@ko.swe.gyi6: 🌿 🌺ဇရာကို ကိုယ်တိုင်တွေ့မိတဲ့နေ့🌺 🌿 “ဇရာ” ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုရရင် အိုမင်းရင့်ရော်လာခြင်း၊ ငယ်ရွယ်မှုတွေ တဖြည်းဖြည်းလျော့ပါးလာခြင်း ဆိုတဲ့ သဘောပါ။ လူတိုင်းဟာ မွေးလာကတည်းက ငယ်ရွယ်ခြင်းကနေ အိုမင်းခြင်းဆီကို မသိမသာနဲ့ လျှောက်လှမ်းနေကြရပါတယ်။ ဒါပေမယ့် နေ့စဉ်အလုပ်တွေ၊ စီးပွားရေးတွေ၊ မိသားစုအရေးတွေ၊ ကိုယ့်ဘဝတိုးတက်ဖို့ ကြိုးစားရတာတွေနဲ့ပဲ အချိန်ကုန်နေကြတော့ ကိုယ့်ရဲ့ ငယ်ရွယ်မှုတွေ ဘယ်အချိန်မှာ လျော့ပါးသွားတယ်ဆိုတာတောင် သတိမထားမိကြပါဘူး။ ကျွန်တော်လည်း အဲဒီလိုပါပဲ။ ဒီနေ့တော့ မထင်မှတ်ဘဲ “ဇရာ” ဆိုတာကို ကိုယ်တိုင်သွားတွေ့မိလိုက်တယ်။ အသက် ၄၀ ကျော်တဲ့အထိ မျက်မှန်မတပ်ခဲ့ရသေးဘူး။ မျက်စိရော နားရော ကောင်းတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေခဲ့တာပါ။ ဒါပေမယ့် ဒီနေ့ ရုံးမှာ ဆေးဗူးတစ်ဗူးရဲ့ Expire Date / Batch No. လေးကို ကောက်ကြည့်လိုက်တော့— စာလုံးလေးတွေက ပူးနေတာလား၊ ကိုယ့်မျက်လုံးကပဲ မရှင်းတော့တာလား မသိဘူး… အရင်လို ရှင်းရှင်းလင်းလင်း ဖတ်မရတော့ဘူး။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်တောင် ရယ်မိတယ်။ “အော်… ဘာလိုလိုနဲ့ ငါ့ရဲ့ ဇရာကို ငါကိုယ်တိုင် မြင်တွေ့နေရပါလား” လို့ပေါ့။ အရင်ကတော့ “အသက်ကြီးလာပြီ” ဆိုတာကို စကားနဲ့ပဲ သိခဲ့တာ။ ဒီနေ့တော့ ကိုယ့်မျက်လုံးကနေတစ်ဆင့် ကိုယ့်ဇရာကို ကိုယ်တိုင် သတိထားမိလိုက်ရတယ်။ တစ်နေ့ပြီးတစ်နေ့ အလုပ်သွား၊ အလုပ်ပြန်၊ ဘဝတိုးတက်ဖို့ ကြိုးစား၊ အနာဂတ်အတွက် ရှာဖွေစုဆောင်း၊ လိုချင်တာတွေနောက် လိုက်ရင်းနဲ့— ငယ်ရွယ်မှုတွေ တဖြည်းဖြည်း ပျောက်ဆုံးလာနေတာကို ကိုယ်တိုင်တောင် မသိခဲ့ပါဘူး။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ “ဘဝဆိုတာ ဒီလိုနဲ့ပဲ ကုန်ဆုံးသွားမှာလား…” မရဏကို မသွားချင်ပေမယ့် ဇရာကနေတစ်ဆင့် မရဏတံခါးဝကိုတော့ လူတိုင်း တစ်နေ့နေ့မှာ ရောက်ကြရမှာပါ။ ဒါကြောင့် ဘာလုပ်လုပ် အသိသတိမခွာဘဲ နေထိုင်ဖို့လိုတယ် လို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးမိတယ်။ ကျွန်တော်နေထိုင်ခဲ့တဲ့ ဘဝတစ်လျှောက်မှာ သူတစ်ပါးကို နာကျင်အောင် မလုပ်ခဲ့သလို သူတစ်ပါးရဲ့ ထမင်းအိုးကို လည်းမခွဲခဲ့ပါ၊ ကိုယ့်ကြောင့် သူတစ်ပါး မျက်ရည်မကျစေဖို့ တတ်နိုင်သလောက် သတိထားနေခဲ့ပါတယ်။ ဒါတွေကို ပြောတာက ကိုယ့်ဂုဏ်ကိုယ်ဖော်တာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝကို ကိုယ်ပြန်သုံးသပ်ကြည့်တဲ့အခါ သူတစ်ပါးကို မထိခိုက်အောင် နေထိုင်ခဲ့ခြင်း၊ ကောင်းမှုကုသိုလ်ပြုခြင်း၊ သီလကို ထိန်းသိမ်းခြင်းတို့ဟာ ကိုယ့်စိတ်အတွက်တော့ တန်ဖိုးရှိတဲ့ အမွေအနှစ်တွေ ဖြစ်နေမှာပါ။ ဘဝမှာ ပစ္စည်းဥစ္စာတွေကို စုဆောင်းသလို ကောင်းမှုကုသိုလ်တွေကိုလည်း စုဆောင်းထားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုင်ဆိုင်ထားသမျှ ပစ္စည်းတွေဟာ တစ်နေ့မှာ ကိုယ့်နောက် မလိုက်နိုင်ကြပေမယ့် ကိုယ်ပြုခဲ့တဲ့ ကံတရားနဲ့ ကိုယ်ပျိုးခဲ့တဲ့ စိတ်အလေ့အကျင့်တွေကတော့ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ အရာတွေ ဖြစ်လာနိုင်လို့ပါ။ ဒါကြောင့် “အချိန်တွေ နောက်ကျသွားပြီ” လို့ မတွေးချင်တော့ပါဘူး။ ဇရာကို သတိထားမိတဲ့ ဒီနေ့ကစပြီး ကျန်ရှိနေသေးတဲ့ အချိန်လေးတွေကို ပိုတန်ဖိုးထားချင်ပါတယ်။ ဒါနကို မမေ့၊ သီလကို မဖောက်ဖျက်၊ ဘာဝနာကိုလည်း မြေစမ်းခရမ်းပျိုးသလို တဖြည်းဖြည်း လေ့ကျင့်သွားချင်ပါတယ်။ တစ်နေ့နေ့မှာ ဆံပင်ဖြူလာမယ်၊ မျက်စိမှုန်လာမယ်၊ နားကြားအားနည်းလာမယ်၊ ခန္ဓာကိုယ်အင်အားတွေ လျော့လာမယ်။ အဲဒီအချိန်ရောက်လာတဲ့အခါ “မဖြစ်ချင်ဘူး” လို့ တားဆီးနေလို့လည်း မရတော့ပါဘူး။ ဇရာဆိုတာ လူတိုင်းရှောင်လွှဲလို့မရတဲ့ ဘဝရဲ့ သဘာဝတရားတစ်ခုပါ။ ဒါကြောင့် ဇရာကို ကြောက်နေမယ့်အစား ဇရာမရောက်ခင် ဘဝကို ဘယ်လိုကောင်းမွန်စွာ နေထိုင်မလဲ ဆိုတာကိုပဲ စဉ်းစားချင်ပါတယ်။ ငယ်ရွယ်စဉ်မှာ လောဘနောက် များများမလိုက်ဘဲ၊ အင်အားရှိစဉ်မှာ ကောင်းမှုများများလုပ်ပြီး၊ အချိန်ရှိစဉ်မှာ မိဘ၊ မိသားစုနဲ့ သူတစ်ပါးအပေါ် မေတ္တာထားပြီး၊ အသိတရားရှိစဉ်မှာ ကိုယ့်စိတ်ကို ကိုယ်ပြန်လည်ပြုပြင်ကြရအောင်ပါ။ ဇရာဟာ ကျွန်တော်တို့ဆီကို တဖြည်းဖြည်း လာနေတာမဟုတ်ပါဘူး။ မွေးလာတဲ့နေ့ကတည်းက ကျွန်တော်တို့က ဇရာဆီကို တဖြည်းဖြည်း လျှောက်လာနေကြတာပါ။ ဒီနေ့ ဆေးဗူးပေါ်က စာလေးတွေကို မရှင်းမလင်းဖတ်မိတဲ့ အဖြစ်အပျက်လေးက ကျွန်တော့်အတွက်တော့ သေးငယ်တဲ့အဖြစ်အပျက်တစ်ခု မဟုတ်တော့ပါဘူး။ “အချိန်မရှိတော့ဘူး” လို့ မဟုတ်ဘဲ “ရှိနေသေးတဲ့အချိန်ကို တန်ဖိုးရှိရှိ အသုံးချဖို့လိုပြီ” ဆိုတဲ့ သတိပေးချက်လေးတစ်ခုပါ။ ဒါကြောင့် တစ်နေ့နေ့ ရောက်လာမယ့် ဇရာ ကိုလည်း မကြောက်ဘဲ၊ နောက်ဆုံးရောက်လာမယ့် မရဏ ကိုလည်း မေ့မထားဘဲ— ကျန်ရှိနေသေးတဲ့ ဘဝအချိန်လေးတွေမှာ ဒါန၊ သီလ၊ ဘာဝနာတို့နဲ့ တတ်နိုင်သလောက် ကောင်းမွန်စွာ နေထိုင်ပြီး တစ်နေ့နေ့မှာ ဇရာနဲ့ မရဏကို ပြုံးပြုံးလေး နှုတ်ဆက်နိုင်တဲ့သူတစ်ယောက် ဖြစ်ချင်ပါသေးတယ်။ 🌿 ဘဝဆိုတာ ရှည်တယ်လို့ ထင်ရပေမယ့် ပြန်လှည့်ကြည့်လိုက်ရင် အချိန်တွေက တကယ်မြန်ပါတယ်။ ရှိနေသေးတဲ့အချိန်မှာ ကောင်းကောင်းနေကြရအောင်ပါ။ 🌿 ✍️ Tin Wyn Hlaing ✍️ #crd_to_owner_with_respect #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည် #

Ko Swe Gyi
Ko Swe Gyi
Open In TikTok:
Region: MM
Tuesday 03 November 2026 10:34:34 GMT
2657
271
61
36

Music

Download

Comments

daw.bow1
daw bow :
အမှန်ပါဘဲ👍🥰❤️လွန်ဆန်လို့မရတဲ့အရာပါ👍🥰❤️👍🥰❤️ကျေးဇူးပါ👍🥰❤️🥰❤️
2026-11-03 11:52:03
1
hla.hla.yi.htun
Hla Hla Yi Htun :
🥰တွေးမိရင်လွမ်းတယ်
2026-11-05 09:35:42
1
kttn.kttn6
Kttn Kttn :
ရှယ်ခွင့်ပြုပါဗျာ
2026-11-06 05:57:19
1
thidarswe331
ငြိမ်းချမ်းစေ :
မဂ်လာပါ
2026-11-04 00:23:40
2
u.tun.maung420
U Tun Maung :
ဘယ်လောက်မှမကျန်တော့တဲ့ကျ နော်တို့ရဲ့ဘဝလေးမှာအတတ်နိူင်ဆုံးကောင်းကောင်းမွန်မွန်နဲ့ဖြတ်သန်းသွားကြပါစို့လား.......🥰🥰🥰🥰🥰🥰
2026-11-05 09:27:42
1
noracho85
T Chel :
အကောင်းဆုံးပါ
2026-11-04 00:57:22
1
cherry.cherry8502
Cherry Cherry :
💞💞မဂ်လာနံနက်ခင်းပါ💞💞💞ကြိုက်သီချင်း❤️❤️❤️❤️
2026-11-04 04:22:31
1
.ma.ohm.mar
Ma Ohm Mar :
Ok Good
2026-11-04 03:27:56
1
mawinwdn52d
Ma Win💕💕💕 :
🥰🥰🥰🥰🥰🥰အကိုရေမဂ်လာညချမ်မရုင်
2026-11-03 15:41:50
1
nang.myint.nwe1
Nang Myint Nwe :
အသိတရားရှိစဉ်မှာကိုယ့်စိတ်ကိုကိုယ်ပြန်လည်ပြုပြင်နိုင်အောင်ကြိုးစားရမယ်ဆိုတဲ့အသိတရားလေးရလိုက်လို့ကျေးဇူးပါရှင်
2026-11-03 12:11:41
1
sann.sann.htet
Sann Sann Htet :
မဂ်လာပါညချမ်းလေးပါညီလေးရေ🥰🥰🥰
2026-11-03 12:13:40
1
user65694710997
ဖေနေမင်း :
လေးစားပါတယ်ခင်ဗျာ၊
2026-11-03 13:21:04
1
daw.swe.swe50
Daw Swe Swe :
🥰🥰🥰
2026-11-05 07:06:36
1
user2959618803818
ချမ်းမြေ့ပါစေ :
2026-11-06 11:43:51
1
daw.bow1
daw bow :
အမှန်ပါ..လွန်ဆန်လို့မရတဲ့အရာပါ👍👍👍
2026-11-03 11:50:29
1
come.to.the.world8
-Come to the world of gold a :
2026-11-04 05:34:28
1
nyunt.win235
Nyunt Win :
🥰🥰🥰🥰 စာသားလေး copyတင်မယ်ဗျာ please🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-11-05 01:52:07
1
oppob480
အစ္စလာမ်ကောင်မလေး :
2026-11-03 11:58:18
1
war.war6344
Mg @ ma ma 🦋🦋 :
❤❤❤❤
2026-11-05 15:08:55
1
grandma.san3
grandma san😁 :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-11-04 08:33:45
1
chitchitwin587
Ma Chit Chit :
🥰🥰🥰🥰🥰🥰🥰👍👍👍
2026-11-03 13:02:17
1
u.zaw5687
U Zaw :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-11-03 10:55:09
1
ahnagga
Ahnagga :
💞💞💞
2026-11-03 11:16:55
1
kyaw.phyo0060
kyaw"Phyo"🏐🎗️ :
🥰🥰🥰
2026-11-03 10:38:22
1
okokokomokokokoko6
okokokomokokokokokokokokojokok :
🥰🥰🥰
2026-11-07 01:25:37
1
To see more videos from user @ko.swe.gyi6, please go to the Tikwm homepage.

Other Videos


About