ်သွားမယ့်သူတွေအနေနဲ့ လေယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင်တွေ ပြင်ဆင်ထားသလို TDAC (Thailand Digital Arrival Card) ကိုလည်း မမေ့ဖို့ လိုပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ် သွားမယ့်သူတွေအတွက် သိထားသင့်တဲ့အချက်တွေကို EZ Thai Way က မျှဝေပေးလိုက်ပါတယ်။ ❓ TDAC ဆိုတာဘာလဲ? TDAC (Thailand Digital Arrival Card) ဆိုတာ ထိုင်းနိုင်ငံကို ဝင်ရောက်မယ့် နိုင်ငံခြားသားခရီးသည်တွေ ကြိုတင်ဖြည့်သွင်းရတဲ့ Digital Arrival Card ဖြစ်ပါတယ်။ လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းကနေ ဝင်ရောက်သူတွေအတွက် လိုအပ်ပါတယ်။ Immigration မဖြတ်ဘဲ Transit လုပ်သူတွေကတော့ TDAC ဖြည့်ဖို့ မလိုပါဘူး။ 🕒 TDAC ကို ဘယ်အချိန်မှာ ဖြည့်ရမလဲ? ထိုင်းနိုင်ငံကို ရောက်ရှိမယ့်နေ့အပါအဝင် မရောက်ခင် ၃ ရက်အတွင်း ဖြည့်သွင်းနိုင်ပါတယ်။ 🌐 Official Website: https://tdac.immigration.go.th ✅ TDAC ကို Official Website မှာ အခမဲ့ ဖြည့်သွင်းနိုင်ပါတယ်။ အကြံပြုချင်တာကတော့ လေဆိပ်ရောက်မှ ဖြည့်တာထက် ခရီးမထွက်ခင် အချက်အလက်တွေကို သေချာစစ်ဆေးပြီး ကြိုဖြည့်ထားတာ ပိုအဆင်ပြေပါတယ်။ 📝 TDAC ဖြည့်ဖို့ ဘာတွေလိုအပ်လဲ? ✅ Passport အချက်အလက် (အမည်၊ နံပါတ်) ✅ ထိုင်းနိုင်ငံကို ရောက်ရှိမယ့်နေ့ ✅ Flight Number / ခရီးသွားအချက်အလက် ✅ ခရီးသွားရတဲ့ ရည်ရွယ်ချက် ✅ ထိုင်းနိုင်ငံမှာ တည်းခိုမယ့် လိပ်စာ ✅ Health Declaration အချက်အလက် ✅ Email Address ⚠️ အရေးကြီးဆုံးက Passport ထဲက အချက်အလက်တွေနဲ့ TDAC မှာ ဖြည့်ထားတဲ့အချက်အလက်တွေ ကိုက်ညီဖို့ပါပဲ။ အထူးသဖြင့် Passport Name, Passport Number နဲ့ Arrival Date ကို သေချာပြန်စစ်ဆေးပါ။ ✈️ ထိုင်းနိုင်ငံကို စိတ်အေးလက်အေး ခရီးသွားချင်ပါသလား? EZ Thai Way မှာ ထိုင်းနိုင်ငံကို ခရီးသွားမယ့်သူတွေအတွက် ✈️ Return Flight Ticket အကူအညီ 🏨 Hotel Booking အကူအညီ 📝 TDAC ဖြည့်သွင်းမှု အကူအညီ တို့ကို ဝန်ဆောင်မှုပေးနေပါတယ်။ 💬 TDAC ဖြည့်ဖို့ အကူအညီလိုအပ်နေတယ်ဆိုရင် EZ Thai Way ကို Message ပို့ပြီး မေးမြန်းနိုင်ပါတယ်။ 🇹🇭 ထိုင်းနိုင်ငံခရီးစဉ်အတွက် သိထားသင့်တဲ့ Travel Tips တွေကို ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ Page ကို Follow လုပ်ထားဖို့ မမေ့ပါနဲ့။ EZ Thai Way - Your Easy Way to Thailand. #EZThaiWay #ThailandTravel #TDAC #ThailandImmigration #ThailandArrivalCard
EzThaiWay
Region: MM
Tuesday 03 November 2026 09:38:50 GMT
Music
Download
Comments
B :
5ရက်နေ့ လက်မှတ် ဖြတ်ထားတာ ဆိုတော့ 3ရက်နေ့က စဖြည့်ထားရမှာပေါ့နော် အဲ့လိုလားရှင့်
2026-11-14 10:22:37
1
To see more videos from user @ezthaiwaytravel, please go to the Tikwm
homepage.