@ahtwe92y: လူကြားထဲမှာ မင်းကို ဂရုစိုက်ဖို့ မရှက်တဲ့ အမျိုးသားမျိုးကိုပဲ ရှာပါ။ မက်ဆေ့ချ်ထဲမှာပဲ အချိုသတ်ပြီး လူရှေ့သူရှေ့ရောက်ရင်တော့ အေးစက်သွားတတ်တဲ့ အမျိုးသားမျိုးကို မရွေးပါနဲ့။ မင်းအပေါ်ထားတဲ့ သံယောဇဉ်ကို အရှက်ရစရာ တစ်ခုလိုမျိုး တိုးတိုးတိတ်တိတ်ပဲ ဖော်ပြတတ်တဲ့သူမျိုးကိုလည်း မတွယ်တာပါနဲ့။ လူတွေ ဝိုင်းနေတဲ့အချိန်မှာတောင် မင်းအပေါ်ထားတဲ့ အချစ်က ပြောင်းလဲမသွားတဲ့သူမျိုးကိုပဲ ရှာပါ။ မင်းရဲ့လက်ကို သဘာဝကျကျ ဆုပ်ကိုင်ပေးမယ့်သူ၊ လူစည်ကားတဲ့နေရာမှာ မင်းကို သူ့အနားမှာပဲ ရှိနေအောင် ဂရုစိုက်ပေးမယ့်သူမျိုးကို ရှာပါ။ တံခါးဖွင့်ပေးတာ၊ ထိုင်ခုံဆွဲပေးတာနဲ့ မင်းအဆင်ပြေရဲ့လားဆိုတာကို အမြဲကြည့်ပေးနေတာမျိုးဟာ လူအထင်ကြီးအောင် လုပ်ပြတာမျိုးမဟုတ်ဘဲ သူ့ရဲ့စိတ်ရင်းထဲက ပါလာတဲ့ အပြုအမူမျိုး ဖြစ်ရပါမယ်။ တခြားသူတွေရှေ့မှာ သူ မင်းကို ဘယ်လို စကားပြောသလဲဆိုတာ သေချာကြည့်ပါ။ သူက မင်းကို မြှင့်တင်ပေးတဲ့သူ၊ မင်းမရှိတဲ့နေရာမှာတောင် မင်းရဲ့ဂုဏ်သိက္ခာနဲ့ မင်းရဲ့နှလုံးသားကို ကာကွယ်ပေးမယ့်သူမျိုး ဖြစ်ပါစေ။ မင်းရဲ့ခံစားချက်ကို ကာကွယ်ဖို့အတွက်ဆိုရင် တခြားသူတွေရဲ့ စိတ်ကူးယဉ်မှုတွေကိုတောင် ရိုက်ချိုးပစ်ဝံ့တဲ့သူမျိုး ဖြစ်ပါစေ။ သန်မာတဲ့ အမျိုးသားတစ်ယောက်ဟာ နူးညံ့ဖို့အတွက် မကြောက်ပါဘူး။ နူးညံ့ပျော့ပျောင်းပြလိုက်လို့ သူ့ရဲ့ သိက္ခာကျသွားမှာကိုလည်း သူ စိုးရိမ်မနေဘူး။ ဘာလို့လဲဆိုတော့ တကယ့်ခွန်အားနဲ့ နူးညံ့မှုဟာ ခန္ဓာကိုယ်တစ်ခုတည်းမှာ အတူတူတည်ရှိနိုင်တယ်ဆိုတာ သူသိလို့ပါပဲ။ မင်းဟာ မင်းရဲ့ဘေးနားမှာ ရပ်တည်ရတာကို ဂုဏ်ယူနေမယ့်သူနဲ့ပဲ ထိုက်တန်ပါတယ်။ ဘေးမှာ ဘယ်သူရှိနေသလဲဆိုတဲ့အပေါ် မူတည်ပြီး အပြုအမူတွေ ပြောင်းလဲမသွားတဲ့သူမျိုးပေါ့။ ဘုရားကျောင်းမှာဖြစ်ဖြစ်၊ ထမင်းစားပွဲမှာဖြစ်ဖြစ်၊ မိသားစုပွဲတွေမှာဖြစ်ဖြစ်၊ နောက်ဆုံး... အလုပ်အားတဲ့ အင်္ဂါနေ့တစ်နေ့မှာ ဈေးဝယ်ထွက်နေတာပဲဖြစ်ဖြစ်၊ မင်းအပေါ်ထားတဲ့ ဂရုစိုက်မှုက အမြဲတမ်း တစိုက်မတ်မတ် ရှိနေရပါမယ်။ အချစ်ဆိုတာ ဖိအားတွေအောက်မှာ သိမ်ငယ်သွားရမယ့်အရာ မဟုတ်ပါဘူး။ 👉🏼အကယ်၍ သူက လူကြားထဲမှာ မင်းအတွက်မားမားမတ်မတ် ရပ်တည်ပေးဖို့ ရှက်နေတယ်ဆိုရင်၊ သူဟာ မင်းကို တိတ်တဆိတ် ပိုင်ဆိုင်ထားဖို့အတွက်လည်း ယောကျာ်းမပီသသေးလို့ပါပဲ။ -Ruth Man Pi-💜crd #trend #foryou #view #creatorsearchinsights #ထူးအိမ်သင်

𝑨𝒉𝒕𝒘𝒆'𝒔
𝑨𝒉𝒕𝒘𝒆'𝒔
Open In TikTok:
Region: SG
Tuesday 03 November 2026 10:26:39 GMT
99362
8457
56
1563

Music

Download

Comments

nyonyosan226
NyoNyo :
စာသားလေးချပေးပါလားရှင့်😘
2026-11-04 08:25:13
1
ayemyat50371
🇲🇲🇹🇭D.ZZ So🌹👩(1.6M) :
စာသားကတော့အမှန်ပါ ထပ့်ပြီးတော့လဲမရှာချင်တော့ဘူး ဘဝမှာ နာကျင်တဲ့ဒဏ်ရာတွေကအပြည့်မို့ ဒီဘဝတော့ထားလိုက်တော့ နောက်ဘဝမှာလူပြန်ဖြစ်ရင် ကံကောင်းသောမိန်းကလေးဖြစ်ပါစေ ☺️🍀🙏
2026-11-04 00:59:25
3
win.win.aye9641
Win Win Aye :
ပိုင်ဆိုင်ထားတယ် 🥰
2026-11-04 04:22:14
3
kaungmyatthar099
🏆𝓚𝓪𝓾𝓷𝓰𝓜𝔂𝓪𝓽𝓣𝓱𝓪𝓻🏆 :
လူကြားထဲ ဂရုစိုက်ရင် မကြိုက်တဲ့သူတွေက သက်သက်ကိုရှိတာ😌🥺
2026-11-04 08:07:03
3
ei.zin.moe08
Ei Zin Moe :
စာသာလေးပေးပါလာ
2026-11-04 00:02:58
1
theint.thirisan662
🎀𝙏𝙝𝙚𝙞𝙣𝙩🎀♋ :
ပြန်ယူတင်ချင်လို့ပါရှင့်🥰
2026-11-03 19:12:50
1
tuntunmaw078
tuntunmaw :
ဟုတ်ပါလန်းစမ်းလတ်ဆတ်တဲ့ခံစားချက်နဲ့အိုဟောင်းနေတဲ့ခံစားမူ့ကိုမယှဥ်ပြိုင်ပါဘူး
2026-11-03 23:48:47
1
wine2028
ToneWineChit💎 Fashion&Designe :
ပိုင်ဆိုင်ထားပါတယ်🥰🥰🥰
2026-11-04 05:01:04
1
myintt.moo
🌺 M.o.e.🌧️...🧵🧶🧶🧶 :
အသက်ရွယ်တစ်ခုရောက်လာတော့ အရာရာနားလည်လာတယ် ကိုယ်အနားမှာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ စိတ်လုံခြုံမှုပေးနိုင်တဲ့သူအနားမှာပဲ ထာဝရ တွဲလက်လေးမြဲစေချင်တာ🥰🥰🥰
2026-11-04 03:40:17
1
myoy219
Daw lay mon💙💔💚 :
crdမယ်နော်
2026-11-03 21:22:50
1
chit.moe7387
妈妈,我想你。🥺🥺 :
ပြန်တင်ပါရစေရှင်
2026-11-04 04:00:26
1
khain.thinn.oo
#Khain Thinn Oo :
အမြဲတမ်းဂရုစိုက်ပေးနိူင်တဲ့သူမျိုးနဲ့သာတွေ့ပါရစေ ကိုယ့်ကိုအမြဲကာကွယ်ပေမယ့်သူတစ်ယောက်တော့လိုချင်မိတယ်🥰
2026-11-05 03:31:06
1
ldc72731
လေဒီချစ်(nini)♥️🍃🐷🫶 :
မသိသေးဘူး🥹
2026-11-04 05:29:14
1
wadi3392
🌻 :
😁😁လက်လေးလိုက်တွဲတာတောင် ခါချထားခဲ့တယ်😂
2026-11-04 16:38:34
1
htet.angel41
💃🍃Htet Angel❄⛅🍀 :
ပြန်ယူတင်ပါရစေရှင့်🥰🥰🥰
2026-11-04 02:19:02
1
anna854004
🎌🇯🇵🐰🌻Anna🐰🌻🎌🇯🇵 :
ပိုင်ဆိုင်ချင်နေပြီ 😞😞
2026-11-04 02:28:09
1
editcom84
Aalia Rose :
[Big heart hug][Big heart hug][Big heart hug]အမှန်ပေါ့ရှင်
2026-11-04 05:36:22
1
sabal2510
Sabal♏ :
လူ ေရှ့ ရောက်သွားရင်တစ်ယောက်နဲ့တစ်ယောက်မသိသလိုပဲ
2026-11-05 16:34:53
0
mipoe919
မိပိုး''🐷🌠2002 :
ပြန်တင်မယ်နော်
2026-11-04 10:48:56
0
kung.ma.lay707
s⭐⭐⭐⭐⭐💫 :
အဲ့လိုမျိုးလား
2026-11-04 15:52:45
1
user238208913
Rose si :
ကျေးဇူးပါ သူသတိွနည်းနေတာပါ
2026-11-06 15:14:51
0
zaw.naing0699
zaw naing :
[Red heart]
2026-11-05 07:19:18
0
hnin.pwint.wai697
@your-princess :
ပြန်တင်ပါရစေနော် 🥰
2026-11-04 20:38:25
0
min.thu.hein142
XENO // PRESET🎟️ :
အနေးဝေးနေသောအခါ😔
2026-11-05 04:24:29
0
sawthu846
saw thu :
သူအတွက်ပီသစေရမယ်
2026-11-04 07:04:02
1
To see more videos from user @ahtwe92y, please go to the Tikwm homepage.

Other Videos


About