@khaing.mon88: ဘဝကို တစ်ယောက်တည်း ရုန်းကန်နေရတဲ့ မိန်းမသားတစ်ယောက်ရဲ့ နောက်ကွယ်မှာ ဘယ်လောက်များတဲ့ မျက်ရည်တွေ၊ ဘယ်လောက်များတဲ့ ပင်ပန်းမှုတွေ ရှိနေမလဲဆိုတာ ဘယ်သူမှ အပြည့်အဝ မသိနိုင်ပါဘူး။ တစ်ခါတလေ ပင်ပန်းလွန်းလို့ ငိုချင်ပေမဲ့ ငိုဖို့တောင် အချိန်မရှိဘူး။ စိတ်အားငယ်လာပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးရတယ်။ လဲကျချင်တဲ့အချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် ပြန်ထူရတယ်။ ရင်ဖွင့်စရာ ရင်ခွင်မရှိတဲ့ညတွေမှာလည်း မနက်ဖြန်အတွက် အားတင်းရင်း အိပ်ပျော်အောင် ကြိုးစားရတယ်။ သူမဟာ မငိုတတ်လို့ မဟုတ်ဘူး။ နာကျင်မှုတွေကို မခံစားတတ်လို့လည်း မဟုတ်ဘူး။ သူမရဲ့နောက်မှာ အားကိုးစရာမရှိတဲ့ ဘဝတစ်ခု၊ တာဝန်ယူစရာတွေ၊ မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေရတဲ့ အကြောင်းတရားတွေ ရှိနေလို့ပါ။ တစ်ယောက်တည်း ရုန်းကန်နေရတဲ့ မိန်းမသားတစ်ယောက်ကို အားနည်းတယ်လို့ မထင်လိုက်ပါနဲ့။ သူမဟာ ဘယ်သူ့ကိုမှ မမှီခိုဘဲ ရှင်သန်နေရတာထက်၊ မှီခိုချင်တဲ့အချိန်မှာတောင် မှီခိုစရာမရှိခဲ့လို့ သန်မာလာခဲ့ရသူပါ။☘️

🎀Khaing Monmon Kyaw🎀
🎀Khaing Monmon Kyaw🎀
Open In TikTok:
Region: US
Tuesday 03 November 2026 13:38:25 GMT
238
7
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @khaing.mon88, please go to the Tikwm homepage.

Other Videos


About