@leao5399o9n: ရိုးမားနဲ့ပွဲမတိုင်ခင် အာမတ်နဲ့ ရှေးလေစီ ဘယ်သူကို ညာတောင်ပံမှာ ပွဲထွက်ခိုင်းမလဲဆိုတာ စဉ်းစားစရာပါ အာမတ်က ချဲလ်ဆီးနဲ့ပွဲမှာ အခွင့်အရေးကောင်းတချို့ရခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လွဲချော်ခဲ့ပါတယ် ဒါပေမယ့် သူက ယူနိုက်တက်ရဲ့ တိုက်စစ်မှာ အန္တရာယ်ဖန်တီးနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အတွေ့အကြုံလည်း ပိုများပါတယ် ချဲလ်ဆီးနဲ့ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုရင်တော့ အပြည့်အဝကြံ့ခိုင်မှုရှိမရှိကိုလည်း ထည့်စဉ်းစားရပါမယ် ရှေးလေစီကတော့ ကစားခွင့်ရတိုင်း ယုံကြည်မှုရှိရှိနဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ကျော်ဖြတ်ဖို့ ကြိုးစားတတ်ပါတယ် စက်တင်ဘာလက ဘရိုက်တန်နဲ့ပွဲမှာလည်း ဂိုးသွင်းပြထားတာကြောင့် အခွင့်အရေးပေးသင့်တဲ့ လူငယ်ကစားသမားပါ ကာရစ်အနေနဲ့ အမတ်ကို အနားပေးဖို့လိုလာရင် ရှီလေးစီက တိုက်စစ်မှာ မတူညီတဲ့အားအင်တစ်ခု ယူလာပေးနိုင်ပါတယ် အမြင်အရတော့ အာမတ် အပြည့်အဝကြံ့ခိုင်နေမယ်ဆိုရင် အတွေ့အကြုံကြောင့် ပွဲထွက်ခွင့်ပေးသင့်ပါတယ် ဒါပေမယ့် ဒဏ်ရာအခြေအနေ မသေချာဘူးဆိုရင် လေစီကို အစကတည်းက အခွင့်အရေးပေးကြည့်တာလည်း မမှားပါဘူး ပရိတ်သတ်တွေရော ရိုးမားနဲ့ပွဲမှာ ဘယ်သူ့ကို ညာတောင်ပံကနေ စတင်ကစားစေချင်လဲ ဖြေသွားပေးခဲ့ကြပါဦး

⚽️RYAN⚽️(10k)
⚽️RYAN⚽️(10k)
Open In TikTok:
Region: MM
Tuesday 03 November 2026 13:39:32 GMT
1117
60
2
0

Music

Download

Comments

user6940231868542
user6940231868542 :
လေစီထွက်သင့်တယ်
2026-11-03 13:45:32
1
ko.yim19
Leo :
🥰🥰🥰
2026-11-03 13:46:02
0
To see more videos from user @leao5399o9n, please go to the Tikwm homepage.

Other Videos


About